အမေရိကန်သမ္မတ၏ ကိုရိုနာဗိုင်းရပ်စ်ဆေးစစ်အဖြေ နဂ္ဂတစ်ထွက်။ ဒေါ်နယ်ထရမ့်အစစ်လားနှင့် ဇီဝလက်နက်

အမေရိကန်သမ္မတနှင့် ထိတွေ့ဆက်ဆံခဲ့သော ဘရာဇီးအစိုးရအဖွဲ့ဝင် အနည်းဆုံး ၂-ဦးမှာ ကိုရိုနာဗိုင်းရပ်စ်စွဲကပ်လျှက်ရှိကြောင်း သတင်းများထွက်ပေါ်ခဲ့သည်။ ထိုအတွက် အမေရိကန်သမ္မတအား ဆေးစစ်မှုြ့ပုလုပ်ခဲ့ရာ ယခုနောက်ဆုံး ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရခြင်းမရှိဟု အဖြေတွေ့ရှိရကြောင်း အိမ်ဖြူတော်က သတင်းထုတ်ပြန်သည်ဟု Russia Today က ယနေ့ရေးသားသည်။

လွန်ခဲ့သည့် ရက်သတ္တ တစ်ပတ်ကျော် စနေနေ့၌ ဘရာဇီးသမ္မတနှင့် ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့သည် သမ္မတဒေါ်နယ်ထရမ့်နှင့် ဖလော်ရီဒါရှိ အမေရိကန် သမ္မတအိမ်တော်၌ တွေ့ဆုံခဲ့ကြခြင်းဖြစ်သည်။ ထိုစဉ်က ဘရာဇီးသမ္မတ ဂျိုင်ဘိုလ်ဆိုနာရို၏ သတင်းထုတ်ပြန်ရေးပုဂ္ဂိုလ်အဖြစ် ဆောင်ရွက်ခဲ့သူ ဘရာဇီးလူမှု့ဆက်ဆံရေးအထူးဝန်ကြီး၊ ဘရာဇီးလွှတ်တော်အမတ်နှင့် အမေရိကန်ပြည်ထောင်စုဆိုင်ရာ ဘရာဇီးသံအမတ်ကြီး တို့မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်လျှက်ရှိသည်ကို ၅-ရက်ခန့်အကြာ၌ အသီးသီးတွေ့ရှိခဲ့သည်ဆို၏။

ဘရာဇီးအစိုးရအဖွဲ့ဝင် ၃-ဦး၌ ရောဂါပိုးတွေ့ရှိခဲ့ခြင်းကြောင့် ဆွေးနွေးပွဲ၌ လက်ချင်းဆုပ်နယ်သည်အထိ ထိတွေ့ခဲ့သူ သမ္မတနှစ်ဦးစလုံးမှာ ဗိုင်းရပ်စ်ကူးစက်လျှက်ရှိပုံရကြောင်း ပြောဆိုရေးသားမှု့များ ပလူပျံအောင် ပေါ်ထွက်ခဲ့သည်။ ဆေးစစ်ခံယူခဲ့သော ဘရာဇီးသမ္မတ ဂျိုင်ဘိုလ်ဆိုနာရို၌မူ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရခြင်းမရှိကြောင်း ယမန်နေ့ကတည်း အဖြေတွေ့ရှိခဲ့ပြီးဖြစ်သည်။

အမေရိကန်တွင် ကိုရိုနာဗိုင်းရပ်စ်စွဲကပ်သဖြင့် သေဆုံး ၆၀ နီးပါးနှင့် ကူးစက်ခံရသူ ၂,၇၀၀ ကျော်လာချိန်တွင် အမေရိကန်သမ္မတက ကိုယ်တိုင် ဆေးစစ်ခံယူရန် သဘောတူခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။ သို့သော် ကျန်းမာနေသဖြင့် ကိုရိုနာဗိုင်းရပ်စ်ကိစ္စနှင့်ဆေးစစ်ခံယူရန် မလိုကြောင်း ဒေါ်နယ်ထရမ့်ကဲ့သို့ အမြဲ ဆင်ခြေပေးလေ့ရှိသူက သဘောတူခဲ့သည်ဆိုခြင်းနှင့် ကိုရိုနာဗိုင်းရပ်စ်ပိုးမရှိကြောင်း အဖြေထွက်သည်ဆိုခြင်းမှာ ယုံရခက်ကြီးဖြစ်ကြောင်း Twitter လူမှုကွန်ယက်၌ လှောင်ပြောင်ရေးသားသူ စယ်လီများရှိနေသည်။ အဆိုပါရေးသားချက် ပို့စ်တို့အောက်တွင် ကောလဟလနှင့် သွားပုပ်လေလွင့် ပြောဆိုခြင်းသက်သက်သာဖြစ်ကြောင်း ထရမ့်ထောက်ခံသူတို့၏ တုန့်ပြန်ကွန်မန့်များကိုလည်း ယနေ့တွေ့ရှိရသည်။

