အမေရိကန်မှာ အမျိုးသားရေးဝါဒ ရှိပါသလား၊ အမျိုးသားရေးဝါဒ ဆိုသည်မှာ


အမျိုးသားရေး ( Nationalism ) ဆိုသည်မှာ ရောမအင်ပါယာကြီး ပြိုကွဲပြီးနောက် “ Nation “ ခေါ် နိုင်ငံအစုအဖွဲ့များ ဖြစ်တည်လာခြင်းမှ အစပြုသည်ဟု ဆိုကြပါသည်။

လတ်တစ်လော ကျွန်တော်တို့ဆီတွင် အမျိုးသားရေးဟု ပြောလျှင် လက်သီးလက်မောင်းတန်းလျှက် ကြွေးကြော်နေကြသော- ကိုးကွယ်ရာ ဘာသာတစ်မျိုးမျိုးအတွက် တိုက်ပွဲခေါ်သံ ပေးနေသူများအဖြစ် ထင်မှတ်နေသူများပါသည်။ အထူးသဖြင့် လစ်ဘရယ်ဒီမိုကရေစီအား ဖျက်လိုဖျက်ဆီးလုပ်နေသူများအဖြစ် ယုံမှတ်ကြသည်။ 

စစ်မီးလျှံကြီးဖြင့် ကမ္ဘာကြီးအား လောင်မြိုက်စေသူ နာဇီ-ဖက်ဆစ်လက်သစ်များဟုလည်း သိမ်း ကြုံးသတ်မှတ်သူ မနည်းလှပါ။ အမေရိကန်ကဲ့သို့ ဒီမိုကရေစီ မီးရှူးတန်ဆောင်နိုင်ငံကြီးတွင် အမျိုးသားရေးဝါဒ မရှိဟု ပြောဆိုနေကြသည်။ 

အမေရိကန်သည် “ တိုင်းရင်းသားမျိုးနွယ် ” မရှိသော နိုင်ငံဖြစ်သည်။ Red Indian ရက်ဒ်အင်ဒီးယန်းတို့သည် မြောက်အမေရိကတိုက်၏ ဌာနေ မူလဘူတ လူမျိးများဖြစ်သော်လည်း တိုင်းရင်းသားအဖြစ် အသိအမှတ်ပြုထားခြင်းမျိုး မရှိချေ။ 

စင်စစ်အားဖြင့် အမေရိကန်သည် ကမ္ဘာပေါ်တွင် ရှိသမျှ လူမျိုးအားလုံး အနည်းနှင့် အများစီ စုစည်းထားသည့် နိုင်ငံဖြစ်သည်။ 

ထို့ကြောင့် ဒီမိုကရေစီ မီးရှူးတန်ဆောင် အမေရိကန်တွင် အမျိုးသားရေးဆိုသည်မှာ မရှိခြင်းမဟုတ်ပဲ အခြားတိုင်းပြည်များနှင့် လုံးဝမတူသော အမျိုးသားရေးဝါဒ ရှိနေပါသည်။

အမေရိကန် ရီပတ်ဘလစ်ကင်တို့သည် အစတည်းက အမျိုးသားရေးဝါဒီများဖြစ်ကြပြီး ဒုတိယကမ္ဘာစစ် ပြီးဆုံးချိန်မှစ၍ Civic Nationalism ခေါ် နိုင်ငံသားဗဟိုပြု အမျိုးသားရေးဝါဒီများဟု အထင်အရှား သတ်မှတ်ခြင်းခံရသည်။ 

အထင်ရှားဆုံး သက်သေပြရလျှင် လက်ရှိသမ္မတ ဒေါ်နယ်ထရမ့်ကြီး၏ American first! ဟု ကြွေးကြော်ခြင်း ဖြစ်လေသည်။ 

လတ်တလော ကမ္ဘာကြီးတွင် အထူးသဖြင့် အမေရိကန်နှင့် ဥရောပ၌ လစ်ဘရယ်ဒီမိုကရေစီဝါဒ မှေးမှိန်လာပြီး အမျိုးသားရေးဝါဒ ခေါင်းထောင်လာကြောင်း သတိပြူနိုင်လောက်ပါသည်။

လက်လှမ်းမီသမျှ အမျိုးသားရေးဝါဒများကို တန်းစီ ကြည့်သည့်အခါ ကမ္ဘာ့မည်သည့်နိုင်ငံမဆို- မည်သည့်ဝါဒ လမ်းစဉ်နှင့် နိုင်ငံတည်ဆောက်သည်ဖြစ်စေ အမျိုးသားရေးနှင့် လွတ်ကင်းသောနိုင်ငံဟူ၍ လုံး၀ မရှိကြောင်း တွေ့ရပါမည်။

၁။ နိုင်ငံသားဗဟိုပြု အမျိုးသားရေးဝါ (CivicNationalism)၊ 
၂။ တိုင်းရင်းသားအမျိုးသားရေးဝါဒ (Ethnic Nationalism) ၊ 
၃။ နိုင်ငံတော်အမျိုးသားရေးဝါဒ (State Nationalism) 
၄။ တော်လှန်ရေးအမျိုးသားရေးဝါဒ ( Revolutionary Nationalism) ၊ 
၅။ လွတ်မြောက်ရေးအမျိုးသားရေးဝါဒ ( Liberation Nationalism) ၊ 
၆။ လက်ဝဲအမျိုးသားရေးဝါဒ ( Left–wing Nationalism) ၊ 
၇။ ကွန်ဆာဗေးတစ်အမျိုးသားရေးဝါဒ ( National conservatism) ၊ 
၈။ အနုသုခုမအမျိုးသားရေးဝါဒ ( Romantic nationalism) ၊ 
၉။ ယဉ်ကျေးမှုအမျိုးသားရေးဝါဒ ( Cultural Nationalism) ၊ 
၁၀။ ဘာသာရေးအမျိုးသားရေးဝါဒ ( Religious Nationalism) ၊ 
၁၁။ နေရပ်စွန့်ခွာသူများဆိုင်ရာ အမျိုးသားရေးဝါဒ ( Diaspora nationalism) ၊ 
၁၂။ ကိုလိုနီခေတ်လွန်အမျိုးသားရေးဝါဒ ( Post-colonial nationalism) ၊ 
၁၃။ နယ်မြေတိုးချဲ့ရေးအမျိုးသားရေးဝါဒ ( Expansionist nationalism) ၊ 
၁၄။ ဗိုလ်ကျစိုးမိုးရေးအမျိုးသားရေးဝါဒ (Jingoistic Nationalism) ၊ 
၁၅။ လစ်ဘရယ်အမျိုးသားရေးဝါဒ ( Liberal Nationalism) 

… ဟု တွေ့ရှိနိုင်လေရာ မည်သည့်နိုင်ငံသည် မည်သည့်အချိန်အခါက မည်သည့် အမျိုးသားရေးဝါဒ ထွန်းကားခဲ့ကြောင်း မှန်းဆနိုင်ကြမည်ဖြစ်သည်။ 

အစဉ်လေးစားစွာဖြင့် 
#HtayOung, #OungMarine 

0

Leave a Reply

Your email address will not be published.