အနောက်တံခါး၀ လူမျိုးသစ်တစ်မျိုး၊ ICC,ICJ , Safe Zone နှင့် ဝဋ်ဒုက္ခကြီးလွန်းတဲ့ ကျွန်တော်တို့အကြောင်း

လတ်တလောရက်ပိုင်းအတွင်း လူမှု့ကွန်ယက်ပေါ်မှ တွေ့မြင်ရသော မြန်မာပြည်နှင့်ပတ်သက်သည့် နိုင်ငံရေး ရာသီဥတုအကြောင်း အမျိုးမျိုးအဖုံဖုံတို့ကို ဖတ်ရပြီး အလွန်စိတ်ပျက်သည်ဟု စကားပုလ္လင်ခံပါရစေ။

ပထမဆုံး ICJ ရောက် မြန်မာနိုင်ငံအပေါ် ဂမ်ဘီယာ၏ တရားစွဲဆိုချက်နှင့် ပတ်သက်၍ပြောလိုပါသည်။ ထိုအမှု့သည် ဒေါ်အောင်ဆန်းစုကြည်- ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်- NLD အစိုးရ-မြန်မာ့တပ်မတော်-NLDပါတီတို့ကို စွဲဆိုခြင်းမဟုတ်ပါ၊ CIJ အမှု့တွဲတွင် Gambia Vs Myanmar ဟု ပြူးပြူးကြီးဖော်ပြထားသည့်အတိုင်း #မြန်မာနိုင်ငံကိုတရားစွဲဆိုခြင်း တစ်နည်းအားဖြင့် #မြန်မာနိုင်ငံဟုခေါ်ဆိုသည့်မြေပေါ်နေနိုင်ငံသားကျွန်တော်တို့သားစဉ်မြေးဆက်ကိုတရားစွဲဆိုခြင်းဖြစ်သည်။ ဤတွင် သေချာသွားသည်မှာ ရခိုင်အနောက်မြောက်ဖျားရှိ ဒုက္ခသည်ဘင်္ဂါလီအရေးသည် ယခင်အစိုးရအဆက်ဆက်၊ ခေတ်အဆက်ဆက်မြန်မာ့တပ်မတော်နှင့် ဒေသတွင်းအတူနေ ရခိုင်-မြို-ခမီစသည့်တိုင်းရင်းသားသွေးချင်းတို့အပေါ် ဒုက္ခကြီးတစ်ရပ်ဖြစ်ယုံမက ကျွန်တော်များ သားစဉ်မြေးဆက်တို့ကိုလည်း ကမ္ဘ္ဘာ့မျက်နှာစာရှေ့ရောက်သည်အထိ ကမ္ဘ္ဘာတည်မည့် ဝဋ်ဒုက္ခကြီးတစ်ခုဖြစ်ကြောင်း အတိအကျပြောနိုင်သွားခြင်းဖြစ်သည်။

ကျွန်တော်တို့အပေါ် တရားစွဲဆိုသည် ဘာ့ကြောင့်ဆိုရသနည်း။ အလားတူသည်ဟု ဂမ်ဘီယာလျှောက်လဲချက်ပါအတိုင်း ဥပမာပေးရလျှင် ICJ ရောက် ယူဂိုဆလားဗီးယားစစ်ပွဲ (၁၉၉၁-၂၀၀၁-ခုနှစ်) အတွင်း ဂျီနိုဆိုက်မှု့ဖြစ်သည်။ စစ်ပွဲစတင်ပြီး များမကြာမီ ယူဂိုဆလားဗီးယား၏ ဖက်ဒရယ်ပြည်နယ်အသီးသီးတို့က သီးခြားလွတ်လပ်သော နိုင်ငံအဖြစ် ကြေညာကြသည်။ တစ်ဖက်တွင် လက်နက်ကိုင်နေရင်းက ဥရောပနိုင်ငံကြီးများ မြှောက်ပင့်ပေးမှု့ဖြင့် စစ်ရာဇဝတ်မှု့- ဂျီနိုဆိုက်မှုအရ အသစ်ပေါ်ပေါက်လာသောနိုင်ငံအချင်းချင် ICC, ICJ တွင် တရားစွဲဆိုခဲ့ကြသည်။ ထို့ကြောင့် ၁၉၉၃-ခုနှစ်တွင် ကုလလုံခြုံရေးကောင်စီခွင့်ပြုချက်ဖြင့် မေ-၁၅၊ ၁၉၉၃ တွင် ICJ ရုံးခွဲဖြစ်သော International Criminal Tribunal for the former Yugoslavia ယခင်ယူဂိုဆလားဗီးယား နိုင်ငံဆိုင်ရာ နိုင်ငံတကာရာဇဝတ်တရားရုံး ( ICTY ) ပေါ်ပေါက်လာသည်။ ဂျီနိုဆိုက်၊ စစ်ရာဇဝတ်မှု့၊ စစ်အသွင်မုဒိန်းမှု့၊ စစ်ခင်းခြင်းဆိုင်ရာ ဥပဒေသများချိုးဖောက်မှု့၊ လူသားမျိုးနွယ်တစ်ရပ်အပေါ် ရာဇဝတ်မှု့ ကျူးလွန်ခြင်း စသည့်ဖြင့် အပြန်အလှန် စွပ်စွဲခဲ့ကြသည်။ နောက်ပိုင်း နိုင်ငံအမည်- နိုင်ငံဖွဲ့တည်ပုံပြောင်းလဲ၍ ဘော့စနီးယား-ဟာဇီဂိုဗီးနား နှင့် ဆားဗီးယားအဖြစ် ပြောင်းလဲသည့်တိုင် အစိုးရအဖွဲ့အဆက်ဆက် ရင်ဆိုင်ဖြေရှင်းခဲ့ရသည်။ ထို့ကြောင့် ICJ ရောက်အမှု့မှာ မြန်မာနိုင်ငံသား သားစဉ် မြေးဆက်တို့အပေါ် တရားစွဲဆိုခြင်းဖြစ်ကြောင်း ထင်ရှားနေပါသည်။

