အမေရိကန်က တောင်ကိုရီးယားသို့ စစ်အခြေစိုက်နေရာ ၁၂-ခုကို ပြန်ပေးရန် သဘောတူသော်လည်း သန့်ရှင်းရေးကုန်ကျစရိတ်အတွက် ဖြေရှင်းနိုင်ခြင်း မရှိသေး။ တပ်စွဲထားသည့် အမေရိကန်တပ်ဖွဲ့အင်အားကို ၂၈,၅၀၀ -ဦး ထားရှိမည်။

နှစ်ပေါင်းများစွာ ကြာသည်အထိ အငြင်းအခုန်ဖြစ်ခဲ့ရပြီးနောက် တောင်ကိုရီးယားသို့ စစ်အခြေစိုက်နေရာ ၁၂-ခု ကို ပြန်ပေးရန် သောကြာနေ့တွင် အမေရိကန်က သဘောတူလိုက်သည်။ ဆွေးနွေးပွဲတိုးတက်မှု အတားအဆီး များကို ကျော်ဖြတ်နိုင်သော်လည်း သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအတွက် သန့်ရှင်းရေးကုန်ကျစရိတ်ကို ဘယ်သူက ပေးဆောင်မည်ဆိုခြင်းနှင့်ပတ်သက်၍ ဆက်လက်ဆွေးနွေးသွား မည်ဖြစ်ကြောင်း သိရှိရသည်ဟု Russia Today က ယနေ့ရေးသားသည်။

တပ်ဖွဲ့အင်အားများဆိုင်ရာသဘောတူညီချက် (SOFA) အရ ဗွီဒီယိုမှတစ်ဆင့် ကျင်းပသော ပူးတွဲကော်မတီ အစည်းအဝေးတွင်  တောင်ကိုရီးယား၌ တရားဝင် တပ်စွဲထားမည့် အမေရိကန်စစ်သည်အရေအတွက်ကိုလည်း ၂၈,၅၀၀ -ဦး ထားရှိရန် သဘောတူခဲ့ကြသည်ဆို၏။  အမြန်ဆုံး လွှဲပြောင်းပေးအပ်ရန် တောင်းဆိုချက် နှောင့် နှေးခြင်းကြောင့် နှစ်ဘက်အဖွဲ့အစည်းအသီးသီးတို့၏ လူမှုရေးနှင့် စီးပွားရေးဆိုင်ရာ အကြောင်းများကို ထည့် သွင်းပြီး အပြည့်အဝဆုံးဖြတ်နိုင်ခဲ့ကြောင်း၊ သို့ရာတွင် စစ်အခြေစိုက်စခန်း ၁၂-ခုကို လွှဲပြောင်းရေးအတွက် အတွက် အပြီးသတ်ဆုံးဖြတ်နိုင်သော်လည်း သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက် သန့်ရှင်းရေးကုန်ကျ စရိတ်များကို မည်သူက ထမ်းဆောင်ရမည်ဆိုခြင်းနှင့် ပတ်သက်၍ ဆက်လက်ဆွေးနွေးရန် ကျန်ရှိနေကြောင်း တောင်ကိုရီးယားအစိုးရ ၏ စေ့စပ်ညှိနှိုင်းရေးဆိုင်ရာ ဒုတိယဝန်ကြီး ချွိုင်ချန်ဝမ်က ပြောဆိုသည်။

၁၉၅၀-၅၃ ခုနှစ် ကိုရီးယားစစ်ပွဲကာလအတွင်း မြောက်ကိုရီးယား၏ ခြိမ်းခြောက်မှုကြောင့် အမေရိကန်စစ်တပ် များသည် ထိုအချိန်မှစတင်ကာ တောင်ကိုရီးယား၌ တပ်များ ချထားခဲ့သည်။ သို့သော် စစ်အခြေစိုက်စခန်းများ၌ အမေရိကန်တပ်ဖွဲ့ဝင်များ ချထားရသည့် ကုန်ကျစရိတ်နှင့်ပတ်သက်၍ မဟာမိတ် နှစ်နိုင်ငံအကြား မကြာသေးမီ နှစ်များအတွင်း အငြင်းပွားခဲ့ကြသည်။

အဓိကအကြောင်းအရာမှာ လွန်ခဲ့သည့် ၂၀၀၃-ခုနှစ်တွင် တောင်ကိုရီးယားရှိ အမေရိကန် စစ်အခြေစိုက်စခန်း ၈၀ ကို လွှဲပြောင်းပေးအပ်ရန် သဘောတူခဲ့ကြသော်လည်း တောင်ကိုရီးယားဆိုင်ရာအမေရိကန်တပ်ဖွဲ့များ ( USFK ) က ယခုလွှဲပြောင်းပေးအပ်ခဲ့သည့် စခန်းအရေအတွက်မှာ ၁၂-ခုသာလျှင် ရှိနေခြင်းဖြစ်သည်။

