အီတလီတွင် ကိုရိုနာဗိုင်းရပ်စ်စွဲရောဂါကြောင့် တစ်ရက်အတွင်းသေဆုံးသူ ၄၇၅ ဦးဖြင့် ထူးခြားစွာ ကမ္ဘာ့စံချိန်တင်။ သေဆုံးသူများတွင် အခြားရောဂါများရှိနေပြီး ပျမ်းမျှအသက် ၈၀ ဝန်းကျင်ဖြစ်

ကိုရိုနာဗိုင်းရပ်စ်စွဲ ကူးစက်ကပ်ရောဂါ ကျရောက်လျှက်ရှိစဉ် တရုတ်နိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံအားလုံးတို့ အနက် ၂၄-နာရီအတွင်း စံချိန်တင်လူသေဆုံးမှုကို အီတလီနိုင်ငံ၌ တွေ့ရှိရပြီး ၄၇၅-ဦး သေဆုံးသည်ဟု South China Morning Post က ယနေ့ရေးသားသည်။

ယမန်နေ့ အီတလီတွင် ဗိုင်းရပ်စ်ပိုးကူးစက်လျှက်ရှိသူ ၄၂၀၇-ဦး ထပ်မံတွေ့ရှိခြင်းဖြင့် စုစုပေါင်း ၃၅,၇၁၄-ဦးဖြစ် လာသည်။ ယခုအချိန်ထိ အီတလီ၏ စုစုပေါင်း လူသေဆုံးမှုမှာ ၂၉၇၈ -ဦးဖြစ်ပြီး တရုတ် ၃,၂၄၁-ဦးနောက် အများဆုံးဖြစ်နေသည်။

အီတလီကျန်းမာရေးအာဏာပိုင်များအနေဖြင့် နိုင်ငံ၏ သေဆုံးမှုနှုန်း မြင့်မားရသည်ကို နားလည်ရန်ဆေး ဘက် ဆိုင်ရာမှတ်တမ်းအချက်အလက်များ ရှာဖွေလျှက်ရှိသည်။ သေဆုံးသူများ၏ပျမ်းမျှအသက်မှာ ၇၉.၅ ဖြစ်ပြီး သေဆုံးသူ ၉၉ ရာခိုင်နှုန်းသည် ဆီးချိုနှင့် သွေးတိုးဝေဒနာ ခံစားရသူများဖြစ်နေသည်။

ပြီးခဲ့သည့် ရက်သတ္တပတ်က သေဆုံး ၁၅၀ ရာခိုင်နှုန်းတိုးလာခြင်းနှင့်အတူ ဗိုင်းရပ်စ်ပိုးကြောင့်သေဆုံးသူ ၂,၅၀ဝ ကျော်လာသဖြင့် ်ရောဂါပျံ့နှံ့မှုကိုတိုက်ဖျက်ရန် သဲလွန်စရှာဖွေနေခိုက်ယခုကဲ့သို့ ကြုံတွေ့ရခြင်း ဖြစ် သည်ဆို၏။

ဝန်ကြီးချုပ် ဂူဆက်ပီကွန်တီ၏ အီတလီအစိုးရက ပြည်သူများအား အိမ်ပြင်မထွက်ရန် တိုက်တွန်းထားသည်။ ဆေးဝါးနှင့် မရှိမဖြစ် စားသောက်ကုန်များကို ရောင်းချသည့်ဆိုင်များမှအပ ကျန်ဆိုင်များကို ပိတ်သိမ်းရန်လည်း

ညွန်ကြားထားကာ ခရီးသွားလာမှုများကိုလည်း တင်းကျပ်စွာ ပိတ်ပင် တားမြစ်ထားသည်။ ဗိုင်းရပ်စ်ကူးစက်မှုကို ထိန်းချုပ်နိုင်ရေး ကြိုးစားနေသည့် မျှော်လင့်ချက်များအတွက် ထိုးနှက်ချက်လည်း ဖြစ်ခဲ့သည်။ လာမည့် ဧပြီလ တွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ပိတ်ဆို့ထားခြင်းကို တိုးချဲ့ရန်ချိန်ဆလျှက်ရှိသည်။  

လောလောဆယ်တွင်မူ အီတလီနိုင်ငံ၏ ကူးစက်ခံရသူ ၈ ရာခိုင်နှုန်းမှာ မည်သည့်အတွက် အခြားနိုင်ငံ များ ထက် ပိုမိုသေဆုံးရသည်ကို သိရှိရန် လေ့လာလျှက်ရှိသည်။

( မြန်မာနိုင်ငံ၏ ၂၀၁၉-ခုနှစ် လူဦးရေမှာ ၅၄.၅ သန်းခန့်ရှိပြီး ၂၀၁၄-ခုနှစ်နောက်ပိုင်း ၅-နှစ်အတွင်း လူဦးရေ ၂-သန်းခန့်သာတိုးလာသည်။ ၂၀၁၄-ခုနှစ်သန်းခေါင်စာရင်းအရ အသက် ၆၅နှစ်အထက် ၅.၇၇ % ရှိသည်။ ပျမ်းမျှ လူ့သက်တမ်းမှာ ၆၈.၂-နှစ် ( ၂၀၁၄- ခုနှစ် ကျား ၆၆.၆ နှစ် မ-၆၉.၈-နှစ် ) ဖြစ်သည်။ လူဦးရေ၏ ၅. ၇၆ % မှာ အသက် ၆၅-နှစ်အထက်ရှိသူများဖြစ်သည်။

၂၀၁၉-ခုနှစ်တွင် နိုင်ငံလူဦးရေ၌ အသက် ၆၅ နှစ်အထက်ရှိသူအများဆုံးမှာ ဂျပန် ( ၂၆.၀ % )၊ အီတလီ ( ၂၂.၄ % )၊ ဂျာမနီ ( ၂၁.၁% ) တို့ဖြစ်ကြသည်။ ပေါ်တူဂီ၊ ဖင်လန်၊ ဘူလ်ဂေးရီးယား၊ ဂရိ၊ ဆွီဒင်၊ လတ်ဗီးယား၊ ဒိန်းမတ်တို့တွင် အသ် ၆၅-နှစ်ရှိသူများမှာ လူဦးရေ၏ ၁၉% အထက်တွင်ရှိနေသည်။  ။ သတင်းဘာသာပြန်သူ ))

((( South China Morning Post., 19 Mar, 2020.” Coronavirus: Italy says 99 per cent of people who died had other illnesses.” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာ သာပြန်ဆိုသည်။ )))

#ကိုရိုနာဗိုင်းရပ်စ်အီတလီ #မြန်မာနိုင်ငံပျမ်းမျှသက်တမ်း #ကမ္ဘာနှင့်မြန်မာ၆၅နှစ်အထက်ရှိသူများ

https://www.scmp.com/news/world/europe/article/3075851/coronavirus-italy-says-99-people-who-died-had-other-illnesses

https://web.archive.org/web/20160919061238/https://esa.un.org/unpd/wpp/DataQuery/

0

Leave a Reply

Your email address will not be published.