Covid-19 ကိုရိုနာဗိုင်းရပ်စ်စွဲရောဂါမှာ နိုင်ငံတကာကူးစက်ကပ်ရောဂါဖြစ်လာပြီးနောက် ပျံ့နှံ့မှု လျှင်မြန်ကျယ်ပြန့်လာနေသည်။ အမေရိကန်က ဗြိတိန်၊ အိုင်ယာလန်တို့နှင့် ကူးလူးသွားလာမှု့ ဆိုင်းငံ့လိုက်ကြောင်း ယမန်နေ့သတင်းထုတ်ပြန်သည်။ ယခင် ဥရောပနိုင်ငံများနှင့် လေကြောင်းသွားလာမှု့ ရက်-၃၀ ဆိုင်းငံ့ခဲ့ရာတွင် မပါဝင်ခဲ့သော ၂-နိုင်ငံကို ယခုထည့်သွင်းလိုက်ခြင်းဖြစ်ကြောင်းတွေ့ရှိရသည်။

ယနေ့နံနက်ပိုင်းအထိ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခြင်းခံရသူ တစ်ကမ္ဘာလုံး စုစုပေါင်းမှာ ၁-သိန်း ၅သောင်းကျော်လာခဲ့ပြီဖြစ်သည်။ တရုတ်သည် ၈၀,၀၀၀ ကျော်၊ အီတလီ ၂၀,၀၀၀ကျော်နှင့် အီရန် ၁၂,၀၀၀ ကျော်တို့ဖြင့် ကူးစက်ခံရသူ အများဆုံးဖြစ်သည်။ ကျန်နိုင်ငံများအနက် တောင်ကိုရီးယားသည် ၈,၀၀၀ ကျော်ဖြစ်၍ အစဉ်အလိုက်အားဖြင့် စပိန်- ဂျာမနီ- ပြင်သစ်- အမေရိကန်- ဆွစ်ဇာလန်- ဗြိတိန်- နော်ေ၀ ၁,၀၀၀ ကျော်ဖြင့် အသီးသီးတွေ့ရှိရသည်။

အထူးသဖြင့် ကိုရိုနာဗိုင်းရပ်စ်ဖြင့် တရုတ်၌ သေဆုံးသူဦးရေ ၃,၀၀၀ ကျော်မှာ ၂၀၁၉-ဒီဇင်ဘာမှ ရက်ပေါင်း ၆၀ ခန့်မျှအတွင်း ဖြစ်၍ အီတလီ ၁,၄၀၀ ကျော်မှာ ၂၀၂၀ ဇန်နဝါရီ ၃၁ မှ ရက်ပေါင်း ၄၀ ကျော်မျှအတွင်း ဖြစ်သည်။

တောင်ကိုရီးယားသည် ကူးစက်ခံရသူ ၈,၀၀၀ ကျော်သော်လည်း သေဆုံးသူ ၇၂-ဦးသာရှိသည်။ ကူးစက်ခံရသူ ၆,၀၀၀ ကျော်ဖြင့် ၎င်းနောက် အများဆုံးဖြစ်သော စပိန်သည် သေဆုံးသူ ၂၀၀ နီးပါးဖြစ်နေခြင်းမှာ စိုးရိမ်ဖွယ်ဖြစ်သည်။ ထိုအတွက် တစ်နိုင်ငံတွင် သွားလာဝင်ထွက်မှု့ အမျိုးသားအဆင့်တားမြစ်လိုက်ကြောင်း စပိန်အစိုးရ က ယမန်နေ့ကြေညာသည်။

Covid-19 ကိုရိုနာဗိုင်းရပ်စွဲကူးစက်ရောဂါမှာ ယခုအခါ ဥရောပကို ဗဟိုပြုလျှက် လျှင်မြန်စွာပျံ့နှံ့လျှက်ရှိကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ( ဥရောပ ) က မတ် ၁၂၊ ၂၀၂၀ ၌ သတိပေးချက် ထုတ်ပြန်သည်။

