အမေရိကန် ပြည်ထောင်စု ဖလော်ရီဒါပြည်နယ် ပန်ဆာကိုလာ ရေတပ်စစ်အခြေစိုက်စခန်းတွင် သောကြာနေ့ နံနက် ၀၇ နာရီ၌ သေနတ်ပစ်ခတ်မှုဖြစ်ပွားရာ ကျူးလွန်သူနှင့်အတူ အခြား ၃-ဦး သေဆုံးပြီး၊ ၁၁-ဦး ဒါဏ်ရာရရှိကြောင်း ပင်တာဂွန်က အတည်ပြုသည်ဟု Russia Today က ယနေ့ရေးသားသည်။
ပန်ဆာကိုလာ ရေတပ်အခြေစိုက်စခန်းသည် လေတပ်မတော်နှင့်ပါ ပူးတွဲဖွင့်လှစ်ထားခြင်းဖြစ်၍ စစ်သည်အင်အား ၁၆,၀၀၀ – ဦးနှင့် အရပ်ဖက်ဝန်ထမ်း ၇,၄၀၀ တို့ တာဝန်ထမ်းဆောင်လျှက်ရှိကြောင်း သိရှိရသည်။ အမေရိကန်၌ အကြီးဆုံး လေကြောင်းပြတိုက်တည်ရှိရာဖြစ်ပြီး ရေတပ်မတော်အတွက်လည်း “ Cradle of Naval Aviation,” ဟု ဂုဏ်ယူဖွယ်ထင်ရှားသည်။
ယခုဖြစ်စဉ်သည် ယမန်နေ့ ပုလဲဆိပ်ကမ်း စစ်အခြေစိုက်စခန်းအတွင်း သေနတ်ပစ်ခတ်မှု့အပြီး ဆက်တိုက် ဖြစ်ပွားကြောင်း တွေ့ရှိရသည်။
ပစိဖိတသြမုဒျဒရာ ဟာဝိုငယြီကွှနြးပေါရြှိ နာမညကြွောြ Pearl Habour “ ပုလဲဆိပကြမြး “ အမရေိကနရြတပေအြခှစေိုကစြခနြး၏ သငြျဘောကငွြးတှငြ စဈသားတဈဦးက သနတေဖြှငြ့ ပဈခတသြဖှငြ့ ကာကှယရြေးဋျဌာန အရပဖြကဝြနထြမြး ၂-ဦးသဆေုံးခဲ့ရသညြ။
ဒီဇင်ဘာ ၅-ရက် ဒေသစံတော်ချိန် မွန်းလွဲ ၀၂း၃၀ နာရီ၌ဖြစ်ပွားသည့် အဆိုပါ သေနတ်ပစ်ခတ်မှု့တွင် အခြားအရပ်သားဝန်ထမ်း ၃-ဦးလည်း သေနတ်ထိမှန်ခဲ့ပြီး သေနတ်ပစ်ခတ်သူအား ရှင်းလင်းရာတွင် လုံခြုံရေးသံချပ်ကာယာဉ်များပါ အကူအညီရယူခဲ့ရကြောင်း တွေ့ရှိရသည်။
သေနတ်ပစ်ခတ်သူ တပ်ဖွဲ့ဝင်မှာ လုံခြုံရေးတပ်များ ဝိုင်းဝန်းလာစဉ် ၎င်းကိုင်ဆောင်သော သေနတ်ဖြင့် မိမိကိုယ်မိမိ အဆုံးစီရင်သွားခဲ့သည်။
ပုလဲဆိပ်ကမ်းသေနတ်ပစ်ခတ်မှုသည် အဆိုပါအမေရိကန်စစ်အခြေစိုက်စခန်းသို့ အိန္ဒိယနိုင်ငံလေတပ်ဦးစီးချုပ် အလည်အပတ်ရောက်ရှိနေခိုက် ဖြစ်ပွားကြောင်း တွေ့ရှိရသည်။ လွန်ခဲ့သည့် စက်တင်ဘာလတွင် အိန္ဒိယလေတပ်မတော် ( IAF ) ၏ ကာကွယ်ရေးဦးစီးချုပ်အဖြစ်ခန့်အပ်ခြင်းခံရသူ ဗိုလ်ချုပ်ကြီး ရာကက်ရှ်ကူးမားဆင်းဗဟာဒူးမှာ ပုလဲဆိပ်ကမ်းတွင် တရားဝင်ချစ်ကြည်ရေးအလည်အပတ် ရောက်ရှိနေခြင်းဖြစ်သည်ဆို၏။
လတပေကြာကှယရြေးဦးစီးခွုပမြှာ တဈစုံတဈရာ ထိခိုကဒြါဏရြာရရှိမှု့ မရှိကှောငြးနှငြ့ သနတေပြဈခတမြှု့မှာ ကံအားလွှောစြှာတိုကဆြိုငခြှငြးသာဖှဈကှောငြး အိနျဒိယတပမြတောကြ သတငြးထုတပြှနကြှောငြး တှေ့ရှိရသညြ။
((( Russia Today., Dec, 6, ” Pensacola shooting: 4 killed at Naval Air Station… days after deadly Pearl Harbor rampage.” နှင့် Dec, 5, 2019 “2 DoD staffers killed & 1 injured after US sailor opens fire inside Pearl Harbor Naval Shipyard before taking own life.” & ” Indian Air Force chief was at Pearl Harbor as shooting that killed 2 Pentagon staffers erupted.” တို့ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။ )))
https://www.rt.com/usa/475203-active-shooter-pensacola-base/
https://www.rt.com/usa/475052-pearl-harbor-shooting-victims/
https://www.rt.com/news/475059-indian-airforce-pearl-harbor-shooting/
#အမေရိကန်ဖလော်ရီဒါ ပန်ဆာကိုလာရေတပ်စစ်အခြေစိုက်စခန်းသေနတ်ပစ်ခတ်မှု့ #အမေရိကန်ဟာဝိုင်ယီပုလဲဆိပ်ကမ်းသေနတ်ပစ်ခတ်မှု့ #အိန္ဒိယလေတပ်မတော်ကာကွယ်ရေးဦးစီးချုပ်