အီရတ်တောင်ပိုင်းမြို့ကြီးများ၌ သွေးထွက်သံယို အဓိကရုန်းများဖြစ်ပွားနေ။ နှစ်လ မပြည့်မီ လူ-၃၃၀ နီးပါး သေဆုံး။ အမေရိကန်ဒုတိယသမ္မတ အီရတ်သို့ ရုတ်တရက်ရောက်ရှိလာ။

အမေရိကန်ဒုတိယသမ္မတ မိုက်ပင့်စ်သည် ဒေါ်နယ်ထရမ့်အရေးယူရေး ကွန်ဂရက်ကြားနာပွဲများ၌ တွေ့မြင်နေရာမှ ရုတ်တရက်ပျောက်ကွယ်သွားပြီးနောက် မမျှော်လင့်ပဲ အီရတ်နိုင်ငံတွင် ပြန်ပေါ်လာပြီးလျှင် မဟာမိတ်ကာ့ဒ်တို့ အတူနှင့် သွေးစည်းညီညွတ်ဆဲဖြစ်ကြောင်း ပြသလျှက်ရှိသည်ဟု CNN က ယနေ့ရေးသားသည်။
တစ်လကျော်အချိန်အတွင်း အီရတ်သို့ ဒုတိယအကြိမ်ရောက်ရှိလာသော မိုက်ပင့်စ်အား နိုင်ငံ့အနောက်ပိုင်း အယ်လ်အာဆတ် အမေရိကန်လေတပ်အခြေစိုက်စခန်း၌ တွေ့မြင်ရခြင်းဖြစ်သည်ဆို၏။ တပ်ဖွဲ့ဝင် ၁၅၀-ခန့်၏ “ ကျေးဇူးတော်နေ့အကြို “ အခန်းအနား၌ မိုက်ပင့်စ်က မိန့်ခွန်းပြောကြားရာတွင် စစ်ဖက်ဝန်ထမ်းများ၏ ခံစားလစာနှုန်း တိုးမြှင့်ပေးရန် ထရမ့်အစိုးရ၏ ကွန်ဂရက်၌ အကြိတ်အနယ်ကြိုးစားလျှက်ရှိပုံကို အသားပေးဖော်ပြသော်လည်း ၎င်းကွန်ဂရက်လွှတ်တော်၌ပင် ကြားနာပွဲအတွင်း အမေရိကန်-ယူကရိန်းအရှုတ်တော်ပုံ တိုင်ပတ်လျှက်ရှိခြင်းမပါဝင်ပဲ စုံစမ်းစစ်ဆေးရေးများနှေးကွေးလျှက်ရှိသည်ဟုသာ ပြောကြားကြောင်း သိရှိရသည်။ ထို့ပြင် အိုင်စစ် ( ISIS ) ခေါင်းဆောင် အဘူဘေကာအယ်လ်ဘဂ္ဂါဒီ အား အမေရိကန်အထူးတပ်ဖွဲ့ဝင်များက စီးနင်းသတ်ဖြတ်နေစဉ် ၎င်းနှင့်တကွ ဒေါ်နယ်ထရမ့်တို့က အချိန်နှင့်တပြေးညီတိုက်ရိုက်ရုပ်သံမှတဆင့် မည်သို့မည်ပုံ ကြည့်ရှု့ခဲ့သည်ဟု စားမြုံ့ပြန်သွားကြောင်း CNN က ဖော်ပြသည်။
အီရတ်နိုင်ငံ အဓိကရုန်းများတွင် ဆေးဖက်ဆိုင်ရာစေတနာ့ဝန်ထမ်းများကိုယ်တိုင် ပြုစုကုသပေးနေသည့်တိုင် သေဆုံးသူ ၃၃၀ နီးပါးရှိပြီဖြစ်ကြောင်း Al Jazeera က ယနေ့ရေးသားသည်။
အလုပ်လက်မဲ့နှုန်းမြင့်မားခြင်း၊ အကျင့်ပျက်ခြစားမှု့ထူပြောခြင်းတို့ကြောင့် အီရတ်မြို့တော် ဘဂ္ဂဒက်နှင့် ရှီအာလူများစု တောင်ပိုင်းမြို့ကြီးများတွင် အောက်တိုဘာ ၁-ရက်နေ့မှစတင်၍ လူသိန်းချီ၍ ကန့်ကွက်ဆန္ဒပြပွဲများဖြစ်ပွားလျှက်ရှိသည်။ အသက်ဆုံးရှုံးရမှု့များ ယခုထိ ဖြစ်ပွားလျှက်ရှိရာ ဒါဏ်ရာရရှိသူ ၁၅,၀၀၀ ကျော်မည်ဟု ဒေသန္တရမီဒီယာများက ခန့်မှန်းရေးသားကြသည်။
