အနောက်ကမ္ဘာအား ကယ်တင်ရန် ဒေါ်နယ်ထရမ့် ပြန်လည် ရွေးကောက်ခံရမှ ဖြစ်မည်ဟု အိုစမာဘင်လာဒင်၏ တူမဖြစ်သူ ထောက်ခံ။ အိုင်စစ်အစွန်းရောက် အကြမ်းဖက်ဆိုသည်မှာ အိုဘားမား-ဘိုင်ဒင်အစိုးရ လက်ထက်တွင် ပေါ်ပေါက်ပွားများလာပြီး ထရမ့်က ကာကွယ်ခဲ့ဟု ထောက်ပြ

ရွေးကောက်ပွဲနီးကပ်လာချိန်တွင် မဲဆွယ်စည်းရုံးလျှက်ရှိသော နိုင်ငံရေးသမားတိုင်းအတွက် လူသိများထင်ရှားသူတို့၏ ထောက်ခံချက်များ အသည်းအသန်လိုအပ်လေ့ရှိသည်။ အမေရိကန်သမ္မတရာထူးအတွက် ရွေးကောက်ပွဲ ထပ်မံယှဉ်ပြိုင်မည့် ဒေါ်နယ်ထရမ့်အား ထောက်ခံသူမှာ 9/11 အကြမ်းဖက်မှုကြီးအား ကြိုးကိုင်ခဲ့ခြင်းကြောင့် ထင်ရှားသည့် အိုစမာဘင်လာဒင်၏ ဆွေမျိုးသားချင်းဖြစ်နေသည်ဟု Russia Today က ယမန်နေ့ရေးသားသည်။

စနေနေ့သတင်းစာနှင့် တွေ့ဆုံရာ၌ နာမည်ဆိုးဖြင့် ကျော်ကြားသူ ဦးလေး အိုစမာဘင်လာဒင်နှင့် အမြင်စရိုက်ကွဲပြားသည့် နူးရ်ဘင်လာဒင်က ပြောဆိုရာတွင် လာမည့်ရွေးကောက်ပွဲ၌ သမ္မတအဖြစ် ဒေါ်နယ်ထရမ့် ပြန်လည်ရွေးကောက်ခံရမှသာလျှင် အနောက်ကမ္ဘာအား ကယ်တင်နိုင်လိမ့်မည်ဖြစ်ကြောင်း ရှင်းပြခဲ့သည် ဆို၏။

အစ္စလာမ်မစ်နိုင်ငံတော်ထူထောင်သူ ISIS အိုင်စစ်အစွန်းရောက်အကြမ်းဖက်ဆိုသည်မှာ သမ္မတအိုဘားမားနှင့် ဒုတိယသမ္မတ ဂျိုးဘိုင်ဒင်တို့၏ အမေရိကန်အစိုးရလက်ထက်တွင် ပေါ်ပေါက်လာပြီး တစ်ဟုန်ထိုးပွားများလာခြင်းဖြစ်ကြောင်း၊ ပြည်ပခြိမ်းခြောက်မှုများ၏ အရင်းအမြစ်ဖြစ်သော အကြမ်းဖက်သမားတို့အား လက်ဦးအောင် တိုက်ခိုက်ခွင့်မပေးပဲ ချေမှုန်းမှုတိုးချဲ့ခြင်းဖြင့် အမေရိကန်နှင့် အနောက်ကမ္ဘာနေထိုင်သူတို့အား ကာကွယ်ပေးနိုင်သည်ကို ဒေါ်နယ်ထရမ့်က ပြသနိုင်ခဲ့ကြောင်း နူးရ်ဘင်လာဒင်က ပြောကြားခဲ့သည်ဟု သိရှိရသည်။

နူးရ်ဘင်လာဒင်သည် ဆွစ်ဇာလန်နိုင်ငံတွင် နေထိုင်သူဖြစ်ပြီး အမေရိကန်သို့ မကြာခဏလာရောက် လည်ပတ်လေ့ရှိသည်။ အမေရိကန် ကွန်ဆာဗေးတစ်နိုင်ငံရေးလောကသား အများအပြားတို့နှင်လည်း တွေ့ဆုံလေ့ရှိသည်။ ‘Make America Great Again’ “ ကြီးမြတ်သော အမေရိကန်ကို ပြန်လည်တည်ဆောက်ကြစို့ ” စာတန်းပါ ဦးထုပ်ကို ဆောင်းထားလေ့ရှိပြီး၊ Fox News မှ နိုင်ငံရေးလေ့လာချက်များ တင်ဆက်သူ အမေရိကန် ကွန်ဆာဗေးတစ် “ တူကာ ကာလ်ဆန်” ၏ ဟောပြောချက်များကို အနှစ်သက်ဆုံးဖြစ်သည်ဟု ထုတ်ဖော် ပြောလေ့ရှိသည်။ ဒေါ်နယ်ထရမ့်ကိုယ်တိုင် တဇေါင်းစေးနှင့် မျက်ချေးဖြစ်သူ မင်နီဆိုတာပြည်နယ် ကိုယ်စား လှယ် ကွန်ဂရက်အမတ် လူမည်းအမျိုးသမီး “ အီလ်ဟန်အိုမာ “ အား “ ကိုယ့်တိုင်းပြည် ကိုယ်မချစ်တတ်သူ “ အဖြစ် ဝေဖန်ရှုတ်ချခဲ့ဖူးသည်။

