အမေရိကန်လက်ထောက်နိုင်ငံခြားရေးဝန်ကြီး အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ်သို့ အလည်အပတ်လာရောက်မည်။ ကန်သံတမန်အဖွဲ့ ခရီးစဉ်အတွင်း ဒုက္ခသည် ဘင်္ဂါလီအရေးကို အဓိက ဆွေးနွေးမည်ဟု ဘင်္ဂလားဒေ့ရှ်ပြောဆို။


အမေရိကန်လက်ထောက်နိုင်ငံခြားရေးဝန်ကြီး စတီဗင်အီးဘီဂန်၏ ဘင်္ဂလားဒေရှ့်နိုင်ငံသို့ လာရောက်စဉ်အတွင်း ဒုက္ခသည်ဘင်္ဂါလီ ( မူရင်း ရိုဟင်ဂျာဟုဖော်ပြ ) တို့ မြန်မာနိုင်ငံသို့ အမြန်ပြန်သွားနိုင်ရေးအတွက် နိုင်ငံတကာနှင့် အထူးသဖြင့် အမေရိကန်၏ ထောက်ခံမှုရရှိအောင် အလေးထားဆွေးနွေးမည်ဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး ဒေါက်တာ အေကေအဗ္ဗဒူမိုမန်က ပြောဆိုသည်ဟု Dhaka Tribune က ယနေ့ရေးသားသည်။ 


ဒုက္ခသည်ဘင်္ဂါလီများသည် ဘင်္ဂလားဒေ့ရ်ှနိုင်ငံ၏ တာဝန်တစ်ခုတည်းသာ မဟုတ်ဘဲ ကမ္ဘာလုံးဆိုင်ရာတာဝန်ဖြစ်သည်ကို ဘင်္ဂလားဒေ့ရ်ှက တိုးမြှင့်ပြသရလိမ့်မည်ဖြစ်ကြောင်း၊ လူသားချင်းစာနာမှု ဆိုင်ရာအကူအညီသည် အကြပ်အတည်းတွင် လိုအပ်ချက်အစိတ်အပိုင်းတစ်ရပ်ဖြစ်သော်လည်း ၎င်းတစ်ခုတည်းကို ဘင်္ဂလားဒေ့ရ်ှက စိတ်မဝင်စားကြောင်း၊ ဒုက္ခသည်ဘင်္ဂါလီများ နေရပ်ပြန်ရေးသာလျှင် အဓိကဖြစ်ကြောင်း သတင်းထောက်များအား မိုမန်က ရှင်းပြသည်။ 

  
ဥရောပသမဂ္ဂ၊ ဗြိတိန်၊ အမေရိကန်နှင့် ဂျပန်နိုင်ငံတို့က စီစဉ်သော ပြီးခဲ့သည့် အစည်းအဝေးနှင့် ပတ်သက်၍ မေးခွန်းကိုဖြေကြားရာ၌ ဒုက္ခသည်ဘင်္ဂါလီပြဿနာတွင် သားကောင်ဖြစ်နေရသည့် ဘင်္ဂလားဒေ့ရ်ှသည် ဆွေးနွေးပွဲတွင် အဓိကကျသူများအား ပါဝင်ပြောဆိုစေလိုကြောင်း၊ ရေရှည်ထောက်ပံ့ပေးထားမည့်အကြောင်း ဆွေးနွေးကြခြင်းကိုသဘောမတူနိုင်ကြောင်း၊ ဒုက္ခသည်ဘင်္ဂါလီများနေရပ်ပြန်ရေးကိုသာလျှင် အလေးအနက် လိုလားကြောင်း၊

 မကြာသေးမီက ကော့ခ်ဘဇားဒုက္ခသည်စခန်းများအတွင်း ( မူးယစ်ဆေးကုန်သွယ်ရေးအား လက်ဝါးကြီးအုပ်လိုသူအချင်းချင်း အုပ်စုဖွဲ့တိုက်ခိုက်ကြသည့် ) အဖြစ်အပျက်များနှင့် ပတ်သက်၍မူ အဆိုပါစခန်းများအား ထိန်းချုပ်ရန်နှင့် ပတ်ပတ်လည် ခြံစည်းရိုးကာရန် စီစဉ်ထားပြီးဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးက ဖြေကြားသည်။ 

