အီကွေဒေါ စစ်ဖက်နှင့်ရဲတပ်ဖွဲ့ဝင်များက နိုင်ငံ့မြို့တော်အတွင်း ရုပ်အလောင်း ၈၀၀ ခန့်ကို လိုက်လံကောက်ယူ ဖယ်ရှားပေးနေ။ စီးပွားရေးချွတ်ချုံကျမှု၊ လွဲမှားသော စီမံခန့်ခွဲမှုတို့ကြောင့် လျှင်မြန်စွာကူးစက်ပျံ့နှံ့လာသည့် Covid-19 ကပ်ရောဂါဆိုးကို ကာကွယ်တိုက်ဖျက်ရန် အခက်တွေ့ရ

Covid-19 ရောဂါ ကူးစက်ပျံ့ပွားရာ ဗဟိုချက်ဖြစ်နေသော ဂွာယာကီးလ်မှ ရုပ်အလောင်း ၈၀၀ နီးပါးကို စစ်ဖက်နှင့် ရဲတပ်ဖွဲ့ဝင်များက ယခုရက်သတ္တပတ်အတွင်း ကောက်ယူဖယ်ရှားပေးလိုက်ပြီဖြစ်ကြောင်း အီကွေဒေါနိုင်ငံက သတင်း ထုတ်ပြန်သည်ဟု Al Jazeera က ယနေ့ ရေးသားသည်။ ကိုရိုနာဗိုင်းရပ်အသစ်ကြောင့် ဖြစ်ပွားသော Covid-19 ကူးစက်ရောဂါသည် တောင်အမေရိကတိုက် အီကွာဒေါနိုင်ငံ ဂွာယာကီးလ်မြို့အား ပြင်းထန်စွာထိုးနှက်လျှက်ရှိရာ တစ်မြို့လုံး၌ အရေးပေါ်ဝန်ဆောင်မှုပေးသူများ၊ ဆေးရုံများနှင့် ဈာပနအခန်းအနားတို့ဖြင့် ပြည့်နှက်နေသည်။

ပစိဖိတ်သမုဒ္ဒရာအား မေးတင်လျှင်ရှိသည့် နိုင်ငံ့အကြီးဆုံးမြို့ကြီးရှိ ရင်ခွဲရုံလုပ်သားများသည် ရုပ်အလောင်းများ စုပုံကျ လာသည့် အခက်အခဲများကို ဖြေရှင်းနိုင်ခြင်းမရှိခဲ့ချေ။ လမ်းများပေါ်တွင် ဖြစ်သလိုစွန့်ပစ်ထားသည့် ရုပ်အလောင်းဗွီဒီယိုနှင့် သတင်းဓါတ်ပုံများကို မြို့နေထိုင်သူတို့က ဆိုရှယ်မီဒီယာတွင်ဗီဒီယိုများ၌ လွှင့်တင်နေကြသည်။

” အလုပ်အဖွဲ့ “အနေနဲ့ လူနေအိမ်တွေဆီက လိုက်လံကောက်ယူပေးထားတဲ့ အလောင်းအရေအတွက်ဟာ ၇၀၀ ကျော်သွားပြီ” ဟု ဂျော့ဝပ်တက်က ပြောကြားသည်။ သူသည် COVID-19 ရောဂါကြောင့် ပရမ်းပတာဖြစ်မှုများအားကူညီရန် အစှိးရက ဖွဲ့စည်းပေးခဲ့သော ရဲနှင့်စစ်တပ်မှ တပ်ဖွဲ့ဝင်များကို ဦးဆောင်သူဖြစ်သည်။ လွန်ခဲ့သည့် ရက်သတ္တ ၃-ပတ်အတွင်း ရင်ခွဲရုံများ၌ ပြည့်လျှံနေသော ရုပ်အလောင်း ၆၃၁-လောင်းနှင့်၊ နေအိမ်များမှ ရုပ်အလောင်း ၇၇၁-လောင်းတို့ကို သယ်ယူရှင်းလင်းပေးခဲ့ပြီးဖြစ်ကြောင်း “ ပူးတွဲအလုပ်အဖွဲ့ “ ၏ Twitter စာမျက်နှာတွင် လွန်ခဲ့သည့် တနင်္ဂနွေနေ့၌ ဂျော့ဝပ်တက် ရေးသားသည်။

