အမေရိကန်အစိုးရ USCIRF အဖွဲဝင်များအား ပြည်ဝင်ခွင့်ဗီဇာထုတ်ပေးရန် အိန္ဒိယ ပယ်ချ။ နိုင်ငံ၏ဘာသာရေး လွတ်လပ်ခွင့်အပေါ် ပြည်ပနိုင်ငံက စွက်ဖက်ဝေဖန်ရန် အခွင့်အရေးမရှိဟု မိုဒီအစိုးရ ပြောဆို။

အမေရိကန်အစိုးရ၏ ဘာသာရေးလွတ်လပ်ခွင့်ဆိုင်ရာအဖွဲ့ဝင်များအား ပြည်ဝင်ခွင့် ဗီဇာထုတ်ပေးရန် အိန္ဒိယက ငြင်းပယ်လိုက်သည်။ အိန္ဒိယနိုင်ငံ၏ ဘာသာရေးနှင့်ပတ်သက်၍ ၎င်းတို့က အဆုံးအဖြတ်ပေးရန် အခွင့်အရေး မရှိကြောင်း ပြောဆိုခြင်းဖြင့် နှစ်နိုင်ငံအကြား အာဃာတထားရှိမှုတွင် ရေချိန်သစ်ဖြစ်ပေါ်လာပုံရသည်ဟု Russia Today က ယနေ့ ရေးသားသည်။

မွတ်စလင်များအပေါ် ဖိနှိပ်ရက်စက်လျှက်ရှိကြောင်း စွပ်စွဲချက်ဖြင့် အမေရိကန်အစိုးရ အကြံပေးအဖွဲ့က ရှုတ်ချ မှု အကြိမ်ကြိမ်ဖြစ်ပေါ်ခဲ့ပြီးနောက် အမေရိကန်နိုင်ငံတကာ ဘာသာရေးလွတ်လပ်ခွင့်ဆိုင်ရာ ကော်မရှင် (USCIRF) အဖွဲ့ဝင်များအား အိန္ဒိယနိုင်ငံနယ်မြေများသို့ လာရောက်ခွင့် မပြုရန် မိုဒီအစိုးရက တားမြစ်ခဲ့သည်။

အိန္ဒိယအာဏာပိုင်များက စွပ်စွဲချက်များကို ငြင်းပယ်ပြီး  USCIRF သည် အလိုမုန်းထားစိတ်ဖြင့် ဘက်လိုက် လျှက် သုံးသပ်ခြင်းသာဖြစ်ကြောင်း တုန့်ပြန်ခဲ့သည်။ သတင်းပေါက်ကြားခဲ့သည့် ဇွန်လ ၁ ရက်စွဲပါ နိုင်ငံခြားရေး ဝန်ကြီး ဆူပရာမန်ယန်ဂျိုင်ရှန်ကာ၏ ပါလီမန်အမတ်တစ်ဦးထံပေးပို့သည်ဆိုသော စာတွင် အိန္ဒိယ၏ ဘာသာ ရေးလွတ်လပ်ခွင့်နှင့် ဖွဲ့စည်းပုံအခြေခံဥပဒေအရ အကာအကွယ်ပေးထားသော အခွင့်အရေးများသည် အမေရိ ကန် USCIRF ကဲ့သို့ နိုင်ငံခြားအဖွဲ့အစည်းတစ်ခု၏ “ ဘောင်းတော်ငြိမ့်၊ စိတ်တော်သိ “ ဘ၀ သက်ဆင်းရန် အကြောင်း လုံး၀ မရှိကြောင်း ရေးသားထားသည်ဆို၏။