  
ခရီးစဉ်အတွင်း အမေရိကန်အနေဖြင့် အင်ဒို-ပစိဖိတ် မဟာဗျူဟာ (IPS) အကြောင်း ပြောဆိုလိမ့်မည်ဖြစ်ပြီး ထိုအတွက် ဘင်္ဂလားဒေ့ရ်ှတွင် မည်သည့်ပြဿနာမျှ မရှိပါကြောင်း၊ စီးပွားရေးအခြေခံအဆောက်အအုံများ ဖွံ့ဖြိုးရေးတွင် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ရေးနှင့် ဗီဇာဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးမည်ဖြစ်ကြောင်း၊ အိန္ဒိယနိုင်ငံအား ဗီဇာခွင့်ပြုပြီး ဘင်္ဂလားဒေ့ရှ်ကျောင်းသားများအနေဖြင့် အမေရိကန်ဗီဇာမရသေးခြင်းမှာ ခွဲခြားဆက်ဆံမှုဖြစ်ကြောင်း၊ အမေရိကန်က စီးပွားရေးအခြေခံအဆောက်အအုံများ ဖွံ့ဖြိုးရေးတွင် ရင်းနှီးမြှုပ်နှံမှုများနှင့်အတူ ထိရောက်သော ကနဦးခြေလှမ်းများ ပြသရန်လိုအပ်သည်ကို ဘင်္ဂလားဒေ့ရှ်က ဆွေးနွေးမည်ဖြစ်ကြောင်း၊ 

  
အကယ်၍ ဘင်္ဂလားဒေ့ရ်ှအား ကူညီရန် ဆန္ဒရှိလျှင် RMG ခေါ် စက်မှုဖွံ့ဖြိုးကဏ္ဍစုံ၌ ၃-နှစ်စာ အကောက်အခွန် ဖယ်ရှားခြင်းဖြင့် ကူညီနိုင်ကြောင်း၊ အင်ဒို-ပစိဖိတ် မဟာဗျူဟာ (IPS) ၏ ကာကွယ်ရေးအနေဖြင့်မူ အမေရိကန်က ( စစ်လက်နက် ) ပစ္စည်းကိရိယာများ ရောင်းချ လိုကြောင်း၊ သို့သော် မိတ်ဖက်နိုင်ငံများနှင့် ဖော်ရွေမှု အဆုံးသတ်သွားနိုင်သည့်အတွက် ဘင်္ဂလားဒေ့ရှ်က တွန့်ဆုတ်လျှက်ရှိနေရကြောင်း မိုမန်က ဆက်လက်ပြောဆိုသည်။ 

  
အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး စတီဗင်အီးဘီဂန်သည် ၃-ရက်ကြာ ခရီးစဉ်အဖြစ် အောက်တိုဘာ ၁၂-ရက်နေ့တွင် အိန္ဒိယနိုင်ငံသို့ ရောက်ရှိနေသည်။ အောက်တိုဘာ ၁၄-ရက် ဗုဒ္ဓဟူးနေ့ မွန်းလွဲပိုင်းတွင် အိန္ဒိယမှ ဘင်္ဂလားဒေ့ရှ်သို့ ရောက်ရှိမည်ဖြစ်ပြီး ဘင်္ဂလာဒေ့ရှ်အစိုးရ ထိပ်တန်းအရာရှိများနှင့် တွေ့ဆုံဆွေးနွေးပြီးနောက် အောက်တိုဘာ ၁၆-ရက်နေ့တွင် ပြန်လည်ထွက်ခွာရန် စီစဉ်ထားသည်။ 


#အမေရိကန်လက်ထောက်နိုင်ငံခြားရေးဝန်ကြီး #စတီဗင်အီးဘီဂန်_အိန္ဒိယ_ဘင်္ဂလားဒေ့ရှ်ခရီးစဉ် 


((( Dhaka Tribune., October 12th, 2020, “Momen: Rohingya to dominate agenda during US official’s visit.” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။ ဖြည့်စွက်ဖော်ပြချက်များမှာ ပေးထားပါ Link များအတိုင်းဖြစ်သည်။ ))) 

https://www.dhakatribune.com/bangladesh/rohingya-crisis/2020/10/12/momen-rohingya-to-dominate-agenda-during-us-official-s-visit 


https://www.thedailystar.net/rohingya-repatriation-ips-dominate-agenda-during-us-officials-visit-1976745 

https://www.timesnownews.com/india/article/us-deputy-secretary-of-state-stephen-e-biegun-to-arrive-in-india-on-three-day-visit-today/666125 

0

Leave a Reply

Your email address will not be published.