အီရန်၏ လေကြောင်းတိုက်ခိုက်မှု့ကြောင့် မိမိတို့ဘက်တွင် သေဆုံးသူမရှိဟု ပင်တာဂွန်အတည်ပြု၊ အီရန်က သတိပေးယုံ တမင်လွှဲချော်ပစ်ခြင်းဟု သံသယရှိကြ။ အီရတ်မှ ကနေဒါနှင့် ဂျာမနီ တပ်ဖွဲ့ဝင်များ ယာယီထွက်ခွာ။ ဒေါ်နယ်ထရမ့် ပြည်သူလူထုသို့ အစီရင်ခံမည်

အမေရိကန်သည် အီရတ်ရှိ ညွန့်ပေါင်းတပ်များအတွက် ရာနှုန်းပြည့် တာဝန်ယူ-တာဝန်ခံမှု့ရှိကြောင်း၊ ယနေ့နံနက်စောစောပိုင်း အီရန်က ဒုံးကျည် ၂၂ – စင်းဖြင့် ပစ်ခတ်ခဲ့သော်လည်း အသေအပျောက်လုံး၀ မရှိကြောင်း ပင်တာဂွန်စစ်ဋ္ဌာနချုပ်က ပြောဆိုသည်ဟု CNN က ယနေ့ရေးသားသည်။

အီရတ်နိုင်ငံတွင် တပ်စွဲထားသော အေယန်အယ်လ်အဆဒ် အမေရိကန် လေတပ်အခြေစိုက်စခန်းနှင့် အာဘီလ်လေယာဉ်ကွင်းတို့ကို အီရန် ဒုံးကျည်ဖြင့် ပစ်ခတ်ခဲ့ရာတွင် အမေရိကန်ဦးဆောင်ညွန့်ပေါင်း တပ်ဖွဲ့ဝင် ၈၀-ဦး သေဆုံးသည်ဟု အီရန်က သတင်းထုတ်ပြန်ခဲ့သည်။ သို့သော် ပစ်ခတ်မှု့ဖြစ်ပွားပြီး အီရတ်အာဏာပိုင်များက ပြောကြားရာ၌ ထိခိုက်ဒါဏ်ရာရသူ ရှိကြောင်း အီရတ်ဝန်ထမ်း သို့မဟုတ် ညွန်ပေါင်းတပ်ဖွဲ့ဝင် ဟုတ်-မဟုတ်ဆိုသည်ကို စိစစ်ဆဲဖြစ်သည်ဟု Russia Today က ရေးသားခဲ့ပြီး လူ ၈၀ သေဆုံးသတင်းမမှန်ကြောင်း မြေပြင်ဒေသန္တရသတင်းထောက်များ၏ သတင်းပေးချက်ကို Twitter စာမျက်နှာနှင့်တကွ ဖော်ပြခဲ့သည်။

အီရန်သည် အီရတ်ရှိ အမေရိကန်ပစ်မှတ်များကို ဒုံးကျည်အစင်းပေါင်းများစွာဖြင့် ပစ်ခတ်သော်လည်း သေဆုံး-ပျက်စီးမှု့ မရှိရခြင်းမှာ ( သတိပေးယုံ ) တမင်လွှဲချော်၍ ပစ်ခြင်းဖြစ်နိုင်ကြောင်း ယနေ့ CNN နှင့် Telegraph တို့က ဝေဖန်ရေးသားသည်။ သို့သော်လည်း အီရန်၏ ဒုံးကျည်နည်းပညာလိုအပ်ချက်အရ ထိမှန်ချက် အားနည်းခြင်းလည်း ဖြစ်နိုင်ကြောင်း စစ်ရေးအကဲခတ်အချို့က ပြောဆိုကြပြီး အမေရိကန်နှင့် ဥရောပနိုင်ငံများ၏ အဆင့်မြင့် လေကြောင်းရန် ကာကွယ်ရေးစံနစ်နှင့် အမြင့်ဆုံးတပ်လှန့်ထားချိန် ညွန့်ပေါင်း လေတပ် အခြေစိုက်စခန်းကို အထိနာသည်အထိ ဒုံးကျည်ဖြင့် ပစ်ခတ်ရန် အခွင့်အလမ်းနည်းပါးကြောင်း ထောက်ပြလျှက်ရှိသည်။

အီရတ်နိုင်ငံ ညွန့်ပေါင်းတပ်ဖွဲ့ရှိ မိမိတို့ တပ်ဖွဲ့ဝင်အချို့ကို လက်ရှိဖြစ်ပေါ်နေသော လုံခြုံရေးအခြေအနေအရ ယာယီပြန်လည်ခေါ်ယူမည်ဖြစ်ကြောင်း ကနေဒါနှင့် ဂျာမနီနိုင်ငံတို့က ပြောဆိုသည်ဟု ယမန်နေ့ Russisa Today က ဖော်ပြထားသည်။

အမေရိကန်က ပင်လယ်ကွေ့သို့ တပ်များတိုးမြှင့်စေလွှတ်လျှက်ရှိသော်လည်း အီရန်အား တုန့်ပြန်တိုက်ခိုက်မည့်အစီအစဉ်နှင့်ပတ်သက်၍ သတင်းများငြိမ်သက်လျှက်ရှိသည်။

အမေရိကန်သမ္မတဒေါ်နယ်ထရမ့်သည် အမေရိကန်ပြည်သူလူထုသို့ အစီရင်ခံမည်ဖြစ်ရာ ယနေ့ ( နယူးယောက်စံတော်ချိန် နံနက် ၁၁-နာရီ၊ မြန်မာစံတော်ချိန် ည ၁၀း၃၀ နာရီတွင် အိမ်ဖြူတော်မှ တိုက်ရိုက်ရုပ်သံလွှင့်ထုတ်ရန် စီစဉ်ထားသည်။

အစဉ်လေးစားစွာဖြင့်

#HtayOung, #OungMarine

https://edition.cnn.com/2020/01/08/middleeast/iran-base-strikes-logic-intl/index.html

https://edition.cnn.com/videos/world/2020/01/08/us-forces-at-iraq-base-missiles-sot-vpx.cnn

https://edition.cnn.com/2020/01/07/politics/rockets-us-airbase-iraq/index.html

https://www.telegraph.co.uk/news/2020/01/08/iran-launches-missile-attack-us-bases-iraq-latest-news/

https://www.rt.com/news/477661-canadian-troops-relocated-iraq-kuwait/

https://www.rt.com/news/477624-germany-troop-withdrawal-iraq/

0

Leave a Reply

Your email address will not be published.