အီရတ်နှင့်ဆီးရီးယားနယ်စပ်တွင် မောင်းသူမဲ့လေယာဉ်များအသုံးပြု၍ တိုက်ခိုက်မှု ပြုလုပ်ခဲ့ဟု ပင်တာဂွန်ကြေညာ။ ခုခံကာကွယ်ခြင်းအဖြစ် သမ္မတ၏ ညွှန်ကြားချက်အရဟု ပြော။ ဆီးရီးယားနယ်မြေ အရပ်သားများနေအိမ်အနီးထိမှန် ပေါက်ကွဲခဲ့ပြီး ကလေးငယ်တစ်ဦးသေဆုံးဟု ဒမတ်စကတ် ဆို


အမေရိကန်တပ်ဖွဲ့ဝင်များသည် ဒရုန်းများအသုံးပြု၍ အီရန်ကျောထောက်နောက်ခံပြု ပြည်သူ့စစ်အဆောက်အအုံများကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ကြောင်း အမေရိကန်ကာကွယ်ရေးဝန်ကြီးဋ္ဌာနက သတင်းထုတ်ပြန်သည်ဟု Russia Today (RT) က ယမန်နေ့ ရေးသားသည်။

…   
ယနေ့နံနက်စောစောပိုင်းတွင် အီရန်ကျောထောက်နောက်ခံပြု ပြည်သူ့စစ်အုပ်စုတို့က အသုံးပြုလျှက်ရှိသည့် ဆီးရီးယားနှင့် အီရတ်နယ်စပ်ဒေသရှိ အဆောက်အအုံများကို သမ္မတဘိုင်ဒင်၏ ညွှန်ကြားချက်အရ ခုခံကာကွယ်ခြင်းအဖြစ် အမေရိကန်တပ်ဖွဲ့ဝင်များက  လေကြောင်းမှ တိကျမှန်ကန်စွာ တိုက်ခိုက်ခဲ့ကြောင်း၊  အီရတ်နိုင်ငံရှိ အမေရိကန်တပ်ဖွဲ့ဝင်များနှင့် အဆောက်အအုံများအား ဆန့်ကျင်တိုက်ခိုက်လျှက်ရှိသည့် အီရန်ကျောထောက်နောက်ခံပြု ပြည်သူ့စစ်အုပ်စုတို့အား အမေရိကန်မောင်းသူမဲ့လေယာဉ်(UAV) တို့က ပစ်မှတ်ထား ရွေးချယ်ခဲ့ကြောင်း ပင်တာဂွန်စစ်ဋ္ဌာနချုပ်၏ သတင်းထုတ်ပြန်ချက်၌ ဖော်ပြထားသည်ကို တွေ့ရှိရသည်။

…   
အီရတ်လုံခြုံရေးတပ်ဖွဲ့တို့က အိုင်အက်စ် ( IS, ယခင် ISIS ) အစွန်းရောက် အကြမ်းဖက်တို့အပေါ် အနိုင်ရရှိစေရန် အားထုတ်ရာတွင် ဘဂ္ဂဒက်အစိုးရ၏ ဖိတ်ကြားချက်ကို  ကူညီရန် တစ်ခုတည်းသော ရည်ရွယ်ချက်ဖြင့် အမေရိကန်စစ်တပ်များအနေဖြင့် အီရတ်နိုင်ငံ၌ ရောက်ရှိနေသည်ကို သတိပေးခဲ့ကြောင်း၊ တင်းမာမှုအန္တရာယ်ကို ကန့်သတ်ရန်ရည်ရွယ်လျှက် လိုအပ်၍ ဆီလျော်သည့် ဆောင်ရွက်မှုဖြစ်ကြောင်း သတင်းထုတ်ပြန်ရာ၌ ပါရှိသည်။

…   
အီရတ်- ဆီးရီးယားနယ်စပ်မှ ပေါက်ကွဲသံများ ထွက်ပေါ်လာသည်ကို ကြားခဲ့ရကြောင်း၊ ဆီးရီးယားနယ်မြေအတွင်းရှိ အရပ်သားများ နေအိမ်အနီးတစ်ဝှိုက်တွင် ပေါက်ကွဲမှုများဖြစ်ပေါ်ခဲ့ကြောင်း အီရတ်လုံခြုံရေးတပ်ဖွဲ့ များ၏ အဆိုကို ကိုးကား၍ RT Arabic မှ သတင်းထောက်တစ်ဦးက အတည်ပြုသည်။

…     
ပင်တဂွန်၏ကြေညာချက်၌ တိုက်ခိုက်မှု၏ အကျိုးဆက်ကို မည်သည့်တိုင်းပြည်က ခံစားရကြောင်း ဖော်ပြခြင်း မရှိပေ။ အမေရိကန်စစ်တပ်အနေဖြင့် အီရတ်ကဲ့သို့ မဟုတ်ပဲ ဆီရီးယားအစိုးရထံမှ မည်သည့်ဖိတ်ကြားချက်ကိုမျှ  ရရှိခဲ့ခြင်းလည်း မရှိချေ။ ၎င်း၏နယ်မြေအတွင်း တရားမဝင်ရောက်ရှိနေသော အမေရိကန်တပ်များအား ထွက်ခွာသွားရန် ဒမတ်စကတ်က တောင်းဆိုခြင်းသာလျှင် ရှိခဲ့သည်။

