အိန္ဒိယနှင့် ထိစပ်လျှက်ရှိသော နယ်စပ်ခရိုင်တွင် တရားမဝင်ဒုက္ခသည်ဘင်္ဂါလီ ၁၄-ဦးကို လူကုန်ကူးသူများနှင့်အတူ ဖမ်းဆီးရမိဟု ဘင်္ဂလားဒေ့ရှ်ပြော။ ဒေသခံဘင်္ဂလားဒေ့ရှ်နိုင်ငံသားများနှင့် ရောနှောနေထိုင်ရန် သို့မဟုတ် ကော့ခ်ဘဇားရှိ ဒုက္ခသည်စခန်းသို့ သွားရောက်ရန်ဖြစ်နိုင်ဟုဆို၊ အထောက်အထားမဲ့များဖြစ်၍ ရိုဟင်ဂျာအဖြစ် ကော့ခ်ဘဇားသို့ ပို့ဆောင်မည်



ယမန်နေ့တွင် ဆဲဟက်ပြည်နယ် ဒါရှင်ဆော်မာမြို့နယ် ဟာဘီဘာရာမန်နယ်ခြားစခန်းအနီးတွင် ဒုက္ခသည်ဘင်္ဂါလီ ( မူရင်း ရိုဟင်ဂျာဟုဖော်ပြ ) ၁၄-ဦးနှင့် လူကုန်ကူးသူဟု ယူဆရသူ ၂-ဦးတို့ကို ဖမ်းဆီးရမိသည်ဟု လျှပ်တစ်ပြက်တိုက်ခိုက်ရေး အထူးရဲတပ်ရင်း ( RAB ) က ပြောဆိုသည်ဟု The Daily Star က ရေးသားသည်။ 


အရွယ်မရောက်သေးသူ ၇-ဦးပါဝင်သော အဆိုပါ ဒုက္ခသည်ဘင်္ဂါလီများသည် လူကုန်ကူးသူများအကူအညီဖြင့် အိန္ဒိယနိုင်ငံမှ ဘင်္ဂလားဒေ့ရှ်သို့ တရားမဝင် ရောက်ရှိလာကြသူများဖြစ်ကြောင်း၊ ၎င်းတို့တွင် အိန္ဒိယနိုင်ငံ ဒုက္ခသည်ဘင်္ဂါလီစခန်းက ထုတ်ပေးသော သက်သေခံကတ်ပြား ၄-ခုကို တွေ့ရှိရကြောင်း၊ ၎င်းတို့သည် ဒေသခံဘင်္ဂလားဒေ့ရှ်နိုင်ငံသားများနှင့် ရောနှောနေထိုင်ရန် သို့မဟုတ် ကော့ခ်ဘဇားရှိ ဒုက္ခသည်ဘင်္ဂါလီများထံ သွားရောက်ရန် နိုင်ငံအတွင်း ဝင်ရောက်လာစဉ် ဖမ်းဆီးခံရခြင်းဖြစ်နိုင်ကြောင်း၊ လူကုန်ကူးသူများကို အရေးယူရန် အမှုဖွင့်ထားပြီး ဒုက္ခသည်ဘင်္ဂါလီများကိုမူ ကော့ခ်ဘဇားစခန်းသို့ ပို့ဆောင်မည်ဖြစ်ကြောင်း၊ အမှတ် ( ၉ ) RAB ရဲတပ်ရင်း ဒုတိယရဲမှူး ကာမာဇူရာမန်က ပြောဆိုသည်။ 

****** 

(( အိန္ဒိယနိုင်ငံသည် ဥပဒေအရေယေဘုယျအားဖြင့် ဒုက္ခသည်အဖြစ် တရားဝင်လက်ခံသည်။ ၎င်းတို့တွင် သီရိလင်္ကာတမီလ်များ၊ ၁၉၇၂ ယူဂန်ဒါနိုင်ငံမှ နှင်ထုတ်ခြင်းခံရသော အိန္ဒိယနွယ်ဖွားများနှင့် အခြားနိုင်ငံများရှိ အိန္ဒိယနွယ်ဖွားဘာသာရေးလူနည်းစုများ ပါဝင်သည်။ သက်ဆိုင်ရာ ဇာတိနိုင်ငံများတွင် ခွဲခြားဆက်ဆံခြင်းနှင့် နှိပ်စက်ညှဉ်းပန်းခံနေရသော အိန္ဒိယနွယ်ဖွားဘာသာရေးလူနည်းစုများဖြစ်ပြီး များသောအားဖြင့် ဟိန္ဒူ၊ ဗုဒ္ဓဘာသာ၊ ဆစ်ခ်နှင့် ဂျိန်းဘာသာဝင်များဖြစ်သည်။ အထူးသဖြင့် တစ်ချိန်က အိန္ဒိယနိုင်ငံ၏ အစိတ်အပိုင်းတစ်ခုဖြစ်ခဲ့ဖူးသော ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ၁၉၇၁- ခုနှစ် ဘင်္ဂလားလွတ်လပ်ရေးစစ်ပွဲကာလ ( ပါကစ္စတန်စစ်သားများက ) လူမျိုးသုဉ်းပြုသဖြင့် ထွက်ပြေးလာသော ဘင်္ဂါလီလူမျိုးများဖြစ်ပြီး ၁၉၇၁-ခုနှစ် နောက်ပိုင်းကာလအတွက် မပါဝင်ပါ။ 


