အူခီယာဒုက္ခသည်စခန်း မီးလောင်ခြင်းမှာ တမင်ဖျက်ဆီးမှုဖြစ်ဟု ဒေသခံများ ပြော။ စခန်းနေသူများနှင့် မီးသတ်များက မီးငြိမ်းသတ်နေစဉ် ဒုက္ခသည်ဘင်္ဂါလီလူငယ်တစ်စုက ဝိုင်းဝန်းတိုက်ခိုက်ဟု မီးသတ်ဋ္ဌာနမှူး ဆို။ မီးလောင်ရသည့် အကြောင်းရင်းကိုမူ မသိရှိရသေးဟု ရဲတပ်ဖွဲ့က ငြင်း


ဧပြီ-၁၂ ရက်နေ့ မွန်းလွဲ ၂း၃၀ နာရီခန့်တွင် ကော့ခ်ဘဇားဒေသ ပါလောင်ခါလီယူနီယံ ဘလွတ်ခါလီ #ဒုက္ခသည်_ဘင်္ဂါလီ (မူရင်း ရိုဟင်ဂျာဟုဖော်ပြ) စခန်း၌ မီးလောင်ကျွမ်းမှုဖြစ်ပွားကြောင်း၊ မီးသတ်စခန်း ၂-ခုမှ သွားရောက် မီးငြိမ်းသတ်ခဲ့ရာ မွန်းလွဲ ၃-နာရီခန့်တွင် မီးထိန်းနိုင်ခဲ့ကြောင်း၊ လူမှုရေးစင်တာတစ်ခုနှင့် ဗလီတစ်ဆောင်မှာ မီးလောင်ဆုံးရှုံခဲ့ရပြီး အဆိုပါ အဖြစ်အပျက်တွင် ထိခိုက်ဒဏ်ရာရသူ မရှိကြောင်း အူခီယာ မီးသတ်ဋ္ဌာနမှူးက ပြောကြားသည်ဟု ဘင်္ဂလားအခြေစိုက် Bdnews24 ဒစ်ဂျစ်တယ် မီဒီယာက (Apr 12, 2021) က ရေးသားသည်။

..   
သို့သော်လည်း #သန္တိဂေဟာ ခေါ် ၎င်း လူမှုရေးစင်တာကို ပြစ်မှုကျူးလွန်သူအချို့က မီးတင်ရှို့ကြခြင်းဖြစ်ပြီး အနီးရှိ ဗလီသို့ ကူးစက်မီးလောင်ရခြင်းဖြစ်သည်ဟု ဒေသခံများက ပြောဆိုကြကြောင်း၊ စခန်း၌နေထိုင်သူများနှင့် မီးသတ်ဝန်ထမ်းများက မီးငြိမ်းသတ်နေစဉ် ဒုက္ခသည်ဘင်္ဂါလီလူငယ်တစ်စုက ဝိုင်းဝန်းတိုက်ခိုက်ကြသည့်အတွက် အဆိုပါနေရာမှ မီးသတ်သမားများ ထွက်ခွာခဲ့ရကြောင်း၊ ရဲတပ်ဖွဲ့ကမူ မီးလောင်ရသည့် အကြောင်းရင်းကို မသိရှိရသေးဟု ပြောဆိုကြောင်း မီးသတ်ဋ္ဌာနမှူးက ရှင်းပြသည်။… 

 
အခင်းဖြစ်ပွားခြင်းနှင့်ပတ်သက်၍ #ဒုက္ခသည်ကယ်ဆယ်ရေးနှင့်_နေရပ်ပြန်ရေးဆိုင်ရာကော်မရှင်နာရုံး #RRRC မှ ဝန်ထမ်းများနှင့် ဒေသခံရဲတပ်ဖွဲ့ကို ဆက်သွယ်နိုင်ခြင်း မရှိပါ။

(((Bdnews24., 12 Apr 2021, “ Fire at Ukhiya Rohingya camp is an act of sabotage: locals” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။ )))



#အူခီယာဒုက္ခသည်စခန်း_မီးလောင်ခြင်းမှာ_တမင်ဖျက်ဆီးမှုဖြစ်

https://bdnews24.com/bangladesh/2021/04/12/fire-at-ukhiya-rohingya-camp-is-an-act-of-sabotage-locals 

+1

Leave a Reply

Your email address will not be published.