အီတလီ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ( ကြည်း ) တွင် ကိုရိုနာဗိုင်းရပ်ကူးစက်လျှက်ရှိကြောင်း အတည်ပြု။ တရုတ်တွင် ဗိုင်းရပ်စ်ကြောင့် သေဆုံး-ကူးစက်ဦးရေ ဆက်လက်ကျဆင်းနေသော်လည်း အီတလီလူဦးရေ ၄-ပုံ ၁-ပုံကျော် ရောဂါခြေချုပ်ဖြင့် စောင့်ကြည်ခံရ့

အီတလီနိုင်ငံ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ( ကြည်း ) ဗိုလ်ချုပ်ကြီး ဆယ်ဗက်တိုရီဖာရီနာ၌ ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်လျှက်ရှိသည်ကို တွေ့ရှိရခြင်းကြောင့် ရောဂါခြေချုပ်ဖြင့် ၎င်း၏ နေအိမ်တွင် စောင့်ကြည့်ကုသပေးလျှက်ရှိသည်ဟု Russia Today က ယနေ့ရေးသားသည်။

ဗိုလ်ချုပ်ကြီး ဖာရီနာကိုယ်တိုင်ကလည်း ကိုယ်လက်မအီမသာဖြစ်ကတည်းက တစ်ဦးတည်းသီးခြားနေထိုင်ခဲ့ပြီး ၎င်း၏ရာထူးတွင် ဗိုလ်ချုပ်ကြီး ဖီဒါရီကိုဘိုနာတိုအား လွှဲပြောင်းပေးအပ်ခဲ့ကြောင်း ထုတ်ဖော်ပြောကြားသည်။

လူဦးရေ သန်း ၆၀ ခန့်ရှိသော အီတလီသည် ကိုရိုနာဗိုင်းရပ်စ် ထူးခြားစွာ နှိပ်စက်ခြင်းခံနေရသော တိုင်းပြည်ဖြစ်လာပြီး ရောဂါကူးစက်ပျံ့နှံ့မှုကို ကာကွယ်ရန် နိုင်ငံ့မြောက်ပိုင်းအလယ်တွင်တည်ရှိသည့် လွန်ဘာဒီဒေသအား ရောဂါခြေချုပ်ဖြင့် အသွားအလာ တားဆီး၍ စောင့်ကြည့်လျှက်ရှိသည်။

ထင်ရှားသော ဗင်းနစ်၊ မိုဒီနာအပါအဝင် မြို့ကြီး ၄-မြို့နှင့် ခရိုင် ၁၄-ခုကိုလည်း ရောဂါခြေချုပ်တားဆီးထားခြင်းကြောင့် အီတလီ၏ လူဦးရေ ၄ ပုံ ၁ ပုံ ကျော်သည့် လူ ၁၆- သန်းမှာ သွားလာမှုတားဆီးကန့်သတ်ထားခံရသည့် သဘောသက်ရောက်လျှက်ရှိသည်။

ရောဂါကူးစက်မှု့ တားဆီးရန် ယဉ်ကျေးမှုပြတိုက်-ပြခန်း၊ စာသင်ကျောင်း၊ ဂျမ်အားကစားလေ့ကျင့်ခန်းမ၊ နိုက်ကလပ်နှင့် အခြားလူစုဝေး အခန်းအနားကျင်းပရာနေရာတို့ကို ဧပြီလ ၃-ရက်နေ့တိုင်အောင် ပိတ်ထားရသည်။

အီတလီတွင် ကိုရိုနာဗိုင်းရပ်စ်စွဲကပ်ခြင်းကြောင့် ၂၄-နာရီအတွင်း လူသေဆုံးမှုမှာ ၁၃၃-ဦး ထပ်မံပိုမိုလာပြီး ယနေ့နံနက်ပိုင်းအထိ သေဆုံးသူ ၃၆၆-ဦးရှိနေသည်။ ဗိုင်းရပ်စ်ကူးစက်ခံရသူပေါင်းမှာလည်း ၇,၃၇၅-ဦးရှိသဖြင့် တရုတ်နိုင်ငံပြင်ပ ကူးစက်ခံရသူအများဆုံးဖြစ်သော တောင်ကိုရီးယား ( ၇,၃၈၃-ဦး ) နှင့် မတိမ်းမယိမ်းဖြစ်နေသည်။

ကိုရိုနာဗိုင်းရပ်စ်စွဲ Covid – 19 ရောဂါဖြစ်ပွားမှု အစောဆုံးနှင့် အများဆုံးဖြစ်ပွားရာ တရုတ်နိုင်ငံတွင်မူ ယနေ့နံ နက်ပိုင်းအထိ ၂၄-နာရီအတွင်း သေဆုံးသူ ၂၂-ဦးရှိသည်။ ဗိုင်းရပ်စ်ကူးစက်ကြောင်း ထပ်မံတွေ့ရှိသူ ၄၀-ဦး ရှိသဖြင့် ဇန်နဝါရီ ၂၀-ရက်နေ့နောက်ပိုင်း ၁-ရက်အတွင်း အနည်းဆုံး ကူးစက်ခံရသူ အရေအတွက်ဖြစ်ကြောင်း South China Morning Post က ယနေ့ရေးသားသည်။

((( Russia Today., 8 Mar. 2020,” Italian army’s chief of staff tests positive for coronavirus” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။ )))

#ကိုရိုနာဗိုင်းရပ်အီတလီကာကွယ်ရေးဦးစီးချုပ်

https://www.rt.com/news/482623-italy-coronavirus-chief-of-staff/

https://www.piazzasalento.it/coronavirus-risultato-positivo-il-capo-di-stato-maggiore-dellesercito-generale-salvatore-farina-di-casarano-152451.

https://gisanddata.maps.arcgis.com/apps/opsdashboard/index.html?fbclid=IwAR0tOhUl59T4ql89uyu8fgwqjI3F4AOGGL5U8M_s5RQurA0mqtzgoGJlcVE#/bda7594740fd40299423467b48e9ecf6

https://www.scmp.com/news/china/society/article/3074181/coronavirus-china-records-lowest-daily-increase-new-cases

https://www.rt.com/news/482604-italy-coronavirus-cultural-facilities-closed/

0

Leave a Reply

Your email address will not be published.