Covid-19 ခေါ် ကိုရိုနာဗိုင်းရပ်စ်စွဲ ကူးစက်ကပ်ရောဂါ ထိုးနှက်မှု့ကို ပြင်းထန်စွာခံစားနေရသော အီတလီသည် ယနေ့ ( သောကြာ ) နေ့အထိ ၂၄-နာရီအတွင်း လူပေါင်း ၉၁၉-ယောက်သေဆုံးခြင်းဖြင့် ယမန်နေ့ထက် ပိုမို သေဆုံးသည့်အပြင် ကမ္ဘာအနှံ့ကူးစက်ကပ်ရောဂါ စတင်ကျရောက်သည့်အချိန်မှစ၍ အဆိုးရွားဆုံး လူ့အသက် ဆုံးရှုံးရသည့် နိုင်ငံဖြစ်လာသည်ဟု Russia Today က ယနေ့ရေးသားသည်။
လွန်ခဲ့သည့် ၃-လခန့်က ဗိုင်းရပ်စ်စွဲရောဂါ စတင်ဖြစ်ပွားသည့် တရုတ်နိုင်ငံထက်ပင် အီတလီ၏ သေဆုံးသူ အရေအတွက်မှာ ၉၁၃၄-ဦးအထိ စိုးရိမ်ဖွယ်ရောက်ရှိလာခဲ့ပြီဖြစ်သည်။ ထို့ပြင် ဗိုင်းရပ်စ်ပိုးကူးစက်ခြင်းခံရသူ ၈၆,၄၉၈-ဦး ရှိနေသေးသည်။
ရက်သတ္တပတ်အတွင်း တစ်နေ့တာ လူသေဆုံးမှု ကျရိပ်ပြလာခဲ့သော အီတလီ၏ ယနေ့ သေဆုံးသူ အရေအ တွက်မှာ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ရောဂါခြေချုပ်သတ်မှတ်ခြင်း၊ နိုင်ငံ့အရင်းအမြစ်များ ပုံအောသုံးစွဲ၍ ကူးစက်ကပ်ရောအား ခုခံတိုက်ဖျက်သော်လည်း ထိရောက်မှု မရှိသေးကြောင်း ပြသသကဲ့သို့ ရှိနေသည်။
((( Russia Today., 27 Mar, 2020 .” Italy coronavirus WORST day: Deaths rate HIGHEST since start of outbreak,” ကို #HtayOung, #OungMarine ဆီလျော်အောင်ကောက်နှုတ်ဘာသာပြန်ဆိုသည်။ )))
https://www.rt.com/news/484314-italy-coronavirus-deaths-highest-rate/
#ကိုရိုနာဗိုင်းရပ်စ်စွဲရောဂါအီတလီလူ၉၀၀ကျော်သေဆုံး
