အီရန်၌ ဒုတိယသမ္မတအပါအဝင် အစိုးရအဖွဲ့ဝင် ၇-ဦးတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်လျှက်ရှိပြီး ၁-ဦး သေဆုံးခဲ့၊ အီရန်သည် ဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့ခြင်းကို တားဆီးတိုက်ဖျက်ရန် ဆန္ဒမရှိ၊ တိုက်လူထုကျန်းမာရေးကို ဂရုမစိုက်၊ ဒေသတွင်းနှင့် နိုင်ငံတကာကို လှည့်ဖျားလျှက်ရှိဟု စွပ်စွဲကြ

အီရန်နိုင်ငံအစိုးရအဖွဲ့ဝင် ၇-ဦးတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခြင်းခံရကြောင်း တွေ့ရှိခဲ့ရာ အမျိုးသမီးရေးရာ ဒုတိယသမ္မတဖြစ်သူ Masoumeh Ebtekar မဆောမဲအီဘက်တီဂါလည်းပါဝင်သည်ဟု New York Times က ယနေ့ရေးသားသည်။

အီရန်အစိုးရအဖွဲ့တွင် အဆင့်အမြင့်ဆုံး အမျိုးသမီးတစ်ဦးသူ မဆောမဲအီဘက်တီဂါသည် သမ္မတ ဟာစန် ရောဟာနီ၏ လက်ထောက်တစ်ဦးဖြစ်သည်။ အစိုးရအဖွဲ့အစည်းအဝေးများတွင် သမ္မတနှင့် အတော်နီးနီးထိုင်ခုံ၌ ထိုင်ရသူတွင် အခြားအစိုးရအဖွဲ့ဝင်အချို့နှင့်အတူ ဗိုင်းရပ်စ်ပိုး ကူးစက်ခြင်းခံရကြောင်းအတည်ပြုနိုင်ခြင်းဖြစ်၍ နေအိမ်၌ ရောဂါခြေချုပ်ဖြင့် စောင့်ကြည့်ကုသပေးလျှက်ရှိကြောင်း၊ အလားတူပင် ဗိုင်းရပ်စ်စွဲရောဂါဖြင့် အခြားအစိုးရအဖွဲ့ဝင် ထင်ရှားသော ဘာသာရေးခေါင်းဆောင် ၁- ဦးမှာ သေဆုံးခဲ့သည်ဆို၏။

မကြာသေးမီက ကျင်းပပြုလုပ်သော အီရန်အစိုးရအဖွဲ့အစည်းအဝေးတွင် သမ္မတနှင့် ကိုက်အနည်းငယ်မျှ အကွာ၌ ထိုင်နေသူ မဆောမဲအီဘက်တီဂါအား တွေ့မြင်ရကြောင်း BBC ပါရှားသတင်းထောက်၏ Twitter စာမျက်နှာအရ သိရှိရသည်။

မဆောမဲအီဘက်တီဂါသညလွန်ခဲ့သည့်ဆယ်စုနှစ်လေးစုခန့်ကနိုင်ငံတကာကျော်ကြားသည့်တဟီရန် အ မေရိကန်သံရုံးအရေးအခင်း” တွင် အမေရိကန်တို့က ‘Screaming Mary’ “ အသံကျယ်ကျယ် မေရီ “ ဟု အ မည်ပေးခြင်းခံရသူဖြစ်သည်။ ၎င်းသည် ထိုစဉ်က အမေရိကန်သံရုံးအမှု့ထမ်း ၅၂-ဦးတို့အား ဖမ်းဆီးသူများ၏ ပြောရေးဆိုခွင့်ရှိသူအဖြစ် တာဝန်ယူခဲ့ကြောင်း တွေ့ရှိရသည်။