အဆိုပါသတင်းမှာ အမေရိကန်အစိုးရ ဘာသာရေးလွတ်လပ်ခွင့်ဆိုင်ရာကော်မရှင်၏ ၂၀၁၉ နှစ်ပတ်လည် အစီ ရင်ခံစာကို ထုတ်ပြန်သည့်အချိန်၌ ထွက်ပေါ်လာခြင်းဖြစ်သည်။ NGO အဖွဲ့အစည်းများထံမှ ရရှိသော အချက်အ လက်များကို အများဆုံး ကိုးကားလျှက် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပေယို၏ ဗုဒ္ဓဟူးနေ့က သတင်း ထုတ် ပြန်ရာတွင် ဘာသာရေးလူနည်းစုများအပေါ် လူအုပ်စုဖွဲ့ တိုက်ခိုက်မှုများကို ရပ်တန့်ရန်နှင့် ခွဲခြား ဆက် ဆံမှု ပုံစံအမျိုးမျိုးကို ခွင့်ပြုထားသည့်အတွက် အိန္ဒိယအစိုးရအား ရှုတ်ချကြောင်း ပါရှိသည်။ ပိုင်ဆိုင်မှုအငြင်း ပွားလျှက်ရှိသော ဂျမူးနှင့် ကက်ရှ်မီးယားပြည်နယ်တွင် အိန္ဒိယအစိုးရက အထူးအဆင့်အတန်း ပြဋ္ဌာန်းချက် ပယ်ဖျက်ခြင်းကို ထောက်ပြထားပြီး၊ အငြင်းပွားဖွယ်ရာ နိုင်ငံသားဖြစ်မှုဆိုင်ရာ ပြင်ဆင်ချက် ဥပဒေကြမ်း (CAB) မှာ မွတ်စလင်အား ရည်ရွယ်လျှက် ခွဲခြားဆက်ဆံရာရောက်ကြောင်း ဝေဖန်ချက် ပါရှိသည်။

နိုင်ငံသားဥပဒေကြမ်းသည် အမေရိကန်-အိန္ဒိယ နှစ်နိုင်ငံအကြား ဆက်ဆံရေးတွင် ခလုတ်ကန်သင်း သဖွယ် ဖြစ်လာသည်။ ဧပြီလတွင် USCIRF ၏ ဘာသာရေးလွတ်လပ်ခွင့် အထူးစိုးရိမ်ဖွယ်ရာရှိသောနိုင်ငံများစာရင်း ဖော်ပြရာ၌ အိန္ဒိယအား ထည့်သွင်းထားသည်။ ၂၀၀၁၊ ၂၀၀၂၊ ၂၀၀၃၊ ၂၀၀၄၊ ၂၀၀၉ နှင့် ၂၀၁၀ ခုနှစ်တို့တွင် လည်း အလားတူ ဖော်ပြခဲ့ပြီးဖြစ်သည်။ အိန္ဒိယနိုင်ငံခြားရေး ဝန်ကြီးဌာနကလည်း “အမေရိကန် ဘာသာရေး လွတ်လပ်ခွင့်ဆိုင်ရာကော်မရှင်သည် အထူးစိုးရိမ်ဖွယ်ရာအဖွဲ့အစည်းတစ်ခုဖြစ်ပြီး ၎င်းနှင့်အညီ ဆက်ဆံရန် စဉ်းစားရလိမ့်မည်ဖြစ်ကြောင်း” တုန့်ပြန်ချေပခဲ့သည်။

ထို့ပြင် အမေရိကန်အစိုးရဘာသာရေး လွတ်လပ်ခွင့်ဆိုင်ရာကော်မရှင်၏ အိန္ဒိယနိုင်ငံနှင့် ပတ်သက်၍ နှစ် ပတ်လည်အစီရင်ခံစာသည် အပ်ကြောင်းထပ်နေသည့် ဘက်လိုက်မှုနှင့် တစ်ဖက်စောင်းနင်း ဖော်ပြမှုများ သာဖြစ်ကြောင်း တစ်လွဲတစ်ချော်အသစ်များ ပြောင်းလဲဖော်ပြသင့်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဋ္ဌာန ပြောခွင့် ရပုဂ္ဂိုလ်က ပြောင်လှောင်ရှုတ်ချလျှက် ပယ်ချခဲ့သည်။