လွတ်လပ်ရေးမတိုင်မီအိန္ဒိယသို့ပြောင်းရွှေ့အခြေချနေထိုင်သောအိန္ဒိယနိုင်ငံသားများကိုလည်း ဤအဓိပ္ပာယ်ဖွင့်ဆိုချက်တွင်ထည့်သွင်းမထားပါ။ တရားဝင်ဒုက္ခသည်ဆိုသည်မှာ အထောက်အထားမဲ့ရွှေ့ပြောင်းအခြေချသူများကို ဆိုလိုရင်းမဟုတ်ပဲ၊ ၁၉၄၇ -ခုနှစ် အိန္ဒိယနိုင်ငံလွတ်လပ်ရေးရပြီးနောက် အခြားတိုင်းပြည်အသီးသီးတို့တွင် ဖိနှိပ်ခွဲခြားဆက်ဆံခံရသဖြင့် ထွက်ပြေးလာကြသော အိန္ဒိယရင်းမြစ် ဘာသာရေးလူနည်းစုများ ဖြစ်သည်။ လွတ်လပ်ရေး မတိုင်မီ အိန္ဒိယသို့ပြောင်းရွှေ့အခြေချနေထိုင်သော အိန္ဒိယနိုင်ငံသားများကိုလည်း အထောက်အထားဗီဇာမပါဘဲ အိန္ဒိယသို့ ဝင်ရောက်လာများကို တရားမဝင်ရွှေ့ပြောင်းအခြေချသူများအဖြစ် ဖမ်းဆီး၍ ပြည်နှင်ဒါဏ်ပေးနိုင်သည်။ အိန္ဒိယသည် ၁၉၅၁-ခုနှစ် ဒုက္ခသည်များဆိုင်ရာကွန်ဗင်းရှင်းတွင် လက်မှတ်ရေးထိုးထားခြင်း မရှိသဖြင့် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ ပြဋ္ဌာန်းချက်များအား ကျင့်သုံးခြင်း မရှိပါ။ 


အိန္ဒိယ၏ ၂၀၁၉-ခုနှစ် သြဂုတ်လ အာသံပြည်နယ် လူဦးရေစစ်ဆေးရာတွင် မွတ်စလင်အများစုဖြစ်သော လူပေါင်း ၁.၉ သန်းမှာ နိုင်ငံသားအဖြစ် အတည်ပြုရန် ခိုင်လုံခြင်းမရှိသူများဖြစ်ကြောင်း စစ်ဆေးတွေ့ရှိရသည်။ အိန္ဒိယနိုင်ငံအတွင်း ခိုးဝင် ၄-သန်းရောက်ရှိနေကြောင်း သတင်းများနှင့်အတူ ခိုးဝင်များနှင်ထုတ်ရေး ကြွေးကြော်သံဖြင့် ရွေးကောက်ပွဲဝင်ခဲ့သော နာရင်ဒြာမိုဒီ၏ ဟိန္ဒူအမျိုးသားရေးဝါဒီ ( BJP ) ပါတီမှာ အနိုင်ရရှိခဲ့သည်။ 