လွန်ခဲ့သည့် ဖေဖော်ဝါရီ ၁၉-ရက် အီရန်နိုင်ငံ ဘာသာရေးအထွဋ်အမြတ်မြို့တော် Qom “ ကုမ်း “တွင် ကိုရိုနာ ဗိုင်းရပ်စ်ကူးစက်လျှက်ရှိကြောင်း သတင်းများထွက်ပေါ်ခဲ့သည်။ အမေရိကန်၏ ဒါဏ်ခတ်ပိတ်ဆို့မှုများအပြီး တရုတ်နှင့် စီးပွားရေးဆက်ဆံမှု နီးကပ်စွာ ထူထောင်ခဲ့သည့် အီရန်တွင် ယခုအခါ ဗိုင်းရပ်စ်ကူးစက်ကြောင်း အတည်ပြုခံရသူများ၌ အစိုးရအဖွဲ့ထိပ်တန်းပုဂ္ဂိုလ်များ ပါဝင်လာခြင်းဖြစ်သည်။ အီရန်သည် အိမ်နီချင်းနိုင်ငံ များအား ဗိုင်းရပ်စ်ကူးစက်စေသည့် အရင်းအမြစ်နေရာအဖြစ် ဒေသတွင်း၌ ပြောဆိုကြရန်ဖြစ်လာခဲ့သည်။

အီရန်ကျန်းမာရေးဌာနသတင်းထုတ်ပြန်ချက်အရ နိုင်ငံအတွင်း ဗိုင်းရပ်စ်ကူးစက်အတည်ပြုခံရသူ ၂၄၅-ဦးရှိပြီး၊ ၂၆-ဦး သေဆုံးခဲ့ပြီး အများစုမှာ ရှီယာဘုရားဖူတို့ လာရောက်လေ့ရှိရာ “ ကုမ်းမြို့ “မှဖြစ်ကြောင်း သိရှိရသည်။

SARS-CoV-2 ကိုရိုနာဗိုင်းရပ်သစ်စွဲကပ်ခြင်းကြောင့် COVID-19 ရောဂါဖြင့် သေဆုံးသူအရေအတွက်တွင် တရုတ်နိုင်ငံပြီးလျှင် အီရန်သည် အများဆုံးဖြစ်သည်။ အဆိုပါဗိုင်းရပ်စ်ကူးစက်ခံရလျှင် WHO သတ်မှတ် လူသေဆုံးနှုန်း ၂ ရာနှုန်းရှိပြီး၊ တရုတ်တွင် ၃.၅ ရာနှုန်းနေချိန်၌ အီရန်တွင် ၁၁-ရာနှုန်းသေဆုံးနေသည်မှာ မေးခွန်းထုတ်ဖွယ်ဖြစ်ကြောင်း nbcnews က ယနေ့ရေးသားသည်။ အီရန်သည် ကူးစက်ရောဂါကျ ရောက်နေ သော ဧရိယာတို့၌ အသွားအလာ တားဆီးခြင်းမရှိ၊ လူသေဆုံးမှု တရိပ်ရိပ်မြင့်တက်နေသည့် အဓိကမြို့ကြီးများ ကိုလည်း ရောဂါခြေချုပ်ချထားခြင်းမရှိ၊ လူထုကျန်းမာရေးကို အလေးမထားပဲ ကြောက်မက်ဖွယ် ရောဂါပျံ့ပွား နေခြင်းမှ တားဆီးကာကွယ်ရန် ဆန္ဒရှိပုံမရကြောင်း Bloomberg က ယနေ့စွပ်စွဲဖော်ပြသည်။  

