အမေရိကန်အတ္တလန်တာ အစုအပုံလိုက်လူသတ်မှု ဘလက်ဝါးတား ကြေးစားစစ်သား ပုတ်သင်ဥ ပေါ်၊အာရှတိုက်သား မုန်းတီးရေး လူဖြူကြီးစိုးရေးဝါဒအရ အမျိုးသမီး ၆-ဦးအပါအဝင် လူ ၈-ဦးကို အကြမ်းဖက်သတ်ဖြတ်၊အီရတ်အရပ်သားများ အစုအပုံလိုက်သတ်ဖြတ်သူ ဘလက်ဝါးတား ၄-ဦးကို ထရမ့်က လွတ်ငြိမ်းချမ်းသာခွင့် ပြုခဲ့


အမေရိကန် ဂျော်ဂျီယာပြည်နယ် အတ္တလန်တာမြို့ရှိ အနှိပ်ခန်းများတွင် လွန်ခဲ့သည့် မတ် ၁၇-ရက်နေ့၌ အမျိးသမီး ၆-ဦး အပါအဝင် လူ ၈-ဦးတို့မှာ တစ်ပြိုင်တည်းလိုလို အသတ်ခံခဲ့ရသည်။ အဆိုပါ အစုအပုံလိုက်အသတ်ခံရမှုတွင် နာမည်ဆိုးဖြင့် ကျော်ကြားသည့် #ဘလက်ဝါးတား ခေါ်#ပုဂ္ဂလိက_စစ်ဘက်လုံခြုံရေးကုမ္ပဏီနှင့် ဆက်စပ်ခဲ့ဖူးသူ ချာရိုကီကောင်တီ တရားဥပဒေစိုးမိုးရေးအရာရှိအရာရှိ ဖရင့်ရေးနိုးဦးဆောင်အဖွဲ့က အစီရင်ခံစာ တင်သွင်းလိုက်ရာ အမေရိကန်တစ်နိုင်ငံလုံးသာမက နိုင်ငံတကာ၌ပါ စိတိဝင်စားစရာ ဖြစ်ခဲ့ရသည်ဟု Russia Today (Mar 18,2021) က ရေးသားသည်။
( ဖြစ်စဉ်ကို မတ်-၁၇ ရက်နေ့ ကျွန်တော်၏ ဘာသာပြန်သတင်း သို့မဟုတ် ပထမဆုံး ကောမန့်၌ ရှု့ပါရန် )

..  
အတ္တလန်တာ သေနတ်ပစ်ခတ်ရမ်းကားမှုမှာလည်း လက်ရှိအမေရိကန်နိုင်ငံတွင် ခေါင်းထောင်လျှက်ရှိသည့် #လူဖြူကြီးစိုးရေးဝါဒအရ လူမျိုးရေးကို အခြေခံသည့် အကြမ်းဖက်မှုများ၏ နောက်ဆုံးသာဓကအဖြစ် လျှင်မြန်စွာ ရုပ်လုံးပေါ်လာခဲ့ကြောင်းသိရှိရသည်။

..   
တစ်ချိန်က လူဖြူကြီးစိုးရေးဝါဒီများအဖြစ် စွပ်စွဲခြင်းခံခဲ့ရဖူးသည့် ချာရိုကီးကောင်တီ တရားဥပဒေစိုးမိုးရေး အရာရှိရုံးအဖွဲ့အနေဖြင့် ယခုမှုခင်းအပေါ် ထောက်ခံခြင်း- ကန့်ကွက်ခြင်းလုံး၀ မပါဝင်ပဲ အသက် ၂၁-နှစ်အရွယ် ပြစ်မှုကျူးလွန်ကြောင်း သံသယရှိသူ ရောဘတ်အေရွန်လောင်း၏ ထွက်ဆိုချက်များကိုသာ တင်ပြခဲ့သည် ဆို၏။