(( အမေရိကန်တွင် နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပေယို ကြီးမှုး၍ နိုင်ငံတကာ ဘာသာရေးလွတ်လပ်ခွင့်နှင့် ပတ်သက်သည့် Ministerial to Advance Religious Freedom ကို ဇူလိုင် ၁၆-ရက်နေ့မှ ၁၈-ရက်နေ့အထိ ဝါရှင်တန်ဒီစီတွင် ကျင်းပပြုလုပ်သည်။ ဇူလိုင် ၁၆-ရက်နေ့တွင် အဆိုပါတွေ့ဆုံပွဲသို့ တက်ရောက်လာသည့် နိုင်ငံတကာမှ ကိုယ်စားပြုသူများဟု ဆိုသူတို့ကို သမ္မတဒေါ်နယ်ထရမ့်က အိမ်ဖြူတော် ဘဲဥပုံရုံးခန်း၌ လက်ခံတွေ့ဆုံခဲ့ရာ မှတ်တမ်းသတင်းဓါတ်ပုံအချို့ကို ပြန်လည်ဖော်ပြပါသည်။ တရုတ်-ပါကစ္စတန်-အိန္ဒိယ-ဘင်္ဂလားဒက်ရှ်နှင့် မြန်မာနိုင်ငံမှဟု ဆိုကာ တွေ့ဆုံပွဲတွင် တက်ရောက်ခဲ့ သူတို့၏ နောက်ပိုင်းသတင်းများနှင့် ပတ်သက်၍ ကျွန်တော်စုစည်းဖော်ပြခဲ့သည်မှ အချို့ဖြစ်ပါသည်။

ဘာသာရေးဖိနှိပ်ခြင်းကို လက်မခံဆိုသော အမေရိကန်နိုင်ငံအတွင်း၌ လူမျိုးကြီးဝါဒဆန့်ကျင်ရေးနှင့် ခွဲခြားဆက် ဆံမှုကန့်ကွက်ဆန္ဒပြပွဲများဖြစ်ပေါ်လျှက်ရှိသည်မှာ ကမ္ဘာသိဖြစ်ပါ၍ အထူးတလည် ဝေဖန်ရန်မရှိပါ။

အမေရိကန်လူနီတို့၏ ဇာတိမြေအား သိမ်းပိုက်ကာ ကျွန်ကုန်ကူးခြင်းရာဇဝင်ရှိခဲ့သော အမေရိကန်နှင့် အတိတ် သမိုင်းတွင် လူကိုလူချင်း ကိုလိုနီပြုခြင်၊ ကျွန်ကုန်ကူးရာ၌ ပုလင်းတူဗူးဆို့ဖြစ်ခဲ့သော အင်္ဂလန်နှင့် ဥရောပနိုင်ငံကြီးများသည် ၎င်းတို့နိုင်ငံအတွင်းအဖြစ်အပျက်များကို ကျော်လွှားကာ အခြားနိုင်ငံများ၏ “ လူ့အခွင့်အရေး “ “ ဘာသာရေးလွတ်လပ်မှု “ ဟု အသံအကျယ်ဆုံး ပြောဆိုနေသည်မှာ …..

ဘာ့ကွောငျ့ဟု သငျ ထငျပါသလဲ ….

((( Russia Today., 11 Jun, 2020,” India denies visa to US govt panel, says foreign entities have no authority to criticize nation’s religious freedoms.” ကို #HtayOung, #OungMarine ဆီလျော် အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။ )))

#အမေရိကန်USCIRFအဖွဲဝင်များအားပြည်ဝင်ခွင့်ဗီဇာထုတ်ပေးရန်အိန္ဒိယပယ်ချ။ #နိုင်ငံ၏ဘာသာရေး လွတ်လပ်ခွင့်အပေါ်ပြည်ပနိုင်ငံက စွက်ဖက်ဝေဖန်ရန်အခွင့်အရေးမရှိဟုအိန္ဒိယဆို။

https://www.rt.com/news/491558-india-deny-visa-us-religious-panel/

https://www.wikiwand.com/en/Religious_persecution

https://www.rt.com/news/485946-india-us-religious-freedom/

https://www.rt.com/op-ed/475548-us-sanctions-india-citizenship-bill/

https://www.rfa.org/english/news/uyghur/act-05272020151018.html

https://www.wahtistrendingnow.com/2019/07/why-pakistani-ahmadi-met-with-us_19.html

https://www.state.gov/2019-ministerial-to-advance-religious-freedom/

0

Leave a Reply

Your email address will not be published.