ပတ်ဝန်းကျင်ညစ်ညမ်းစေမည့်ပစ္စည်းများ ဖယ်ရှားရေး လုပ်ထုံးလုပ်နည်းများနှင့် စခန်းနေရာများ ပြန်လည် နေရာချထားရေး ပြဿနာများကို ဖြေရှင်းနိုင်ခြင်း မရှိသေးချေ။

ပြန်လည်အပ်နှံမည့် စခန်းများအနက် ၆-ခုမှာ ဆိုးလ်မြို့၌ တည်ရှိသည်။ ဆိုးလ်မြို့တော် ယန်ဆန်ခရိုင် နဂါးတောင်ကုန်းရှိ စခန်း ၂-ခုကို  USFK က စစ်ဌာနချုပ်အဖြစ် ၂၀၁၈ အထိ တပ်စွဲထားသည်။

အချို့သောနေရာများတွင် ပြည်သူ့အိမ်ရာများ ဆောက်လုပ်ရန် တောင်ကိုရီးယားအာဏာပိုင်များက စီစဉ်ထား ပြီး အမေရိကန်ကြည်းတပ်အင်ဂျင်နီယာတပ်ရင်း တပ်စွဲခဲ့သည့်နေရာတွင် ဆိုးလ်မြို့ရှိ အမျိုးသားဆေးဘက် ဆိုင်ရာစင်တာကို ပြန်လည်နေရာချထားမည်ဖြစ်သည်။ ထိုအတွက် လွှဲပြောင်းပေးသည့် စခန်းနေရာများတွင် ပတ်ဝန်းကျင်ညစ်ညမ်းစေသည့်ပစ္စည်းများကို  ဖယ်ရှားရန် ဦးစွာလုပ်ဆောင်ရမည်ဖြစ်သည်။

(( တောင်ကိုရီးယားအာဏာရပါတီသည် ဒေါ်နယ်ထရမ့်အလွန် အမေရိကန်အစိုးရသစ်နှင့် ဆက်သွယ်မှုများ တည်ဆောက်ရန် ကြိုးပမ်းမှု စတင်လျှက်ရှိကြောင်း Russia Today ( Nov.6,2020 ) ၏ သတင်းတစ်ပုဒ်တွင် တွေ့ရှိရသည်။ တောင်ကိုရီးယား၏ အာဏာရပါတီဝင်များသည် ရွေးကောက်ခံရသည့် အမေရိကန်ဒီမိုကရက် တစ်အမတ်လောင်းများအား မျက်နှာလိုမျက်နှာရလုပ်ရန် ချိတ်ဆက်ပေးနိုင်မည့်သူကို အပြိုင်အဆိုင်ရှာဖွေ လျှက်ရှိသည် ဆို၏။

နိုဝင်ဘာလ ၁၆-ရက်နေ့တွင် အမျိုးသားညီလာခံအဖွဲ့ဝင် ဆောင်ယောင်ဂီဦးဆောင်သည့်အဖွဲ့တစ်ဖွဲ့သည် အမေရိကန်သို့ သွားရောက်ခဲ့ကြောင်း၊ ဂျိုးဘိုင်ဒင်အုပ်စုမှ ကိုရီးယားကျွန်းဆွယ်အရေးကို ကိုင်တွယ်ဖွယ်ရှိသူနှင့် ချိတ်ဆက်မှု ရရှိရန်ဖြစ်ကြောင်း အာဏာရ DPK ပါတီခေါင်းဆောင်တစ်ဦးဖြစ်သူ လီနက်ယွန်က သောကြာနေ့၌ ထုတ်ဖော် ပြောကြားသည်ဟု ရေးသားထားသည်။     ။ သတင်းဘာသာပြန်သူ ))

#တောင်ကိုရီးယားသို့စစ်အခြေစိုက်နေရာ၁၂-ခုကိုပြန်ပေးရန်_အမေရိကန်သဘောတူ

((( Russia Today., 11 Dec, 2020 ,”  US agrees to return 12 military sites to South Korea, but cleanup costs issue remains unresolved.” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက် နှုတ်ဘာသာပြန်ဆိုသည်။ )))

https://www.rt.com/news/509352-us-return-military-sites-korea/

https://www.rt.com/news/509352-us-return-military-sites-korea/

0

Leave a Reply

Your email address will not be published.