ဘဂ္ဂဒက်မြို့တော်တွင် မော်တော်ဆိုင်ကယ်စီးဦးထုတ်နှင့် လေကာမျက်မှန်ဝတ်ဆင်ထားသော ကန့်ကွက်ဆန္ဒသူများက လမ်းမကြီးများ၊တံတားနှင့် ပလာဇာတို့ကို စီးနင်းသိမ်းပိုက်ထားခဲ့သည်။ တားဟီးရ်ရင်ပြင်တွင် ဆန္ဒပြသူအများအပြားစုရုံးလျှက် အဓိကရုန်းနှိမ်နင်းရေးရဲများနှင့်နှင့် ရုံးရင်းဆန်ခတ်ဖြစ်ပွားလျှက်ရှိသော်လည်း တံတားနှင့် ပလာဇာ အတော်များများကို ရဲတပ်ဖွဲ့ဝင်များက ပြန်လည်ထိန်းသိမ်းနိုင်ပြီဖြစ်သည်။
ဆယ်စုနှစ်အတွင်း အီရတ်အစိုးရတို့သည် ကတိကဝတ်ပြုခြင်း၊ အစိုးရအဖွဲ့ ဖွဲ့စည်းပုံပြင်ဆင်ခြင်းဖြင့် ကန့်ကွက်ဆန္ဒပြပွဲအများအပြားအား ဖြတ်သန်းခဲ့ရသည်။ ဝန်ကြီးချုပ် အဗ္ဗဒဲလ်အဗ္ဗဒူလာမာဒီကရွေးကောက်ပွဲဥပဒေကို ပြင်ဆင်၍ ဆန္ဒခံယူပွဲစောစီးစွာကျင်းပပေးမည်ဖြစ်ကြောင်း ကတိပြုသော်လည်း ကန့်ကွက်ဆန္ဒပြပွဲများ ယုတ်လျှော့သွားခြင်းမရှိပဲ အစိုးရအဖွဲ့နှုတ်ထွက်ပေးရန် ဆက်လက်တောင်းဆိုနေကြသည်။ ယခုနောက်ဆုံး သီတင်း ၆-ပတ်တွင် လူအင်အား သိန်းချီလျှက် လမ်းမများပေါ် ရုန့်ရင်းဆန်ခတ်မှု့များမှာ ၂၀၀၃-ခုနှစ် အမေရိကန်ကျူးကျော်ဝင်ရောက်ပြီး နောက်ပိုင်း အီရတ်အစိုးရအတွက် အကြီးမားဆုံး စိန်ခေါ်မှုဖြစ်လာကြောင်း Foreign Affair က ရေးသားသည်။
((( ၂၀၁၁-ခုနှစ် အရှေ့အလယ်ပိုင်း အာဏာရှင်ဖယ်ရှားရေး၊ ဒီမိုကရေစီထွန်းကားရေး “ အာရပ်နွေဦး “ တွင် အနောက်တိုင်းပုံစံဒီမိုကရေစီသည် အာရပ်တို့၏ ယဉ်ကျေးမှု့ ရိုးရာအစဉ်အလာများနှင့် အံဝင်ဂွင်ကျမဖြစ်ခဲ့ချေ။ ၂၀၀၆-ခုနှစ် အီရတ်တွင် စစ်ရာဇဝတ်မှု့ဖြင့် ဆဒမ်ဟူစိန် ကြိုးပေးခံရခြင်း၊ ၂၁၁-ခုနှစ် လစ်ဗျားတွင် ကဒါဖီအသတ်ခံရခြင်းများ ဖြစ်ပေါ်ခဲ့သည်။ စောစောပိုင်းတွင် အာဏာရှင်ချုပ်ငြိမ်းပြီဟု မှတ်ယူခဲ့ကြသော အာရပ်တို့သည် နိုင်ငံအသီးသီး၌ တည်ငြိမ်အေးချမ်းမှု့ ထိန်းသိမ်းနိုင်ခြင်းမရှိခဲ့ချေ။ ထို့ပြင် အနောက်ကမ္ဘာ၏ စစ်ရေးစွက်ဖက်မှု့ကြောင့်သာ အာရပ်ခေါင်းဆောင်များ အသတ်ခံရသည်ဟု နောက်ပိုင်း၌ အမြင်ပြောင်းလဲသွားသည်။ အိုင်စစ် ISIS ကဲ့သို့ အလွန်အမင်းအစွန်းရောက်ပြီး သွေးအေးအေးနှင့် အကြမ်းဖက်လေ့ရှိသည့် အဖွဲ့အစည်းများ ပေါ်ပေါက်လာခြင်းသည် ထိုအမြင်များ၏ ရလာဒ်တစ်ခုဖြစ်သည်။
၂၀၁၁-ခုနှစ် ပထမအကြိမ် လစ်ဗျားပြည်တွင်းစစ်တွင် ကဒါဖီအသတ်ခံရပြီး ၎င်း၏သား ဆာအိဖ်အယ်လ်အစ္စလာမ်ကို တော်လှန်ရေးသမားတို့က ဇင်တန်မြို့၌ အသက်ရှင်လျှက် ဖမ်းဆီးရမိသည်။ ကဒါဖီနှင့် ဆာအိဖ်တို့သည် နိုင်ငံတကာ ရာဇဝတ်တရားရုံး ICC က ဖမ်းဝရမ်းထုတ်ဆင့်ခြင်းခံရသူများဖြစ်သည်။ အနောက်ယိမ်းတော်လှန်ရေးသမားတို့က