အမေရိကန်မဟာမိတ်နိုင်ငံများ၏ ထောက်လှမ်းရေး အချင်းချင်း သတင်းဖလှယ်ချက်အရ ကိုရိုနာဗိုင်းရပ်စ်ပိုးမှာ ဝူဟန်ဓါတ်ခွဲခန်းမှ လွတ်ထွက်သည်ဆိုခြင်းထက် သားရိုင်းဈေးမှ စတင်ခဲ့ခြင်း ဖြစ်ရန် ပိုမိုသေချာနေဟုဆို။ လူနှင့်တိရစ္ဆာန်တို့ အပြန်အလှန်ကူးစက်ရာမှ သဘာဝအတိုင်းဖြစ်လာဟု ခန့်မှန်း

ကနေဒါ၊ ဗြိတိန်၊ နယူးဇီလန်နှင့် သြစတြေးလျစသည့် အမေရိကန်အပါအဝင် ၅-နိုင်ငံ သံမဏိညွန့်ပေါင်းအုပ်စု၏ ထောက်လှမ်းရေးအဖွဲ့အချင်းချင်း သတင်းဖလှယ်ချက်များအရ လက်ရှိကူးစက်ပျံ့ပွားလျှက်ရှိသည့် ကိုရိုနာ ဗိုင်းရပ်စ်ပိုးမှာ တရုတ်ဓါတ်ခွဲခန်းမှ မတော်တဆလွတ်ထွက်လာသည်ဆိုခြင်းထက် ဝူဟန်မြို့သားရိုင်းဈေးမှ အစပြုပုံရကြောင်း ပိုမိုသေချာလျှက်ရှိရာ ဒေါ်နယ်ထရမ့်နှင့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးတို့ ပြောဆိုချက်နှင့် ဆန့်ကျင်နေသည် ဟု CNN က ယနေ့ရေးသားသည်။ 


ဝူဟန်ဓါတ်ခွဲခန်းမှ မတော်တဆ လွတ်ထွက်လာသည်ဆိုခြင်းမှာ ဖြစ်နိုင်ပုံမရကြောင်း၊ သဘာဝအလျှောက်ဖြစ် လာသည့် ဗိုင်းရပ်စ်က ဖြစ်လေ့ရှိသည့်အတိုင်း လူသို့ကူးစက်ပြီး၊ လူနှင့် တိရိစ္ဆာန်တို့ အပြန်အလှန် ကူးစက်ကြ ရာမှ ဖြစ်လာပုံရကြောင်း၊ ၅-နိုင်ငံညွန့်ပေါင်းအဖွဲ့၏ ထောက်လှမ်းရေး အကဲဖြတ်သတင်းများအား တစ်ပေါင်း တည်းဖြစ်အောင် စုပေါင်းလျှက်ရှိကြောင်း ထောက်လှမ်းရေးအသိုင်းအဝိုင်းနှင့် နီးစပ်သူ အနောက်နိုင်ငံ သံတ မန်တဦးက ပြောဆိုသည်။ အမေရိကန်အနေဖြင့်မူ ၎င်းအကဲဖြတ်ချက်ကို တရားဝင်ထုတ်ပြန်ခြင်းမရှိသေးချေ။ 


တရုတ်ဓါတ်ခွဲခန်းမှ ဗိုင်းရပ်စ်ဖြစ်ကြောင်း ဒေါ်နယ်ထရမ့်အစိုးရက ဒေါသတကြီးစွပ်စွဲလျှက်ရှိစဉ် အဆိုပါပြော ဆိုချက် မှန်ကန်ကြောင်း ထောက်ခံချက်ပေးရန် သံတမန်နည်းလမ်းဖြင့် အဆင့်ဆင့် ဖိအားပေးပုံရသည်။ ဒေါ် နယ်ထရမ့်နှင့် ပွန်ပေယိုတို့ပြောဆိုချက်သည် ကျန် ၅-နိုင်ငံအုပ်စုတို့ ထင်မြင်ချက်နှင့် သီးခြားဖြစ်နေသည်။ အမေရိကန်ကိုယ်တိုင်က ၎င်းတို့ရရှိထားသော ထောက်လှမ်းရေးအချက်အလက်များကို ၅-နိုင်ငံအုပ်စုသို့ မပေးအပ်ခဲ့သေးဟန်တူသည်။ 


လင်းနို့မှကိုရိုနာဗိုင်းရပ်စ်နှင့် ယခုတွေ့ရှိနေရသော ဗိုင်းရပ်စ်တို့ကို ယှဉ်ကြည့်လျှင် ဗိုင်းရပ်စ်တို့၏ ဆင့်ကဲဖြစ် စဉ်အရ သဘာဝအလျှောက်ဖြစ်လာခြင်းမှတပါး အတု သို့မဟုတ် ပွားများဖန်တီးယူထားခြင်းမဟုတ်ကြောင်း သေချာလွန်းမက သေချာနေကြောင်း၊ ဗိုင်းရပ်စ်မှာ ဓါတ်ခွဲခန်းမှ လွတ်ထွက်၍ လူ့အဖွဲ့အစည်းတွင်း ပျံ့နှံ့သွား သည်ဆိုခြင်းကို မယုံကြည်နိုင်ကြောင်း ဒေါ်နယ်ထရမ့်၏ ကိုရိုနာတိုက်ဖက်ရေး အလုပ်အဖွဲ့ အဖွဲ့ဝင် ဒေါက်တာ အန်သိုနီဖောက်ချီက National Geographic မဂ္ဂဇင်းနှင့် တွေ့ဆုံရာ၌ ပြောဆိုသည်။ 