..
အေရွန်လောင်းကို အတ္တလန်မြို့တောင်ဘက် မိုင် ၁၅၀ ခန့်အကွာတွင် အခင်းဖြစ်ပွားသည့် ဗုဒ္ဓဟူးနေ့၌ ရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့ပြီး အတ္တလန်တာ SPA များအတွင်း လူသတ်မှု ၄-မှု တိုက်ခိုက်သတ်ပုတ်မှု ၁-မှု တို့ဖြင့် တရားစွဲဆိုထားသည်။ အာရှတိုက်သူ အမျိုးသမီးများသည် လိင်စွဲလမ်းစေရန် ဖြားယောင်းသည့်အတွက် တွန်းလှန်လိုသဖြင့် ပစ်မှတ်ထားရပါကြောင်း အေရွန်လောင်းက ထွက်ဆိုခဲ့သည်။ အေရွန်လောင်းသည် အဆိုပါ SPA များသို့ ယခင်ကလည်း ရောက်ရှိခဲ့ဖူးကြောင်း အတ္တလန်တာရဲတပ်ဖွဲ့က စွပ်စွဲထားပြီး စိတ်နာကျည်းနေခိုက် အခင်းဖြစ်ပွားသည့်နေ့၌ ဒေါသထွက်အောင် ထပ်မံကြုံတွေ့ရခြင်းဖြစ်နိုင်ကြောင်း မှတ်ချက်ပြုထားသည်။

..   
The Daily Beast မီဒီယာက လူမှုကွန်ယက်ပေါ်မှ ရေးသားချက်များကို ခြေရာခံ၍ ချာရိုကီး ကောင်တီရဲတပ်ဖွဲ့၊ ကောင်တီတရားဥပဒေစိုးမိုးရေးရုံးအပေါ် အာရှတိုက်သားမုန်းတီးရေး လူဖြူကြီးစိုးရေးဝါဒီများအဖြစ် စွပ်စွဲခံခဲ့ရဖူးသည်ကို ဖော်ထုတ်လိုက်သည်။ ကောင်တီတရားဥပဒေစိုးမိုးရေးအရာရှိ ဖရင့်ရေးနိုးကိုယ်တိုင်သည် နာမည်ဆိုးဖြင့် ကျော်ကြားသည့် #အမေရိကန်_ဘလက်ဝါးတား ခေါ် ပုဂ္ဂလိကစစ်ဘက်လုံခြုံရေးကုမ္ပဏီတွင် ၃-နှစ် ကြာ တာဝန်ထမ်းဆောင်ခဲ့ဖူးသည်ကို ၎င်း၏ လုပ်သက်မှတ်တမ်းတွင် တွေ့ရှိရကြောင်း၊ ထိုအချက်မှန်ကန်လျှင် ဖရင့်ရေးနိုးသည် ၂၀၀၅-ခုနှစ်မှ ၂၀၀၈-ခုနှစ်အထိ လုံခြုံရေးကန်ထရိုက်တာတစ်ဦးအဖြစ် တာဝန်ယူခဲ့ဖူးမည် ဖြစ်ကြောင်း ရေးသားသည်။

..   
ဘလက်ဝါးတားသည် #အရင်သေနတ်နဲ့ပစ်_နောက်မှမေးခွန်းမေး ဟူသည့် #ကောင်းဘွိုင်စရိုက်ရှိသူများအဖြစ် အရှေ့အလယ်ပိုင်းရောက် အမေရိကန်ဝန်ထမ်းလောက၌ ကျော်ကြားသည်။ ဘလက်ဝါးတားတို့၏ ကြောက်မက်ဖွယ် ဂုဏ်သတင်းသည် ယခင်သမ္မတဒေါ်နယ်ထရမ့်လက်ထက် ဘလက်ဝါးတားကန်ထရိုက်တာ ၄-ဦးအား လွတ်ငြိမ်းချမ်းသာခွင့်ပြုရာမှ အများအာရုံစိုက်မှုအဖြစ် ပြန်လည်ရောက်ရှိလာသည်။ အဆိုပါ ဘလက်ဝါးတား ၄-ဦးမှာ ၎င်းတို့ တာဝန်ထမ်းဆောင်စဉ် ၂၀၀၇-ခုနှစ် အီရန်နိုင်ငံ နစ်ဆောစကွဲယား၌ အရပ်သားများအား အစု လိုက်အပုံလိုက်သတ်ဖြတ်မှုဖြင့် အကျဉ်းကျခံနေရသူများဖြစ်သည်။