ယခုအမှု့တွင် ဂမ်ဘီယာသည် ကုလအချက်အလက်ရှာဖွေရေးမစ်ရှင် ( FFM ) ပါ အထောက်အထားဆိုသည်တို့ကို အဓိကဆုပ်ကိုင်၍ လျှောက်လဲသွားလေရာ ရေပက်မဝင် ခိုင်မာသော သက်ရှိ-သက်မဲ့ သက်သေများ တင်ပြလိမ့်မည်ဟု မျှော်လင့်နေသူများ အကြီးအကျယ် အံ့အားသင့်ခဲ့ရပါသည်။

ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ၏ ပညာရှင် ၃-ဦးပါအဆိုပါမစ်ရှင်ကို မြန်မာက အသိအမှတ်မပြုယုံမက အထူးကိုယ်စားလှယ်များကိုလည်း ပြည်ဝင်ခွင့်မပြုခဲ့ပါ။ FFM ၏ တွေ့ရှိချက်ဆိုသည်များကို ကုလလူ့အခွင့်အရေးကောင်စီ၏ The Independent Investigative Mechanism for Myanma မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သောစုံစမ်းစစ်ဆေးရေး ယန္တယား ( IIMM ) သို့ သြဂုတ် – ၃၀၊ ၂၀၁၉ တွင် လွှဲပြောင်းပေးခဲ့ပြီး စက်တင်ဘာ-၁၆၊ ၂၀၁၉ တွင် တင်သွင်းခဲ့ပါသည်။

FFM တွင် ပျော့ကွက်-ဟာကွက်များရှိနေသည်ဟု ၎င်းစတင်ဖွဲ့စည်းစဉ် ပညာရှင်အကြံပေးအဖြစ် ပါဝင်သူ ဝီလျံရှားဘက်စ်က မြန်မာဘက်မှ ခုခံချေပသူအဖြစ် ICJ တွင် လျှောက်လဲသွားခဲ့သည်။ ( ဒီဇင်ဘာ-၁၂၊၂၀၁၉ )

ထိုအမှု့တွင် မြန်မာနှင့် မိုင် ၇၀၀၀ ကျော် ဝေးကွာ၍ လူဦးရေ ၂-သန်းခန့်သာရှိသော ဂမ်ဘီယာသည် OIC ကိုယ်စားဖြစ်ပြီး ကုလလူ့အခွင့်အရေးကောင်စီကို အားကိုး အားထားပြုထားကြောင်း သိသာနေသည်။

OIC သည် ရိုဟင်ဂျာဆိုသူများအား နိုင်ငံသားပေးရန်ကို ကုလလူ့အခွင့်အရေးကောင်စီညီလာခံတွင် တင်သွင်းခဲ့ဖူးသည်။ တရုတ်-ရုရှား-ဖိလစ်ပိုင်-ဗီယက်နမ်နှင့် လောတို့ ကန့်ကွက်သည်မှတစ်ပါး မဲအများစုဖြင့် အတည်ပြုခဲ့ ပြီးဖြစ်သည်။ ( Fox., Nov. 16,2019 ရှု့ )