သို့သော် သေဆုံးသူများမှာ မည်သည့်အကြောင်းကြောင့်ဖြစ်ကြောင်း ဖော်ပြထားခြင်းမရှိပါ။ အာဏာပိုင်များက မြှုပ်နှံသဂြ ႋုလ်ပေးခဲ့ကြောင်းသာ ပါရှိသည်။

ဖေဖော်ဝါရီလ (၂၉) ရက်နေ့တွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါလက္ခဏာ ပြသသူအကြောင်း ပထမဆုံးအတည်ပြုပြီးကတည်းက အီကွေဒေါနိုင်ငံသည် ယခုအချိန်ထိ ကူးစက်ခံရမှု ၇,၅၀၀ ကို တရားဝင်ဖော်ပြထားသည်။အီကွာဒေါတစ်နိုင်ငံလုံး၏ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ ၇၀ ရာနှုန်းကျော်သည် ပစိဖိတ်ကမ်းခြေတွင်တည်ရှိသော ဂွာယပ်ပြည်နယ်မှဖြစ်ပြီး ဂွာယာကီးလ်တစ်မြို့တည်း၌ပင် ကူးစက်ခံရသူ ၄,၀၀၀ ရှိကြောင်း အစိုးရ၏ သတင်းထုတ်ပြန်ချက်၌ ပါရှိသည်။

နေ့စဉ် ၁၅-နာရီကြာမှ သတ်မှတ်ချိန်အတွင်း အပြင်မထွက်ရအမိန့်ကြောင့် နေအိမ်ဈာပန အစီအစဉ်များ ကမောက်ကမဖြစ်ရပြီး တရားဝင်လုပ်ထုံးအရ သေဆုံးသူတို့၏ ရုပ်အလောင်းများ ရင်ခွဲစစ်ဆေးရန်မှာလည်း နှောင့်နှေးခဲ့ရသည်။ ဂွာယာကီးမြို့ ရေခဲတိုက်တွင် မနိုင်မနင်းဖြစ်မှု့ လွန်ကဲပြီးနောက် စစ်ဖက်နှင့် ရဲတပ်ဖွဲ့များက နေအိမ်များမှ ရုပ်အလောင်းများကို ၃-ပတ်ကြာမျှ သယ်ယူဖယ်ရှားပေးခဲ့ရသည်။

ထိုစဉ်အတောအတွင်း လမ်းများပေါ်တွင် စွန့်ပစ်ထားသည့် ရုပ်အလောင်းများ၏ ဓါတ်ပုံ-ဗွီဒီယိုနှင့် အကူအညီတောင်းခံချက်တို့ကို မြို့နေ၎င်းတို့မိသားစုဝင်များက လူမှု့ကွန်ရက်၌ လွှင့်တင်ခဲ့ကြသည်။

ငွေကြေးအခက်အခဲအပါအဝင် အကြောင်းအမျိုးမျိုးကြောင့် ဆွေမျိုးသားချင်းများမစွမ်းဆောင်နိုင်သည့် အလောင်းမြှုပ်နှံခြင်းများကို အီကွာဒေါအစိုးရက လုပ်ဆောင်ပေးသည်။

ဧပြီလ စောစောပိုင်းတွင် ဂျော့ဝပ်တက်က ပြောဆိုရာ၌ ဂွာယာပြည်နယ်အတွင်း ယခုလများ၌ Covid-19 ရောဂါနှင့် ဆက်နွယ်လျှက် သေဆုံးသူ ၂,၅၀၀ မှ ၃,၀၀၀ အထိရှိနိုင်ကြောင်း ဆေးဘက်ဆိုင်ရာကျွမ်းကျင်သူများ က ကံမကောင်းအကြောင်းမလှစွာ ခန့်မှန်းထားကြောင်း ပါရှိသည်။

