အမေရိကန်က စီးပွားရေးဒါဏ်ခတ်ပိတ်ဆို့ခြင်းသည် အစာကျွေးသော လက်ကို ပြန်ကိုက်ခြင်းနှင့်တူနေဟု ရုရှားသမ္မတဝေဖန်

ရုရှားအနေဖြင့် အမေရိကန်ဒေါ်လာစံနစ်မှ ခွဲခွာသွားလိုခြင်းမရှိကြောင်း၊ သို့သော် အမေရိကန်၏ပေါ်လစီက အတင်းအဓမ္မ ခွဲခွာစေရန် လုပ်ဆောင်နေကြောင်း၊ အခြားသောတိုင်းပြည်များတွင်လည်း အလားတူဖြစ်ကြောင်း ရုရှားသမ္မတ ဗလာဒီမာပူတင်က ပြောဆိုသည်ဟု Russia Today ( Facebook ) က ယနေ့ရေးသားသည်။ 

Russian Energy Week ဖိုရမ်၌ ရုရှားသမ္မတက မိန့်ခွန်းပြောကြားရာတွင် ကမ္ဘာတစ်ဝှမ်းတွင် ကြီးမားသော ယုံကြည်မှုကို  ဒေါ်လာငွေဖြင့် တည်ဆောက်လျှက်ရှိရာ ကမ္ဘာသုံးငွေကြေးဖြစ်ဖြစ်လုနီးပါးဟုပင် ဆိုနိုင်ကြောင်း၊ အမေရိကန်ပြည်ထောင်စုသည် အချို့သောအကြောင်းများ၌ စီးပွားရေးဒါဏ်ခတ်ပိတ်ဆို့ခြင်းဖြင့် ဒေါ်လာငွေ တရားဝင်ခြင်းကို နိုင်ငံရေးလက်နက်သဖွယ် စတင်အသုံးပြုလာကြောင်း၊ အမေရိကန်သည် အစာကျွေးသော လက်ကို ပြန်ကိုက်သည်နှင့်တူနေကြောင်း၊ 

စီးပွားရေးဒါဏ်ခတ်ပိတ်ဆိုခြင်းသည် ဒေါ်လာငွေကြေးအပေါ် မှီခိုအားကိုးမှုကို လျှော့ကျသွားစေပြီး ရှင်းလင်းမှု မရှိလျှင် ကိုယ်လက်နှင့် ကိုယ့်ကို ပြန်ဖျက်ဆီးသလို ရှိနေကြောင်း ပြောကြားသွားသည်။ 

(( ဒုတိယကမ္ဘာစစ်တွင် အမေရိကန်သည် စစ်ပြီးဆုံးကာနီးမှ စစ်ပွဲ၌ ပါဝင်လာသူဖြစ်သည်။ ကမ္ဘာစစ်ကြောင့် အမေရိကန်နိုင်ငံမြေပေါ်တွင် ကျည်တစ်တောင့်မျှ မကျခဲ့သည့်အပြင် စစ်ခင်းလျှက်ရှိသော နိုင်ငံများလိုအပ်သည့် စားနပ်ရိက္ခာ၊ စစ်လက်နက်ခဲယမ်းတို့ထုတ်လုပ်ကာ  ရွှေနှင့်စက်၍ ရောင်းချရ၌ သဲ့ယူသလို ရရှိနေခဲ့သည်။ 

စစ်ကြီးပြီးဆုံးသောအခါ အမေရိကန်က ၎င်းထံ စုပုံရောက်ရှိနေသော ရွှေများကို အမေရိကန်ဘယ်နှစ်ဒေါ်လာ ပေးလျှင် ရွှေတစ်အောင်စ ပြန်အမ်းမည်ဟု ကမ်းလှမ်းရာမှ အမေရိကန်ဒေါ်လာငွေ ကမ္ဘာသုံးအဖြစ် စတင်သည်ဟု ဆိုကြပါသည်။ 

ကမ္ဘာ့စီးပွားရေး လျှင်မြန်သွက်လက်လာစေရန် အမေရိကန်ဒေါ်လာအပြင် အခြားအရံငွေကြေးတစ်ခုခု သတ်မှတ်ပေးစေလိုကြောင်း တရုတ်-ရုရှားတို့ ပြောဆိုသည်ခဲ့သည်မှာ ဆယ်စုနှစ် တစ်စုပင် ကြာခဲ့ပါပြီ။ ၂၀၁၄- ရုရှားမှာ စီးပွားရေး ဒါဏ်ခတ်ပိတ်ဆို့ခံရပြီး ယခုနောက်ပိုင်း တရုတ်နှင့်အမေရိကန် ကုန်သွယ်ရေးစစ်ခင်းကို သိကြပြီးဖြစ်ပါသည်။ ဘဝတူ အီရန်နှင့် ဗင်နီဇွဲလားတို့ပါ ပူးပေါင်းလာကြသည့်အခါ အမေရိကန်ဒေါ်လာငွေ ချောင်ထိုးရေး ditch the US dollar ဖြစ်လာတော့သည်။ 


အမေရိကန်သည် အကြီးမားဆုံး ကုန်ပစ္စည်းထုတ်လုပ်သူနှင့် စားသုံးသူဈေးကွက်ကြီးတည်ရာဖြစ်သည်။ စတော့ရှယ်ယာနှင့် ငွေကြေးဖလှယ်ခြင်းကို ထိန်းချုပ်ရာဋ္ဌာန အများစုသည် အမေရိကန်ပြည်တွင်း၌ အခြေစိုက်ထားသည်။ စစ်ရေးနှင့် နည်းပညာ၌လည်း ရှေ့ဆောင်နေသည်။ ထိုသို့သောနိုင်ငံ၏ ပြည်တွင်းသုံးနှင့်ပါ ဆက်စပ်နေသော ငွေကြေးကို ကမ္ဘာသုံးအဖြစ်မှ ဖယ်ရှားရန်ဆိုသည်မှာ အလွယ်တကူ ကိစ္စတော့မဟုတ်ချေ။   


နယ်စပ်ကုန်သွယ်ခြင်းအပါအဝင် အချို့သောကိစ္စများတွင် အမေရိကန်ဒေါ်လာမသုံးပဲ နိုင်ငံအချင်းချင်း တိုက်ရိုက်ရောင်းဝယ်နိုင်ပါသည်။ သို့သော် အချိန်ကြာခြင်းနှင့် အမြတ်နည်းတို့ ဖြစ်နိုင်သည်။         ။ သတင်းဘာသာ ပြန်သူ ))   


((( Russia Today Facebook ., Oct, 05 2019 , “the US are biting the hand that feeds them. undermine the trust in the dollar.” ကို #HtayOung, #OungMarine ဆီလျော်အောင် ဘာသာပြန်ဆိုသည်။ ))) 

https://www.cnbc.com/2019/09/27/russias-bid-to-ditch-the-us-dollar-is-slowly-working-but-obstacles-remain.html

https://en.farsnews.com/newstext.aspx?nn=13980711000253 

0

Leave a Reply

Your email address will not be published.