ထို့ကြောင့် OIC က မြန်မာအပေါ် ICJ တရားစွဲဆိုရခြင်း၏ ရည်ရွယ်ရင်း အမှန်မှာ ဂျီနိုဆိုက်ကွန်ဗင်းရှင်း ဖောက်ဖျက်သည်ကို အကြောင်းပြပြီးသကာလ Provisional Measure ခေါ် ယာယီကြားဖြတ် အမိန့်ချမှတ်ပေးရေးသာ လျှင် ဖြစ်သည်။ အတိအကျ ပြောရလျှင် ရိုဟင်ဂျာလူမျိုးအမည်နှင့် ( Safe Zone ) သဘောမျိုး နိုင်ငံတကာအကာ အကွယ်ရရှိရေးအတွက် ကျွန်တော်တို့ဆီက တရားမမှုတွင် ယာယီတားဝရမ်းနှင့် တူသော ယာယီကြားဖြတ် အမိန့်ချမှတ်ပေးရေးဖြစ်နေပါသည်။

ဤတွင် မြန်မာက လက်ခံမည်မဟုတ်သော ရိုဟင်ဂျာအမည်ကို အကြိမ်ကြိမ်သုံးပြခြင်းမှာ ထောင်ခြောက်ဖြစ်သည်။ ထိုအမည်ကို စတင်ငြင်းမိသည်နှင့် ( denying their history, denying the legitimacy of the right to live where they live ) အဖြစ် ဂျီနိုဆိုက်ဘက်သို့ ဆွဲခေါ်ခြင်းခံရပြီး ယာယီကြားဖြတ်အမိန့်ထုတ်ရန် အားသာ သွားပါလိမ့်မည်။ ကျွန်တော်တို့ဖက်က မငြင်းလို့ ရှေ့နေတွေက ရိုဟင်ဂျာဟု သုံး၍ အမည်အတည်ဖြစ်ပါပြီ ဆိုခြင်းမှာ မမှန်ပါ။” ဒေါ်စုဟာ ရိုနာမည်ကို ARSA ကိုရွတ်တုန်း တစ်ခါပဲပါတယ်.. “ တဖက်ရှေ့နေက searching fire လုပ်ခြင်းသည် ရိုဟင်ဂျာအမည် ထောက်ခြောက်တွင် အလွန်အရေးပါသော အချက်များ ဖြစ်သည်။

မြန်မာတို့အတွက် အမုန်းစကားသဖွယ်ဖြစ်သော ရိုဟင်ဂျာကို ICJ တွင် သုံး၌ ဘာမှ ထူးမလာပါ။ ICJ သည် ဂျီနိုဆိုက်သည်ဟု သံသယရှိယုံနှင့် ယာယီတားမြစ်မိန့် ထုတ်ပေးရန်သာဖြစ်ပြီး နိုင်ငံအချင်းချင်းကြား ယဉ်ကျေးမှု့ ဓလေ့ထုံးတမ်း၊ သမိုင်းဆိုင်ရာ အငြင်းပွားမှု့များကို စီရင်ဆုံးဖြတ်ပိုင်ခွင့် မရှိပါ။

လွန်ခဲ့သည့် စက်တင်ဘာလတွင် ဥရောပ ပါလီမန်က မြန်မာက ရိုဟင်ဂျာဆိုသူများအား နိုင်ငံသားပေးရန် ဆုံးဖြတ်ခဲ့သည်ဆို၏။ ( RFA., စက်တင်ဘာ ၁၉၊ ၂၀၁၉ ရှု့ )

အတိုချုပ်ပါမည်။ ကုလလူ့အခွင့်အရေး၊ ကုလအထွေထွေ ညီလာခံ၊ ICC, ICJ စသည့် နိုင်ငံတကာအဖွဲ့အစည်း အားလုံးသည် ရိုဟင်ဂျာနိုင်ငံသားဖြစ်ခွင့်အပါအဝင် မည်သည့်ဆုံးဖြတ်ချက် ချမှတ်သည်ဖြစ်စေ ကုလသမဂ္ဂလုံခြုံရေးကောင်စီ UNSC သို့ ဆက်လက်ပေးပို့ရမည်သာဖြစ်သည်။

