အီရန်က အမေရိကန် စစ်အခြေစိုက်စခန်းအား ဒုံးကျည်ဖြင့် ပစ်ခတ်ခြင်း နောက်ဆက်တွဲသတင်း

ရဲဝန့်ပြောင်မြောက်သော စစ်သည်တော်အား ” နိုင်ငံတော်အဆင့်အကြမ်းဖက်သမား အမေရိကန် ” က လုပ်ကြံသည့်အတွင် စူလမန်နီစစ်ဆင်ရေးကို စတင်လိုက်ကြောင်း၊ အီရန်အစ္စလာမ်မစ်တော်လှန်ရေးအစောင့်တပ်မတော် အာကာသလေကြောင်းတပ်က အီရတ်ရှိ အမေရိကန်စစ်အခြေစိုက်စခန်းကို Fateh-110 တိုက်ချင်းပစ်ဒုံးပျံများဖြင့် ပစ်ခတ်သည်ဟု အီရန်နိုင်ငံပိုင် Sima သတင်းဌာန သတင်းရုပ်သံနှင့်တကွ ယနေ့ လွှင့်ထုတ်သည်။

အမေရိကန်က မိမိတို့အား ဗုံးကြဲခဲ့လျှင် မိမိတို့ကလည်း ဒူဘိုင်း ( ယူအေအီး ) နှင့် ဟိုင်ဖာ ( အစ္စရေး ) တို့ကို ပစ်မှတ်ထားတိုက်ခိုက်မည်ဖြစ်ပြီး အမေရိကန်နိုင်ငံ ကုန်းတွင်းပိုင်းအထိ ဆက်လက်တိုက်ခိုက်မည်ဖြစ်ကြောင်း အီရန်၏ သတင်းထုတ်ပြန်ချက်၌ ပါရှိသည်။

ပင်တာဂွန်စစ်ဌာနချုပ်က ပြောဆိုရာတွင် အေယန်အယ်လ်အာဆဒ် နှင့် အားဘီးလ် လေတပ်အခြေစိုက်စခန်းများကို အီရန်က ဒုံးကျည်ဖြင့် တိုက်ခိုက်ကြောင်း၊ စုံစမ်းစစ်ဆေးမှု့များ ပြုလုပ်နေကြောင်း ပါရှိသည်။

အီရတ်တာဝန်ရှိသူများကမူ အမေရိကန်လေတပ်အခြေစိုက်စခန်းများ ဒုံးကျည်ဖြင့် ပစ်ခတ်ခံရခြင်း မှန်ကန်ကြောင်း၊ ထိခိုက်သေဆုံးသတင်းများ ကြားသိရပြီး အမေရိကန်ညွန့်ပေါင်းတပ်ဖွဲ့ဝင် သို့မဟုတ် အီရတ်ဝန်ထမ်း မည်သူမည်ဝါဖြစ်သည်ကို အတည်ပြုရန် ဆောင်ရွက်ဆဲဖြစ်သည်ဟု ပြောဆိုသည်။

အမေရိကန် ဖက်ဒရယ်လေကြောင်းညွှန်ကြားမှု့ဋ္ဌာနက သတင်းထုတ်ပြန်ရာတွင် အီရန်၊ အီရတ် ဝေဟင်နှင့် ပါရှားပင်လယ်ကွေ့ အိုမန်ပင်လယ်ကွေ့၌

အရပ်ဖက်လေယာဉ်-ရေယာဉ်တို့ ပျံသန်းခုတ်မေင်းခြင်း မပြုသင့်ကြောင်း သတိပေးထားသည်။

အစဉ်လေးစားစွာဖြင့်

HtayOung, OungMarine

(( လတ်တလောတွင် အမေရိကန်က မည်သို့ တုန့်ပြန်ဆိုသည်ကို မသိရသေးပါ။ အီရန်-အမေရိကန် အပြန်အလှန်ပစ်ခတ်ဖြစ်ခဲ့လျှင် စစ်ပွဲဖြစ်ပွဲဖြစ်လာနိုင်စရာရှိပါသည်။ အီရန်အတွက် ပြောသလိုလုပ်ရန်မှတစ်ပါး ရွေးချယ်ရန်နည်းလမ်း များများစားစား မရှိပါ။ စစ်ပွဲကျယ်ပြန့်လာနိုင်ချေ များပါသည်။ ။ သတင်းဘာသာပြန်သူ ))

အီရတ်အမေရိကန်စစ်စခန်းကိုအီရန်တိုက်ခိုက်

https://edition.cnn.com/middleeast/live-news/us-iran-soleimani-tensions-intl-01-07-20/index.html

https://www.rt.com/news/477676-iraq-us-base-attack-videos/

0

Leave a Reply

Your email address will not be published.