အိန္ဒိယ- ပါကစ္စတန် နှစ်နိုင်ငံတို့က သူလျှိုစွပ်စွဲချက်ဖြင့် သံရုံးဝန်ထမ်းများကို အပြန်အလှန် မောင်းထုတ်။ ခိုတစ်ကောင်ကိုပါ သူလျှိုသံသယခြင့် ဖမ်းဆီးခဲ့ဟု ဆို

သူလျှိုလုပ်ခြင်းများနှင့် ဆက်နွယ်နေသည့်အတွက် နယူးဒေလီအခြေစိုက် ပါကစ္စတန်သံရုံးရှိ ဝန်ထမ်းထက်ဝက်တို့အား နှင်ထုတ်မည်ဖြစ်ကြောင်း အိန္ဒိယက အင်္ဂါနေ့တွင် ပြောဆိုခဲ့ရာ ပါကစ္စတန်ကလည်း အလားတူ လက်တုန့်ပြန်စရာ ဖြစ်လာခဲ့သည်ဟု Dhaka Tribune က ယမန်နေ့ရေးသားသည်။

ဆက်ဆံရေးတင်းမာလျှက်ရှိသော အိမ်နီးချင်း ညူကလီးယားလက်နက်ပြိုင်ဖက် နှစ်နိုင်ငံအကြား သံသယရှိသူများအပေါ်သူလျှိုစွပ်စွဲချက်ဖြင့် အပြန်အလှန် မောင်းထုတ်လေ့ရှိခြင်းမှာ မကြာခဏဆိုသလို ပုံမှန်ဖြစ်လျှက်ရှိသည်။ နှစ်နိုင်ငံစလုံးအတွက် အမြဲတန်းသံအမတ်ကြီးဟူ၍ မရှိတော့ပဲ မကြာသေးမီက တစ်နိုင်ငံက မိမိ၏ သံအမှုထမ်းများအား တစ်ဖက်နိုင်ငံက မတရားဖမ်းဆီးခြင်းဖြင့် ညှင်းပန်းနှိပ်စက်ကြောင်း စွပ်စွဲခဲ့သည်။

ပါကစ္စတန်သံရုံးဝန်ထမ်းများသည် သူလျှိုလုပ်ခြင်းများနှင့် ပတ်သက်လျှက်ရှိပြီး အကြမ်းဖက်အဖွဲ့အစည်းများနှင့် ဆက်နွယ်လျှက်ရှိကြောင်း အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး၏ သတင်းထုတ်ပြန်ချက်၌ ဖော်ပြသည်။ မိမိတို့ သံရုံးဝန်ထမ်းများသည် ဥပဒေနှင့်အညီသာ ဆောင်ရွက်ခဲ့ကြပြီး အိန္ဒိယ၏ အပြုအမူနှင့်အညီ အစ္စလာမ်မာဘတ်ရှိ အိန္ဒိယသံရုံးဝန်ထမ်း ထက်ဝက်ကို မောင်းထုတ်မည်ဖြစ်ကြောင်း ပါကစ္စတန်က တုန့်ပြန် ပြောဆိုသည်။

နှစ်နိုင်ငံစလုံးက တစ်ဖက်နိုင်ငံ၏ သံရုံးအမှုထမ်းများကို မောင်းထုတ်ရာ၌ ရက်သတ္တတစ်ပတ်အတွင်း အသီးသီး ထွက်ခွာသွားကြရမည်ဖြစ်သည်။

နှစ်နိုင်ငံအကြား ယခု နောက်ဆုံးရန်လိုမုန်းတီးမှုမှာ ပြီးခဲ့သည့် မေ ၃၁-ရက်နေ့တွင် အိန္ဒိယက ပါကစ္စတန်သံတမန် ၂- ဦးကို သူလျှိုစွပ်စွဲချက်ဖြင့် ဖမ်းဆီးပြီး နှင်ထုတ်ရာမှ စတင်သည်ဟု ပါကစ္စတန်အစိုးရက ပြောဆိုသည်။

ပြီးခဲ့သည့်လကလည်း အိန္ဒိယရဲတပ်ဖွဲ့သည် ပါကစ္စတန်ငါးဖမ်းသမားပိုင် ခိုတစ်ကောင်အား ဖမ်းဆီးပြီးမှ လွှတ်ပေးခဲ့သည်။ နှစ်နိုင်ငံအကြားအငြင်းပွားဖွယ်နယ်စပ်ကိုဖြတ်ကျော်ပျံသန်းခဲ့သော အဆိုပါ ခိုငှက်သည် သူလျှိုလုပ်ခြင်းနှင့် ပတ်သက်မှုမရှိကြောင်း တွေ့ရှိခဲ့ကြသည်ဆို၏။

((( Dhaka Trib0une., June 23rd, 2020, “ India, Pakistan to expel embassy staff in tit-for-tat spy row.” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ် ဘာသာပြန်ဆိုသည်။ )))

https://www.dhakatribune.com/world/south-asia/2020/06/23/india-to-expel-half-pakistan-s-embassy-staff-over-spying

0

Leave a Reply

Your email address will not be published.