UNSC သည် မြန်မာအား ရိုဟင်ဂျာ တိုင်းရင်းသားသတ်မှတ်ပေးရမည်ဟု ဆုံးဖြတ်ပိုင်ခွင့် လုံးဝမရှိပါ၊ နိုင်ငံတစ်နိုင်ငံ၏ ဓလေ့ထုံးတမ်း-ယဉ် ကျေးမှု့- သမိုင်းစဉ်လာကို ဆန့်ကျင်၍ ဆုံးဖြတ်ပေးနိုင်ခြင်းမရှိပါ။ မကြေနပ်လျှင် R2P နှင့် Safe Zone ချမှတ်ပေးရန်သာရှိသည်။ ထိုကိစ္စမှာလည်း အမြဲတန်းအဖွဲ့ဝင် ၅-နိုင်ငံက ဗီတိုမသုံးမှ ဖြစ်ပါလိမ့်မည်။ ( thefederalist.com : Sep-13, 2017. ipsnews.com: Dec-15,2019. Dhaka Tribune., Apr.-29, 2018 ရှု့ )

ယခု အာဂျင်တီးနားတရားရုံး၊ OIC နှင့် ဥရောပပါလီမန်တို့ကလည်း ဘာများလုပ်နိုင်သနည်း။ မြန်မာအား စီးပွားရေး ပိတ်ဆို့ရန်ဖြစ်၍ ထိုထက်ပိုကာ မကြေနပ်/ မလုံလောက်သေးဟု ထင်မှတ်လျှင် ဂျီနီဗာကွန်ဗင်းရှင်းနှင့်အညီ စစ်ကြေညာယုံသာရှိသည်။

ထိုအတွက် မြန်မာ၏ ကာကွယ်ရေးအင်အားစုနှင့် လူ့အဖွဲ့အစည်းတို့အား ကြိုတင်ရှင်းလင်းမည်ဖြစ်သည်။

အစဉ်လေးစားစွာဖြင့်

#HtayOung, #OungMarine

https://www.icty.org/sid/10276

https://www.defendevropa.com/amp/2017/news/islam/mass-graves-hindus-killed-rohingya/?__twitter_impression=true&fbclid=IwAR0sT0AQn46ut6blNbkfWxB7t4dHmwisCNMXla9BpONkTjALMywgo87JkCg

https://thefederalist.com/2017/09/13/west-nothing-rohingya-crisis-myanmar/?fbclid=IwAR2DfF9tkuXNaNwHmWYkhXjqiVzO0VMh9fHiSgRLT6bg6A3RyLJAq07_6mw

https://www.rfa.org/burmese/news/rohingya-uk-parliament-myanmar-09192019162712.html?fbclid=IwAR39myVjNBtoaJbm4YkJhvxIocjPNUh3ANod8OnivZMhJLa_LlFDbgzS_og

https://www.un.org/ga/search/view_doc.asp?symbol=S/RES/827(1993) https://www.facebook.com/oung.marine/posts/455531425376427

https://www.business-humanrights.org/en/un-fact-finding-mission-on-myanmar-exposes-military-business-ties-calls-for-targeted-sanctions-arms-embargoes

https://www.ohchr.org/EN/HRBodies/HRC/IIMM/Pages/Index.aspx

https://www.foxnews.com/world/un-committee-urges-myanmar-to-give-citizenship-to-rohingyas

( ဒီဇင်ဘာ – ၁၃၊ ၂၀၁၉ ) မြန်မာဘက်ရှေ့နေ ဝီလျှံရှားဘက်စ်က အယ်လ်ဂျားဇီးယားပါ ဂျီနိုဆိုက်ဆိုသည်ကို…

Posted by Htay Oung on Thursday, 12 December 2019

( ဒီဇင်ဘာ – ၁၄၊ ၂၀၁၉ ) ICJ နှင့် ဇကောလောက်မှ ဇောက်မနက်၊ ယုတ်မာ ပက်စက်တဲ့ " ငို့ဘ"…

Posted by Htay Oung on Friday, 13 December 2019

( ဒီဇင်ဘာ – ၁၃၊ ၂၀၁၉ ) မြန်မာဘက်ရှေ့နေ ဝီလျှံရှားဘက်စ်က အယ်လ်ဂျားဇီးယားပါ ဂျီနိုဆိုက်ဆိုသည်ကို…

Posted by Htay Oung on Thursday, 12 December 2019

http://www.ipsnews.net/2019/11/un-security-council-paralysis-new-hopes-rohingya-muslims/

https://www.dhakatribune.com/bangladesh/2018/05/04/oic-play-strong-role-resolving-rohingya-crisis

https://www.dhakatribune.com/bangladesh/2018/04/29/unsc-delegation-steps-must-taken-resolve-rohingya-crisis

#ရိုဟင်ဂျာတိုင်းရင်းသားသတ်မှတ်ရေး #FFM #IIMM #ကုလလုံခြုံရေးကောင်စီ #ယခင်ယူဂိုဆလားဗီးယားဆိုင်ရာနိုင်ငံတကာရာဇဝတ်တရားရုံး ( ICTY )

0

Leave a Reply

Your email address will not be published.