(( Anthrax ဒေါင့်သန်းပိုးကို 9/11 အလွန် ၂၀၀၁-ခုနှစ် အမေရိကန်၌ မသမာအချို့က ဖြန့်ဖြူးခဲ့ဖူးသည်။ ခြေလေးချောင်းတိရစ္ဆာန်များတွင် ရောဂါဖြစ်ပွားစေသော အဆိုပါဘက်တီးရီးယားသည် ထိတွေ့သူအချို့အား ဖျားနာသေဆုံးစေသည်။ သို့သော် ဒေါင့်သန်းပိုးကို ဇီဝလက်နက်အဖြစ် မည်သူမျှ မသုံးကြပါ။ ထိတွေ့လျှင် ဖျားနာသေဆုံးသူ အလွန်နည်းသည့်အပြင် လူမှ လူချင်း ကူးစက်ခြင်းမရှိ၍ တွက်ခြေမကိုက်သောကြောင့်ဖြစ်သည်။ ထို့ကြောင့် ဒေါင့်သန်းပိုးကို ဇီဝလက်နက်အဖြစ်သုံးလိုလျှင် ဓါတ်ခွဲခန်းတွင် ဗီဇပြောင်းပေးရန် လိုအပ်ပါသည်။

၁၉၁၈-ခုနှစ် စပိန်တုတ်ကွေးကူးစက်မှုဖြစ်ပွားရာ ကမ္ဘာအနှံ့ လူပေါင်း သန်း ၅၀ ခန့်သေဆုံးသည်။ ၂၀၀၉-ခုနှစ် ကမ္ဘာအနှံ့ဝက်များတွင် ကူးစက်ရောဂါဖြစ်ပွားစေသော SIV ဗိုင်းရပ်သည် စပိန်တုတ်ကွေးဗိုင်းရပ်စ်နှင့် ပေါင်းစပ်ဗီဇပြောင်းလျှက် H1N1-09 ဗိုင်းရပ်စ်ဖြစ်သွားသည်။ ၂၀၀၉-၂၀၁၀ ခုနှစ်တွင် ကမ္ဘာအနှံ့ တစ်သောင်းရှစ် ထောင်ကျော်သေဆုံးသည်။ ဆေးသိပ္ပံပညာ ကောင်းစွာဖွံံ့ဖြိုးနေချိန်ဖြစ်၍ လူသေဆုံးနှုန်း လျော့နည်းခြင်း ဖြစ်သော်လည်း သေဆုံးမှုအချို့ကို မှတ်တမ်းမတင်နိုင်ပဲ အမှန်တကယ်သေဆုံးသူ တစ်သိန်းငါးသောင်းမှ ငါးသိန်းအထိရှိသည်ဟု ဆိုကြသည်။

လူမှ H1N1 သည် ကြက်သို့ ကူးစက်ကာ ကြက်ငှက်တုတ်ကွေးအဖြစ် လူသိများသော H5N1 ဗိုင်းရပ်စ်မျိုးကွဲ ဖြစ်သွားသည်။ ယခုဆိုလျှင် H နှင့် N တို့သည် အပြန်ပြန်အလှန်လှန် ပေါင်းစပ်ပြီးသကာလ hemagglutinin (H) မျိုးစားခွဲ ၁၈ မျိုးနှင့် neuraminidase (N) ၁၁-မျိုးအထိ ဆွေမျိုးတော်စပ်လျှက် တွေ့ရှိပြီးဖြစ်ပါသည်။ H1N1 ရောဂါပြီးဆုံးပြီဟု WHO က ကြေညာသော်လည်း ယခုတိုင် ကမ္ဘာအရပ်ရပ်၌ အနည်းငယ်စီဖြစ်ပွား လျှက်တွေ့ရဆဲဖြစ်သည်။

အချုပ်ဆိုရလျှင် ထိုကြောင့် Covid-19 ရောဂါဖြစ်စေသော SARS-CoV-2 ဗိုင်းရပ်စ်မှာ ဇီဝလက်နက်အဖြစ် ဓါတ်ခွဲခန်းတွင် ဖန်တီးခြင်းမဟုတ်ကြောင်း အခိုင်အမာပြောဆိုကြခြင်းဖြစ်သည်။ Covid- 19 မှာ ဇီဝလက်နက် ဖြစ်နေခဲ့လျှင် အတော်ကံကောင်းပြီး ဝမ်းသာအားရ လက်ခမောင်းခတ်ရန်သာရန် ရှိပါသည်။ မိခင် ကိုးလလွယ် ဆယ်လမွေးသော သန္ဓေသားနှင့် ဖန်ပြွန်သန္ဓေသားတို့ ကြံခိုင်-စွမ်းရည်တွင် မိုးနှင့်မြေပမာ ကွာခြားလွန်း၍ ဖြစ်သည်။