(( အီကွာဒေါနိုင်ငံ၏ Covid-19 နှင့်ပတ်သက်၍ ယခင်က နိုင်ငံတကာမီဒီယာကြီးများ၌ ဖော်ပြခြင်း မတွေ့ရပါ။ ကူးစက်ရောဂါကပ်၏ အခြေအနေအသေးစိတ်ကို မှတ်တမ်းပြုဖော်ပြပေးနေသည့် Worldometer နှင့် Johns Hopkins University တို့၏ ကိန်းဂဏန်းများတွင်လည်း အီကွာဒေါနိုင်ငံ၌ ကိုရိုနာဗိုင်းရပ်စ်ကြောင့် လွန်ခဲ့သော ၂၄-နာရီအတွင်း သေဆုံးသူ ၈၁-ဦးအပါအဝင် စုစုပေါင်း ၃၅၅-ဦးဟု ယခုသတင်းရေးသားချိန်အထိ ဖော်ပြထားပါသည်။ အီကွာဒေါအစိုးရ ဖွဲ့စည့်ပေးထားသည့် “ ပူးတွဲအလုပ်အဖွဲ့ “ ၏ Twitter အရပင်လျှင် ၇၀၀ ကျော်နေသဖြင့် နားမလည်နိုင်အောင်ဖြစ်ရသည်။

အီကွာဒေါအစိုးရကမူ တရားဝင်ထုတ်ပြန်သည့် အရေအတွက်ကိုသာ လက်ခံကြရန် တိုက်တွန်းနေသည်။ မီဒီယာကြီးများ၏ အီကွာဒေါနှင့် ပတ်သက်သည့် စောစောပိုင်း သတင်းဖော်ပြချက်များတွင် ဂွာယာကီးလ်မြို့ အအေးတိုက်၌ လူသေအလောင်းများ မနိုင်မနင်းဖြစ်နေပုံသာ ပါရှိပြီး သေဆုံးအရေအတွက်နှင့် ပတ်သက်၍ စောဒကတက်ခြင်း မတွေ့မိပါ။

အီကွာဒေါသည် အမေဇုံသစ်တောကြီးနှင့် ထိစပ်လျှက်ရှိရာ မြို့ပေါ်ရောက် ဋ္ဌာနေတိုင်းရင်းသားတို့မှာ ဗိုင်းရပ်စ်ရောဂါကို ကြောက်ရွံ့၍ မူလနေရပ် တောတွင်း ပြန်ပြေးကြကြောင်း၊ စီးပွားရေးချွတ်ချုံကျလျှက်ရှိသည့် လက်တင်အမေရိကနိုင်ငံတို့တွင် Covid-19 ကူးစက်ကပ်ရောဂါအား ကာကွယ်တိုက်ဖျက်ရန် အကြပ်ရိုက် အခက်တွေ့နေကြပုံကိုမူ ဖော်ပြကြကြောင်း တွေ့ရှိရပါသည်။ ။ သတင်းဘာသာပြန်သူ ))

((( Al Jazeera., Apr 12, 2020, “Police collect nearly 800 bodies from Ecuador’s virus epicenter. Ecuador has recorded 7,500 cases of the coronavirus since the first diagnosis was confirmed on February 29.” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။ )))

#ကိုရိုနာဗိုင်းရပ်အီကွေဒေါစစ်ဖက်နှင့်ရဲတပ်ဖွဲ့ဝင်များကရုပ်အလောင်းများလိုက်လံကောက်ယူ

https://www.aljazeera.com/news/2020/04/police-collect-800-bodies-ecuador-virus-epicentre-200413082635865.html

https://www.bbc.com/news/av/world-latin-america-52234127/coronavirus-ecuador-struggles-to-bury-its-victims

https://www.france24.com/en/20200413-ecuador-says-police-collect-nearly-800-bodies-from-city-badly-hit-by-covid-19

https://www.bangkokpost.com/world/1898910/police-collect-nearly-800-bodies-from-ecuadors-virus-epicenter

https://www.aljazeera.com/indepth/features/indigenous-race-ecuador-amazon-escape-coronavirus-200325132155853.html

https://gisanddata.maps.arcgis.com/apps/opsdashboard/index.html?fbclid=IwAR0tOhUl59T4ql89uyu8fgwqjI3F4AOGGL5U8M_s5RQurA0mqtzgoGJlcVE#/bda7594740fd40299423467b48e9ecf6

https://www.worldometers.info/coronavirus/

0

Leave a Reply

Your email address will not be published.