၂၀၁၉-ခုနှစ် ဒီဇင်ဘာလတွင် ၁၉၅၅-ခုနှစ် နိုင်ငံသားဥပဒေ နောက်ဆက်တွဲပြင်ဆင်ချက် CAB ကို အတည်ပြုခဲ့သည်။ အဆိုပါဥပဒေအရ ၂၀၁၄-ခုနှစ် ဒီဇင်ဘာ ၃၁-ရက်နေ့မတိုင်မီ ပါကစ္စတန်-ဘင်္ဂလားဒေ့ရှ်နှင့် အာဖဂန်နစ္စတန်တို့မှ ဝင်ရောက်လာခဲ့ပြီး ပြည်တွင်းနယ်မြေ အစိတ်အပိုင်း၌ အခြေချနေထိုင်သူများအား နိုင်ငံသားပြုခွင့်ပေးထားသည်။ သို့ရာတွင် ထိုသို့ နိုင်ငံသားပြုခွင့်ရရှိနိုင်သူများမှာ ဟိန္ဒူ-ခရစ်ယာန်-ဆစ်ခ်-ဗုဒ္ဓဘာသာ-ဂျိန်းနှင့် ဇိုရိုအက်စတာဘာသာဝင် စသည့်ဖြင့် ဘာသာဝင် ၆-မျိုးတို့အတွက်ဖြစ်သာဖြစ်ပြီး အစ္စလာမ်ဘာသာဝင်များ ပါဝင်ခြင်း မရှိချေ။ #အိန္ဒိယနိုင်ငံအတွက်လည်း #နိုင်ငံသားအဖြစ်သတ်မှတ်ရာတွင် #ဘာသာရေးအား #ထည့်သွင်းဆုံးဖြတ်ခြင်းမှာ #ပထမဆုံးအကြိမ်ဖြစ်လာခဲ့သည်။ 


CAB ဥပဒေကို ကန့်ကွက်ဆန္ဒပြမှု့များ အာသံပြည်နယ်တွင်ဖြစ်ပွားခဲ့ပြီး ပြည်နယ်အတွင်း တင်းမာမှု့များမှာ ရက်သတ္တပတ်အတွင်း ပြည်တွင်းမြို့ကြီးများသို့ လျှင်မြန်စွာ ပြန့်နှံ့ကြီးထွားလာခဲ့သည်။ မြို့တော်ဂွာဝါဟတီတွင် ကန့်ကွက်သူများသည် ဥပဒေကြမ်းမိတ္တူများကို စက်ဆုပ်ရွံ့ရှာစွာ မီးရှို့ဆန္ဒပြခဲ့ကြပြီး ကားတာယာနှင့် မော်တော်ယာဉ်များအား မီးတင်ရှို့ခဲ့ကြသည်။ သတ်မှတ်ချိန်အတွင်း အပြင်မထွက်ရအမိန့်ကို ပြောပြောင်တင်းတင်း ဖီဆန် မှု့များ ဖြစ်ပေါ်ခဲ့၍ အိန္ဒိယဗဟိုအစိုးရက နိုင်ငံ၏အခြားဒေသမှ စစ်ဖက်တပ်ဖွဲ့ဝင်များအား အာသံပြည်နယ်အတွင်း စေလွှတ်ဖြန့်ချသည်ကို တွေ့ရှိရသည်။ အင်တာနက်အဆက်အသွယ်ဖြတ်တောက်၍ သတ်မှတ်ချိန်အတွင်း အပြင်မထွက်ရ အမိန့်ထုတ်ပြန်ခဲ့ရပြီး လူ ၂-ဦးသေဆုံးကာ အများအပြား ဒါဏ်ရာရရှိသည်။ 


ဘင်္ဂလားဒေ့ရှ်ကမူ အိန္ဒိယနိုင်ငံတွင် တရားမဝင်ရောက်ရှိနေသော မိမိနိုင်ငံသားဆိုသူတို့အား ပြန်လည် ခေါ်ယူပါမည်ဟု စာရင်းတောင်းခံထားပြီး အိန္ဒိယအမျိုးသားမှတ်ပုံတင်သက်သေခံထုတ်ပေးရေး အတည်ပြုဆောင်ရွက်ခြင်းကြောင့် နှစ်နိုင်ငံအကြား ခိုင်မြဲသော ချစ်ကြည်ရေးအစဉ်အလာအပေါ် အကျိုးသက်ရောက်မှု့ မရှိကြောင်း၊ နိုင်ငံသားအမှန်တကယ်ဖြစ်ကြောင်း စစ်ဆေးတွေ့ရှိပါ ပြန်လည်ခေါ်ယူမည်ဖြစ်ကြောင်း၊ သို့သော် ၎င်းအစီအစဉ်အရ မဟုတ်ပဲ ဘင်္ဂလားဒေ့ရှ်သို့ ဝင်ရောက်လာသူများကို မိမိတို့အစိုးရအနေဖြင့် ဖမ်းဆီးကာ ပြန်ပို့ရလိမ့်မည်ဖြစ်ကြောင်း ဘင်္ဂလားဒက်ရှ်နိုင်ငံခြားရေးဝန်ကြီး ဒေါက်တာ အေကေအဗ္ဗဒူမိုမန်က ပြောဆိုသည်။ 