ဆာအိဖ်အား ICC သို့လွှဲပြောင်းပေးခြင်းမရှိပဲ ၎င်းတို့ဖာသာ တရားရုံးတည်ထောင်၍ စစ်ဆေးအပြစ်ပေးမည်ဟု ကြေညာခဲ့သည်။ ထိုမှ ၂၀၁၇-ခုနှစ်တွင် ချုပ်နှောင်ထားရာမှ လွှတ်ပေးလိုက်သည်။ ယနေ့အခါ ဆာအိဖ်မည်သည့်နေရာတွင်ရှိသည်ကို မည်သူမျှမသိသော်လည်း လာမည့်လစ်ဗျားရွေးကောက်ပွဲတွင် ဆာအိဖ်က သမ္မတရာထူးအတွက် ဝင်ရောက်ယှဉ်ပြိုင်မည်ဟု ဆိုနေသည်။
ပြည်တွင်းစစ်ကြောင့် တစ်စစီပြိုကွဲလျှက် လက်နက်ကိုင်အဖွဲ့မျိုးစုံ မင်းမူလျှက်ရှိသော လစ်ဗျား၌ ဆာအိဖ်လိုလူစားမျိုးသာလျှင် အမျိုးသားရင်ကြားစေ့ရေးနှင့် တည်ငြိမ်အေးချမ်းမှု့ ပြန်လည်တည်ဆောက်နိုင်မည်ဟု ယုံကြည်သူများရှိနေရာ လစ်ဗျားပြည်သူအချို့သာမက အိမ်နီးချင်းအာရပ်နိုင်ငံအချို့လည်းပါဝင်သည်။
ကဒါဖီနှင့် ဆဒမ်ဟူစိန်တို့ လူ့လောကတွင် မရှိတော့ခြင်းမှာ ကမ္ဘာကြီးအတွက် ရာနှုန်းပြည့်ကောင်းသွားသည်ဟု မိမိမထင်ကြောင်း ဒေါ်နယ်ထရမ့်ကပြောပါသည်။ အောက်တိုဘာ-၂၅၊ ၂၀၁၅ ရက်နေ့ CNN ၏အစီအစဉ်တင်ဆက်သူ ဂျိတ်တက်ပါနှင့်တွေ့ဆုံရာတွင် ဆဒမ်ဟူစိန်လက်ထက်၌ အကြမ်းဖက်သမားမှန်သမျှ ဆဒမ်က လက်ဦးအောင်ဖမ်းဆီး၍ သတ်ချည့်ပစ်ခဲ့ရာ အကြမ်းဖက်အဖွဲ့၊ အကြမ်းဖက်သမား မရှိခဲ့ကြောင်း၊ ယခုအခါတွင် အီရတ်မှာ နိုင်ငံတကာ အကြမ်းဖက်သမားတိုကို့ မွေးထုတ်ရာနှင့် လေ့ကျင့်ရေးကွင်းကြီးဖြစ်လာကြောင်း ပြောကြားခဲ့သည်။ ။ သတင်းဘာသာပြန်သူ )))
((( CNN., November 23, 2019, “Vice President Mike Pence takes swipe at Congress during unannounced visit to Iraq.” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာ ပြန်ဆိုသည်။ )))
https://edition.cnn.com/2019/11/23/politics/mike-pence-iraq/index.html .https://edition.cnn.com/2015/10/25/politics/donald-trump-moammar-gadhafi-saddam-hussein/index.html?fbclid=IwAR1dSFhLdFHs6bdSMwJv4-RZdRz369Yom1ulid3IlF5f2Pgc-Devvd1te_Ihttps://www.foreignaffairs.com/articles/iraq/2019-11-20/iraqs-new-republic-fearhttps://www.libyaobserver.ly/news/haftar-ordered-murdering-saif-al-islam-gaddafi-prison-zintani-senior-leader-says#အမေရိကန်ဒုတိယသမ္မတ #အီရတ် #အီရတ်အစိုးရဆန့်ကျင်ရေးအဓိကရုန်း #အဘူဘေကာအယ်လ်ဘဂ္ဂါဒီ #မိုက်ပင့်စ် #ကဒါဖီ၏သားအကြီး

0

Leave a Reply

Your email address will not be published.