ယခုထိတွေ့ရှိသည်မှာ လင်းနို့တွင်တွေ့ရသော ကိုရိုနာဗိုင်းရပ်စ်မှ ဗီဇပြောင်းလာခြင်းဖြစ်၍ နောက်ထပ် ပြောင်းရန် ရှိ-မရှိ မည်သူမျှ အာမမခံပါ။ ယခုပင်လျှင် အတော်သေဆုံးနေကြပြီဖြစ်ရာ ပြောင်းများ ပြောင်းခဲ့လျှင် မတွေးဝန့်စရာဖြစ်သည်။

ကျွန်တော့်သဘောပြောရလျှင် ဒေါ်နယ်ထရမ့်မှာ ကိုရိုနာဗိုင်းရပ်စ်ဖြင့် သေဆုံးသွားပြီး လူစားထိုးထားသည်။ သို့မဟုတ် ရောဂါပိုးကူးစက်နေပါလျှက် ကြိတ်ကုနေပြီး ဒေါ်နယ်ထရမ့်အတုက လူမြင်ကွင်း ထွက်ပြနေသည်ဆိုလျှင် ဇီဝလက်နက်ထက် ဖြစ်နိုင်ခြေရှိပါသေးသည်။

ဒေါ်နယ်ထရမ့် ကူး-မကူး၊ သေ- မသေ၊ လူစား ထိုး-မထိုး သူ့မိန်းမ မယ်လန်နီယာထရမ့်နှင့် လက်တစ်ဆုပ်စာ အမေရိကန်အစိုးရထိပ်ပိုင်း ပုဂ္ဂိုလ်များသာ သိနိုင်ပါသည်။ SARS-CoV-2 ဇီဝလက်နက် ဟုတ်-မဟုတ် သက်သေပြနိုင်သူ ထိပ်တန်းပညာရှင်ချည့် အနည်းဆုံး ၃၀၀ ခန့်မှာ ဗိုင်းရပ်စ်ကို ကိုင်၍ ကမ္ဘာအနှံ့ရှိနေပါသည်။

#ကိုရိုနာဗိုင်းရပ်စ်ဒေါ်နယ်ထရမ့် #ကိုရိုနာဗိုင်းရပ်သေဆုံးနှင့်ရက်ကာလ #ကိုရိုနာဗိုင်းရပ်စ်နိုင်ငံတကာနှင့်ကူးစက်ကပ်ရောဂါ

((( Russia Today., 14 Mar, 2020 ,” NEGATIVE: Trump confirmed not to have coronavirus despite recent contacts with infected Brazilian officials.” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။ ဆက်စပ်သတင်းမျးမှာ ပေးထားပါ Links များအတိုင်းဖြစ်သည်။ )))

https://www.rt.com/usa/483159-trump-coronavirus-test-negative/

https://www.rt.com/news/483144-us-travel-ban-uk-ireland/

https://www.rt.com/usa/483149-donald-trump-tested-coronavirus/

https://www.rt.com/news/483136-spain-coronavirus-lockdown-government/

https://gisanddata.maps.arcgis.com/apps/opsdashboard/index.html?fbclid=IwAR0tOhUl59T4ql89uyu8fgwqjI3F4AOGGL5U8M_s5RQurA0mqtzgoGJlcVE#/bda7594740fd40299423467b48e9ecf6

https://www.who.int/news-room/detail/13-03-2020-who-un-foundation-and-partners-launch-first-of-its-kind-covid-19-solidarity-response-fund

https://www.thestar.com.my/news/regional/2020/03/13/china-says-its-covid-19-peak-is-over

https://ourworldindata.org/coronavirus

http://www.euro.who.int/en/health-topics/health-emergencies/coronavirus-covid-19/news/news/2020/3/who-announces-covid-19-outbreak-a-pandemic

https://www.ncbi.nlm.nih.gov/pmc/articles/PMC3291398/

http://www.cidrap.umn.edu/news-perspective/2010/08/who-says-h1n1-pandemic-over

0

Leave a Reply

Your email address will not be published.