…   
ထို့ပြင် တိုက်ခိုက်မှုကြောင့် ထိခိုက်သေဆုံးဖွယ်ရှိခြင်းများနှင့် ပတ်သက်၍ ပင်တာဂွန်က ယခုအချိန်ထိ လူသိရှင်ကြား သတင်းထုတ်ပြန်သည်ကို မတွေ့ရသေးပါ။ ဆီးရီးယားနယ်မြေ အရပ်သားများ နေအိမ်အနီး တစ်ဝိုက်တွင် ပေါက်ကွဲမှုများဖြစ်ပွား၍ ကလေးငယ်သေဆုံးပြီး အရပ်သား ၃-ဦး ဒဏ်ရာရရှိခဲ့ကြောင်း #ဆီးရီးယားသတင်းအေဂျင်စီ SANA က သတင်းဖော်ပြသည်။

(( ကျွန်တော်မှတ်သားမိသရွေ့ အီရတ်နယ်မြေမှ အမေရိကန်တပ်ဖွဲ့များ ရုတ်သိမ်းသွားရန် ရက်ကာလအတိအကျမပါပဲ အီရတ်ပါလီမန်က ဆုံးဖြတ်ခဲ့သည်မှာ လွန်ခဲ့သည့်နှစ်တည်းကဖြစ်သည်။ ၂၀၂၀-ခုနှစ် ဇန်နဝါရီတွင် ဘဂ္ဂဒက်လေဆိပ်၌ အမေရိကန် မောင်းသူမဲ့ လေယာဉ်တို့က #အီရန်အထူးတိုက်ခိုက်ရေးတပ်မှူး #ကာဆင်_စူလမန်နီကို ဒုံးကျည်ဖြင့် ပစ်ခတ်လုပ်ကြံပြီး မရှေးမနှေုာင်း၌ ထိုသို့ ဆုံးဖြတ်ခြင်းဖြစ်သည်။

…  
ထိုဖြစ်စဉ်သည် နိုင်ငံတကာတရားဥပဒေအရ စစ်ရာဇဝတ်မှုကျူးလွန်ခြင်းဖြစ်၍ အီရန်က တရားစွဲဆိုသည်ကို #နိုင်ငံတကာရာဇဝတ်တရားရုံး ICC က လက်ခံသည်။ အနိုင်ရရှိရန် သေချာသော်လည်း စီရင်ချက်ချသည်အထိ နှစ်ချီကြာမြင့်မည်ဖြစ်သည်။ လုပ်ကြံရန် အမိန့်ပေးသူ #သမ္မတဟောင်း_ဒေါ်နယ်ထရမ့်အား_ဖမ်းဆီးပေးရန် အီရန်၏ တိုင်ကြားချက်ကိုမူ အပြည်ပြည်ဆိုင်ရာမှု့ခင်းရဲတပ်ဖွဲ့ INTERPOL က မည်သို့မျှ  ဆောင်ရွက်ပေးနိုင်ခြင်း မရှိပေ။

…   
စစ်မက်တိုက်ခိုက်ကြရာတွင် မိမိကိုယ်မိမိ ခုခံကာကွယ်ပိုင်ခွင့်အရ လက်ဦးမှု ရရှိအောင် တိုက်ခိုက်ရပါသည်ဟု အကြောင်းပြလေ့ရှိပါသည်။ ဥပမာအားဖြင့် ဒုတိယကမ္ဘာစစ် အမေရိကန် #ပုလဲဆိပ်ကမ်းအား ဂျပန်တို့က အလစ်အငိုက် ဝင်ရောက်တိုက်ခိုက်ခြင်းမျိုးဖြစ်သည်။

…  
ထိုအကြောင်းပြချက်မှာ မှန်- မမှန်ကို အဆုံးအဖြတ်ပေးသူမှာ စစ်နိုင်သူသာဖြစ်ကြောင်း ကမ္ဘာ့သမိုင်း၌ အကြိမ်ကြိမ် တွေ့ရှိရသည်။

…  
ယခုသတင်းပါ အရပ်သား ကလေးငယ်တစ်ဦးသေဆုံး၍ ၃-ဦး ဒဏ်ရာရရှိသည်ဆိုခြင်းမှာ လည်း ဟုတ်- မဟုတ် အတည်ပြုရန် ခဲယဉ်းသည်။

…  
သို့သော် အမေရိကန်လက်ချက်ဖြင့် ကလေးငယ်သေဆုံးခြင်းအပါအဝင် အရပ်သားများ ထိခိုက်ဒဏ်ရာရရှိသည်ဆိုသော သတင်းကမူ နိုင်ငံတကာသတင်းပရိဿတ်များထံ ရောက်ရှိသွားပြီဖြစ်သည်။ နောင် အဖြစ်မှန် ပေါ်လာနိုင်သော်လည်း ပထမဆုံး သတင်းကိုသာ အများစိတ်စွဲနေမည်ဖြစ်သည်။

…  
မီဒီယာလက်နက်ဖြင့် စစ်ခင်းခြင်းကို ဆန္ဒမဲစနစ် ရွေးကောက်ပွဲဖြင့် အစိုးရဖွဲ့စည်းကြသောတိုင်းပြည်များ၌ အများဆုံးတွေ့ရှိရသည်။ မိမိဘက်မှ သွေးထွက်သံယို အသက်ဆုံးရှုံးရခြင်းထက် ငွေကို ပုံအောလျှက် သတင်းကျည်ဆန်ဖြင့် ၎င်းတို့မလိုလားသူမှန်သမျှကိုထိုးနှက်လျှက်ရှိသည်။   ။သတင်းဘာသာပြန်သူ))

(((Russia Today., 27 Jun, 2021,” Pentagon announces carrying out strikes on Iraq-Syria border ‘at Biden’s direction’’ ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာ ပြန်ဆို သည်။)))

https://www.rt.com/news/527742-biden-strike-iraq-syria-border/
https://www.rt.com/news/527647-syria-american-troops-envoy/
https://www.businessinsider.com/trump-iran-qassem-soleimani-war-crimes-lawsuit-could-win-2020-1 

Leave a Reply

Your email address will not be published.