နူးရ်ဘင်လာဒင်သည် ဒေါ်နယ်ထရမ့်သမ္မတလောင်းအဖြစ် တစ်ပြေးလျှက်ရှိစဉ် ၂၀၁၅ နှစ်တည်းက လေးစားသူဖြစ်ပြီး ထရမ့်၏ နိုင်ငံရေးသဘောထားအမြင်များအား ထောက်ခံသူဖြစ်သည်။ လာမည့်ရွေးကောက်ပွဲတွင် ဒေါ်နယ်ထရမ့် ဆက်လက်ရွေးကောက်ခံရစေရန် လိုအပ်ပြီး အမေရိကန်သာမက အနောက်ကမ္ဘာ၏ အနာဂါတ်လူမှု့ဘဝတို့အတွက် ဒေါ်နယ်ထရမ့်မှာ အလွန်အရေးကြီးကြောင်း ပြောဆိုသည်။

နူးဘင်လာဒင်၏ ထောက်ခံချက်မှာ Twitter အသုံးပြုသူများကြားတွင် အံ့သြစရာဖြစ်ခဲ့ရပြီး ပြောင်လှောင်သူများလည်း ရှိနေခဲ့သည်။ အိုစမာဘင်လာဒင်တွင် အဖေတူ အမေကွဲ ညီအကို မောင်နှမ ၅၄-ဦး ရှိသည်။ အဖေတူအမေကွဲ အစ်ကိုကြီး ယီမင်ဇာတိဖွား ဆွစ်ဇာလန်နိုင်ငံသား ယဲစလင်းဘင်လာဒင်က နူးဘင်လာဒင်ကို ၁၉၈၇-ခုနှစ် ဆွစ်ဇာလန်တွင် မွေးဖွားသည်။

အစွန်းရောက် ဂျီဟဒ်အယူအဆများကြောင့် အိုစမာဘင်လာဒင်၏ နာမည်အား ကမ္ဘာကျော်စေခဲ့သော်လည်း “ ဘင်လာဒင်” မျိုးရိုးအမည်ပါ သူ၏ဆွေမျိုးသားချင်းအချို့မှာ ခြားနားသော အမြင်ရှိသူများဖြစ်၍ ငြိမ်းချမ်းစွာ ဘဝရပ်တည်လျှက်ရှိကြသည်။ နူးရ်ဘင်လာဒင်သည် ဆွစ်ဇာလန်နိုင်ငံမှစီးပွားရေးနှင့်ဥပဒေဘွဲ့များ ရရှိခဲ့ပြီး ဆွစ်ဇာလန်နိုင်ငံတွင် ကြီးပြင်းသော အစ်မဖြစ်သူ ဝါဖာဒူဖိုးရ်မှာ အဆိုတော်နှင့် BBC ၊ ဂျီကျူနှင့် အခြား မဂ္ဂဇင်းတို့တွင် ဖော်ပြခြင်းခံရသည့် ထင်ရှားသော မော်ဒယ်လ်တစ်ဦးဖြစ်သည်။

(( Al Qaeda အယ်လ်ကိုင်ဒါ အကြမ်းဖက်အဖွဲ့၏ အယူအဆများနှင့် ပေါ်ပေါက်လာပုံ၊ ပြန်နှံ့လျှက်ရှိပုံတို့ကို အခွင့်သင့်သည့်အခါတိုင်း ကျွန်တော်ရေးသားခဲ့ပြီးဖြစ်ပါသည်။ ၎င်းတွင် အစ္စလာမ်ဘာသာအား စော်ကားနှိမ့်ချ ခြင်းများ လုံး၀ မပါရှိခဲ့ပါ။

အမှန်စင်စစ် ကမ္ဘာအရပ်ရပ်ရှိ လွှတ်တော်များ၊ အစိုးရအဖွဲ့ဝင်များနှင့် လက်နက်ကိုင် တပ်မတော်တို့သည် ကုလသမဂ္ဂစုံစမ်းရေးအဖွဲ့ဝင်ဟောင်း အကြမ်းဖက်မှု လေ့လာရေးပညာရှင်တို့အား တစ်ကူးတစ်က ပင့်ဖိတ်လျှက် အပိုအလိုမရှိ ပုံကြီးချဲ့ခြင်း မပါသော အယ်လ်ကိုင်ဒါ အကြမ်းဖက် အဖွဲ့အကြောင်းကို ဟောပြောစေလျှက်ရှိပါသည်။

ကျွန်တော်ရေးသားခဲ့သည်မှာလည်း အဆိုပါ ဟောပြောချက်များသာလျှင် ကိုးကားလေ့ရှိပါသည်။ ထိုအတွက်နှင့် ကျွန်တော့်အား တိုက်ခိုက်ဆန့်ကျင်သူတို့သာလျှင် အစွန်းရောက် အကြမ်းဖက်အမြင် လက်ခံ- ကျင့်သုံးသူများ ဖြစ်နိုင်ပါသည်။ ။ သတင်း ဘာသာပြန်သူ )))

#အိုစမာဘင်လာဒင်၏ တူမ #ဒေါ်နယ်ထရမ့်အားသမ္မတထပ်မံရွေးကောက်ခံရန်ထောက်ခံ

((( Russia Today., 5 Sep 2020, “Osama bin Laden’s niece endorses Trump, says he must be re-elected to SAVE the Western world” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ် ဘာသာပြန်ဆိုသည်။ )))

https://www.rt.com/usa/499965-bin-laden-niece-endorses-trump/

0

Leave a Reply

Your email address will not be published.