အခက်တွေ့နေရသည်မှာ အိန္ဒိယအာသံပြည်နယ်တွင် ရောက်ရှိနေသော မွတ်စလင်အများစုဖြစ်ပြီး ဘင်္ဂလားဒေ့ရှ်ဇာတိ သို့မဟုတ် ဘင်္ဂလားဒေ့ရှ်နွယ်ဖွားများ ဖြစ်ရန် သေချာသော်လည်း စာမတတ်သူ အများစုဖြစ်သည်။ အထောက်အထားစာရွက်စာတမ်း တစ်စုံတစ်ရာ ပြသနိုင်ခြင်းလည်း မရှိချေ။ 


ယခုသတင်းတွင် ဘင်္ဂလားဒေ့ရှ်အာဏာပိုင်များက လူကုန်ကူးခြင်းခံရသည့် ခိုးဝင်ဆိုသူများဖမ်းဆီးရမိသည့် နေရာမှာ အိန္ဒိယအာသံ-မီဂါလယာတို့နှင့် ထိစပ်နေသော နယ်မြေများဖြစ်သဖြင့် အိန္ဒိယက အထောက်အထားမဲ့များအဖြစ် စခန်းများတွင် ထိန်းသိမ်းထားသည့် မွတ်စလင်များဖြစ်ပုံရသည်။ 
ဘင်္ဂလားဒေ့ရှ်ကမူ အထောက်အထားမရှိသဖြင့် #မိမိနိုင်ငံသားမဟုတ်ကြောင်း #ဖမ်းဆီးယုံမက “ #ရိုဟင်ဂျာဆိုသူများ “ #အဖြစ်သတ်မှတ်ကာ ကော့ခ်ဘဇားဒုက္ခသည်စခန်းသို့ ပို့ဆောင်မည်ဖြစ်ကြောင်း မှန်းဆရပါသည်။    ။သတင်းဘာသာပြန်သူ )) 


#အိန္ဒိယနယ်စပ်ခရိုင်တွင်_တရားမဝင်ဒုက္ခသည်ဘင်္ဂါလီများဖမ်းဆီရမိ 
#အိန္ဒိယနိုင်ငံဒုက္ခသည်ဘင်္ဂါလီစခန်းထုတ်သက်သေခံကတ်ပြား 

((( The Daily Star., December 07, 2020,” 14 Rohingyas, 2 traffickers detained in Sylhet.By: Our Correspondent, Sylhet ” ကို #HtayOung, #OungMarine ဆီလျော်အောင်ကောက်နှုတ် ဘာသာပြန် ဆိုသည်။ ))) 

https://www.thedailystar.net/backpage/news/14-rohingyas-2-traffickers-detained-sylhet-2007009 
https://www.thequint.com/news/india/tibetan-refugees-india-passports-not-property 
https://edition.cnn.com/2019/12/11/asia/india-citizenship-amendment-bill-intl-hnk/index.html 
https://www.rt.com/news/475650-india-protests-citizenship-law/ 
https://edition.cnn.com/2019/12/11/asia/india-citizenship-amendment-bill-intl-hnk/index.html 
https://www.ndtv.com/india-news/3-dead-in-police-firing-in-guwahati-amid-protests-over-citizenship-bill-2147930?pfrom=home-topscroll 
https://edition.cnn.com/2019/12/12/asia/india-shutdown-citizenship-bill-intl-hnk/index.html 
https://timesofindia.indiatimes.com/india/two-killed-in-police-firing-in-guwahati-as-thousands-defy-curfew/articleshow/72498978.cms 
https://www.dhakatribune.com/bangladesh/foreign-affairs/2019/12/12/bangladesh-protests-attack-on-ahc-convoy-in-guwahati?fbclid=IwAR11QtLIhIL1sN3E8ez4H0Iy59gNN0eSbEhwEwvTETj6cKb8YK-c2uYj4vo 
https://joshuaproject.net/people_groups/10461/IN 
https://foreignpolicy.com/2019/09/26/all-are-stateless-some-are-hopeless/

0

Leave a Reply

Your email address will not be published.