အမေရိကန်က Pfizer ကာကွယ်ဆေး ကြိမ်ရေ ပမာဏ သန်း ၅၀၀ ကို နိုင်ငံတကာသို့ လှူဒါန်းမည်။ ဝင်ငွေနည်း ၉၂-နိုင်ငံနှင့် အာဖရိကသမဂ္ဂသို့ ယခုနှစ်တွင် သန်း ၂၀၀ ၊ လာမည့်နှစ် ပထမ ၆-လ တွင် သန်း ၃၀၀ ဖြန့်ဝေပေးရန် ဘိုင်ဒင်အစိုးရ စီစဉ်နေ


အမေရိကန်ပြည်ထောင်စုအနေဖြင့် လာမည့် ၂-နှစ်အတွင်း Pfizer အမျိုးအစား ကိုရိုနာဗိုင်းရပ်စ်ရောဂါကာကွယ်ဆေး ကြိမ်ရေ ပမာဏ သန်း ၅၀၀ ကို နိုင်ငံပေါင်း ၁၀၀ ခန့်သို့ လှူဒါန်းမည်ဖြစ်ကြောင်း၊ ဝင်ငွေနည်း ၉၂-နိုင်ငံနှင့် အာဖရိကသမဂ္ဂအဖွဲ့ဝင် နိုင်ငံများသို့ ထိုးဆေးပေါင်း သန်း ၂၀၀ ကို ယခုနှစ်အတွင်းနှင့် လာမည့်နှစ် ပထမ ၆-လ တွင် သန်း ၃၀၀ ဖြန့်ဝေပေးနိုင်မည်ဟု ဘိုင်ဒင်အစိုးရက ခန့်မှန်းထားကြောင်း အဆိုပါ အစီအစဉ်နှင့် အကျွမ်းတဝင်ရှိသူ ၃-ဦးက ပြောဆိုသည်ဟု Reuters က ယနေ့ရေးသားသည်။

…  
COVID-19 ရောဂါကာကွယ်ဆေးများကို ဝင်ငွေနည်းပါးနှင့် အလယ်အလတ် ဝင်ငွေရှိသောနိုင်ငံများသို့ ထောက်ပံ့ပေးလျှက်ရှိသည့် COVAX ကာကွယ်ဆေးအစီအစဉ်မှတဆင့် ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO နှင့် အပြည်ပြည်ဆိုင်ရာ ကာကွယ်ဆေးနှင့် ကိုယ်ခံအားမြှင့်တင်ရေး မဟာမိတ်အဖွဲ့ (GAVI) တို့က ကျောထောက်နောက်ခံ ပေးလိမ့်မည်ကို ကြာသပတေးနေ့ ဗြိတိန်နိုင်ငံတွင် ကျင်းပမည့် G-7 ခေါ် ကမ္ဘာ့အချမ်းသာဆုံးနိုင်ငံများအုပ်စု၏ အစည်းအဝေးတွင် အမေရိကန်သမ္မတက ကြေညာမည်ဖြစ်ကြောင်း

…   
လွန်ခဲ့သည့် ရက်သတ္တ ၄-ပတ်အတွင်း၌ အမေရိကန်အစိုးရ၏ ကိုရိုနာဗိုင်းရပ်စ်ရောဂါဆိုင်ရာ ကာကွယ်ညှိနှိုင်းရေးမှူးနှင့် Covid-19 ရောဂါဆိုင်ရာအလုပ်အဖွဲ့တို့အကြား ၎င်းအစီအစဉ်အတွက် ပြောဆိုဆွေးနွေးခဲ့ကြောင်း သတင်းရရှိသော်လည်း Pfizer ကာကွယ်ဆေးလှူဒါန်းမည့်ကိစ္စနှင့်ပတ်သက်၍ မှတ်ချက်ပေးရန် အိမ်ဖြူတော်က ငြင်းဆိုသည်။

…    
G-7 အစည်းအဝေးတက်ရောက်ရန် ဗြိတိန်နိုင်ငံသို့ ထွက်ခွာတော့မည့်ဆဲဆဲ သမ္မတဂျိုးဘိုင်ဒင်ကမူ ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကာကွယ်ရေးအတွက် အမေရိကန်အစိုးရတွင် ကမ္ဘာလုံးဆိုင်ရာ နည်းဗျူဟာတစ်ရပ် ရှိနေပြီး မကြာမီ ကြေညာမည်ဖြစ်ကြောင်း ပြောဆိုသော်လည်း အသေးစိတ် ရှင်းလင်းခြင်း မရှိချေ။

…  
အမေရိကန်ပြည်ထောင်စုအနေဖြင့် ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကာကွယ်ဆေးများကို အမြတ်အစွန်းအဓိက မဟုတ် သော ဈေးနှုန်းဖြင့် ဝယ်ယူမည်ဖြစ်ကြောင်း၊ G-7 အစည်းအဝေး၌ ကာကွယ်ဆေးလှူဒါန်းမည့်အစီအစဉ်ကို သမ္မတဘိုင်ဒင်က ကြေညာရာတွင် Pfizer ဆေးဝါးကုမ္ပဏီမှ အမှုဆောင်အရာရှိချုပ်လည်း အတူရှိနေလိမ့်မည်ဖြစ်ကြောင်း၊ 

အမေရိကန်အစိုးရသည် Pfizer ထံမှ ကာကွယ်ဆေးကြိမ်ရေပမာဏ သန်း ၃၀၀ ကို ဝယ်ယူ ထားပြီး ဖြစ်သည့်အပြင် Pfizer / BioNTech ကာကွယ်ဆေး သန်း ၈၀၀ ပြည့်မီသည်အထိ ထပ်မံဝယ်ယူရန် သဘောတူညီထားကြောင်း နီးစပ်သူများအား ကိုးကား၍ The New York Times က ရေးသားသည်။

…    
ဂျိုးဘိုင်ဒင်အစိုးရက ပြောဆိုရာတွင် ကာကွယ်ဆေး သန်း ၈၀ ကို ဇွန်လကုန်၌ ကမ္ဘာတစ်ဝှမ်းသို့ မျှဝေပေး မည် ဖြစ်ကြောင်း သတင်းထုတ်ပြန်ခဲ့သည်။


#ကိုဗစ်ကာကွယ်ဆေးသန်း_၅၀၀ကို_နိုင်ငံတကာသို့_အမေရိကန်လှူဒါန်းမည်

(((Reuters., 10 Jun 2021,” US to donate 500 million Pfizer vaccine doses globally.” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။ )))

https://bdnews24.com/coronavirus-pandemic/2021/06/10/us-to-donate-500-million-pfizer-vaccine-doses-globally 


+1

Leave a Reply

Your email address will not be published.