အီရန်ပါလီမန်တွင် အမတ်အများစုမှာ ဗိုင်းရပ်စ်ကြောင့် လူသေဆုံးမှုအများဆုံးဖြစ်ပွားနေသည့် “ ကုမ်းမြို့ “ မှ ဖြစ်ကြောင်း၊ အီရန်၏ ဖျားနာ-သေဆုံးနှုန်းမှာ ၎င်းအစိုးရတရားဝင်သတင်းထုတ်ပြန်သည်ထက် ပိုမိုများပြား သည်ဟု သတင်းများထွက်ပေါ်လျှက်ရှိကြောင်း၊ ထိုသတင်းကို လွန်ခဲ့သည့်ရက် သတင်းစာ ရှင်းလင်းပွဲ၌ ဒေါသတကြီးပယ်ချသည့် ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး အီရပ်ချ်ကာရစ်ချီမှာ သတင်းစာရှင်းလင်း နေချိန်၌ပင် ဖျားနာနေဟန် တွေ့မြင်ရပြီး နောက်တစ်ရက်တွင် ဗိုင်းရပ်စ် ကူးစက်ခြင်းခံရကြောင်း တရားဝင် သတင်းထုတ်ပြန်နေရကြောင်း သတင်း၌ ဆက်လက်ဖော်ပြသည်။

(( နားထောင်ရ ခက်ကောင်း ခက်မည်ဖြစ်သော်လည်း ကွာရန်တင်း Quarantine ဆိုသည်မှာ “ ရောဂါခြေချုပ် “ သာလျှင်ဖြစ်သည်။ Isolation သီးခြားခွဲထားခြင်းလည်းမဟုတ်၊ Intensive Care အထူးကြပ်မတ်ကုသပေးခြင်း လည်း မဟုတ်ပါ။  ကွာရန်တင်း Quarantine ဆိုသည်မှာ ကျန်းမာရေးနှင့် ပတ်သက်၍ ပြဌာန်းထားသော ဥပဒေကြောင်းသာလျှင်ဖြစ်သည်။ တည်ဆဲ မြန်မာနိုင်ငံ ပြစ်မှု့ဆိုင်ရာဥပဒေ အခန်း ( ၁၄ )၊ ပုဒ်မ ၂၆၉-၂၇၀ နှင့် ၂၇၁ တွင် အတိအလင်းဖော်ပြထားကြောင်း တွေ့ရှိရပါသည်။

COVID-19 ရောဂါမှာ ဖြစ်လာလျှင် တစ်ဦးတည်း-တစ်မြို့တည်း-တစ်နိုင်ငံတည်း၌သာ သန့်သန့်လေး သတ် မှတ်ဖြစ်ပွားမည့် ရောဂါမဟုတ်ပါ။ လူအများ အသက်ဘေးအန္တရာယ်ကျရောက်စေသည့် ကူးစက်ရောဂါ သာလျှင်ဖြစ်သည်။

လုပ်တာက “ ကွာရန်တင်း”၊ အများသိသတင်းထုတ်ပြန်ရာ၌ ထိုစကားလုံးဝေါဟာရမပါပဲ “ မခို့တရို့ “ လေး လုပ် နေခြင်းသည်ပင်လျှင် ပုဒ်မ-၂၆၉ နှင့် ငြိစွန်းနေပြီး၊  တစ်နေ့နေ့တွင် အီရန်ကဲ့သို့ နိုင်ငံတကာ ထောက်ပြဝေဖန် ခံရလျှင် နိုင်ငံတော်နှင့် နိုင်ငံသားတို့ပါ တံတွေးခွက် ပက်လက်မျောမည်ဖြစ်သည်။  ။ သတင်းဘာသာပြန်သူ ))

 ((( New York Times.,28 Feb.2020, ” Iran Vice President Is One of 7 Officials to Contract Coronavirus.” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။ )))

https://twitter.com/HadiNili/status/1233027870601117696/photo/2

https://www.telesurtv.net/news/iran-muere-exembajador-seyed-hadi-khosrowshahi-coronavirus-20200227-0023.html

https://www.nbcnews.com/health/health-news/why-iran-s-reported-mortality-rate-coronavirus-higher-other-countries-n1142646

https://www.bloomberg.com/opinion/articles/2020-02-27/iran-can-t-be-trusted-to-contain-the-coronavirus

1+

Leave a Reply

Your email address will not be published.