သို့သော် ဓါတ်ခွဲခန်းတွင် ဖန်တီးယူသော ဗိုင်းရပ်စ်ပိုးဖြစ်သည်ဆိုသည့်တိုင် သီအိုရီအရ သက်သေပြချက် မရှိချေ။ 


သားရိုင်းဈေးမှ စတင်ပေါက်ပွားသည်ဆိုသော်လည်း ဗိုင်းရပ်စ်ပိုးက သားရိုင်းဈေးသို့ မည်သို့ မည်ပုံရောက်ရှိ သွားသည်ဆိုခြင်းမှာ အဖြေရှာရန် ကျန်ရှိနေသည်။ ဖြစ်လာသည်မှာ တရုတ်၏ ပွင့်လင်းမြင် သာစွာ ပူးပေါင်း ဆောင်ရွက်မှုမပါရှိပဲ တိကျသေချာ ဆုံဖြတ်ရန် ခဲယဉ်းလျှက်ရှိသည်။ 
တနင်္ဂနွေနေ့ ABC သတင်းဋ္ဌာနနှင့် တွေ့ဆုံရာတွင် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပေယိုက ကိုရိုနာ ဗိုင်းရပ်စ်ပိုးမှာ ဝူဟန်ဗိုင်းရပ်စ်ဗေဒဆိုင်ရာအင်စတီကျု့မှ စတင်ကြောင်း ထင်ရှားသည့် သက်သေအထောက် အထားများရရှိထားပြီဖြစ်ကြောင်း ပြောဆိုသည်။

အမေရိကန်ထောက်လှမ်းရေးအသိုင်းအဝိုင်း ကြာသပတေးနေ့ သတင်းထုတ်ပြန်ရာတွင် ဗိုင်းရပ်စ်ပိုးစွဲကပ်နေသော တိရစ္တာန်မှ လူသို့ ကူးစက်သည်ဆိုခြင်း သို့မဟုတ် ဝူဟန်အ င်စတီကျု့ဒ်၏ မတော်တဆဖြစ်ရာမှ စတင်သည်ဆိုခြင်းနှင့် ပတ်သက်၍ ဆက်လက်ထောက်လှမ်းမှု များပြုလုပ် နေကြောင်း၊ Covid-19 ကိုရိုနာဗိုင်းရပ်စ်မှာ လူတို့ဖန်တီးထားခြင်း သို့မဟုတ် မျိုးရိုးဗီဇပြောင်းလဲယူထားသည့် ဗိုင်းရပ်စ်မဟုတ်ကြောင်း ဖော်ပြထားသည်။ 

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဋ္ဌာနနှင့် အမျိုးသားထေက်လှမ်းရေးရုံးတို့က နောက်ဆက်တွဲ ထင်မြင်ချက် ပေးရန် CNN မေတ္တာရပ်ခံချက်ကို တစ်စုံတစ်ရာပြန်ကြားခြင်းမရှိချေ။ 

(( ဒေါ်နယ်ထရမ့်အစိုးရက တရုတ်အား စွပ်စွဲချက်မှာ ၂-မျိုးဖြစ်သည်ကို မှတ်သားထားသင့်ပါသည်။ ၁- ဝူဟန်အင်စတီကျု့ဒ်မှ ဗိုင်းရပ်ပိုး စတင်သည်ဆိုခြင်းနှင့် ၂- ကိုရိုနာဗိုင်းရပ်စ်၏ ပြင်းထန်စွာ ပျံ့နှံ့ပုံက တရုတ်က အချိန်မှ စောစောစီးစွာ မပြောပဲ တာဝန်ပျက်ကွက်သည်ဟူ၍ ဖြစ်သည်။ 

၁- ကို နိုင်ငံတကာသိပ္ပံပညာရှင်များအမေရိကန်ထောက်လှမ်းရေးသာမက အိမ်ဖြူတော် ကိုရိုနာတိုက်ဖျက်ရေးအလုပ်အဖွဲ့ အဖွဲ့ဝင် သိပ္ပံပညာရှင်များကပါ ထောက်ခံနိုင်ခြင်း မရှိပါ။ မျိုးဗီဇပြောင်းစေရန်လူတို့ ဖန်တီးထားသော ဗိုင်းရပ်စ်မဟုတ်ကြောင်း ငြင်းပယ်ထားကြပါသည်။ 

၂- ကိုမူ နိုင်ငံရေးသဘောဆောင်သဖြင့် သိပ္ပံပညာရှင်များက ဝေဖန်သံ ကျယ်ကျယ်မထွက်သော်လည်း အမေရိကန်ထောက်လှမ်းရေးက သဘောတူသည်။ ။ သတင်းဘာသာပြန်သူ )) 
 ((( CNN., May 5, 2020, “Intel shared among US allies indicates virus outbreak more likely came from market, not a Chinese lab.” By Alex Marquardt, Kylie Atwood and Zachary Cohen ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။ ))) 
#ကိုရိုနာဗိုင်းရပ်စ်ပိုးမှာဝူဟန်ဓါတ်ခွဲခန်းမှလွတ်ထွက်သည်ဆိုခြင်းထက်သားရိုင်းဈေးမှစတင်ခဲ့ဟန်ပိုသေချာ #အမေရိကန်အပါအဝင်၅-နိုင်ငံသံမဏိညွန့်ပေါင်းအဖွဲ့၏ကိုရိုနာထောက်လှမ်းရေးအစီရင်ခံစာ 

https://edition.cnn.com/2020/05/04/politics/coronavirus-intelligence/index.html 

0

Leave a Reply

Your email address will not be published.