..   
ကောင်တီတရားဥပဒေစိုးမိုးရေးအရာရှိ ဖရင့်ရေးနိုး၏ စွပ်စွဲချက်များသည် အထောက်အထားခိုင်လုံခြင်း မရှိကြောင်း၊ ပြစ်မှုကျူးလွန်ကြောင်း ဖရင့်ရေးနိုးနှင့် အပေါင်းပါတို့၏ Twitter တွင် ရေးသားလွှင့်တင်ချက်များမှာ ဘလက်ဝါးတားတို့နှင့် ဆက်နွယ်သည်ဖြစ်၍ ပလက်ဖောင်းမှ ဖယ်ရှားရန် လုံလောက်နေကြောင်း၊ အီရတ်အပြစ်မဲ့ အရပ်သားများအား သတ်ဖြတ်ခဲ့စဉ်ကာလ အီရတ်ရောက် ဘလက်ဝါးတားတစ်ဦးဖြစ်ခဲ့သူ ဖရင့်ရေးနိုးက သူ့စိတ်နှင့်နှိုင်းကာ အထောက်အထားမရှိ စွပ်စွဲခြင်းအဖြစ် ဖရင့်ရေးနိုး၏ Tweet အောက်တွင် Reply များ ဒေါ သတကြီး ရေးသားနေကြကြောင်း The Daily Beast က ဖော်ပြသည်။

..   
အမေရိကန်ရဲတပ်ဖွဲ့အနေဖြင့် ဘလက်ဝါးတားတွင် လေ့ကျင့်မှုခံယူခဲ့ဖူးပြီး ရဲတပ်ဖွဲ့ဝင်အဖြစ် လက်ရှိတာဝန်ထမ်းဆောင်နေသူများအား စုံစမ်းစစ်ဆေးရန် လူမှုကွန်ယက်သုံးစွဲသူ အချို့က အကြံပြုထားသည်။ ပင်တာဂွန်၏ ပစ္စည်းကိရိယာစီးဝင်မှုနှင့် သင်တန်းပို့ချမှုများကြောင်း လွန်ခဲ့သော ဆယ်စုနှစ် ၂-ခုအတွင်း အမေရိကန် အရပ်ဘက် တရားဥပဒေစိုးမိုးရေးတွင် စစ်တပ်နှင့် စစ်ဝန်ထမ်းဟောင်းများ လွှမ်းမိုးမှု သိသာလာခဲ့သည်။

..  
လွန်ခဲ့သည့်နှစ် အမေရိကန်နိုင်ငံတစ်ဝှန်း ပြည်သူအမျာ းစုဝေး၍ အကြီးအကျယ်ဆန္ဒပြကန့်ကွက်ကြခြင်းနှင့် နောက်ဆက်တွဲ လူမျိုးရေးတင်းမာမှုများ ဖြစ်ပွားခဲ့ရသည့် လူမည်းအမျိုးသား ဂျော့ဖလွိုက်အသတ်ခံရမှုတွင် ထိုအချက်မှာ အဓိကဖြစ်ကြောင်း ဝေဖန်သူများက ထောက်ပြကြသည်။

..   
အမေရိကန်ပြည်ထောင်စု၏ အရှေ့အလယ်ပိုင်းနှင့် ပတ်သက်၍ ရှက်စဖွယ် နှစ်ပေါင်းများစွာအတွင်း ဘလက်ဝါးတားသည် စီမံခန့်ခွဲမှုဆိုင်ရာ ပြုပြင်ပြောင်းလဲမှုအမျိုးမျိုး နာမည်အပြောင်းအလဲအဖုံဖုံတို့ကို ကြုံတွေ့ခဲ့ရသည်။ လောလောဆယ်တွင် Constellis တပ်မအုပ်စု၌ Academi တပ်ခွဲအဖြစ် လှုပ်ရှားလျှက်ရှိသည်။ ၎င်းကိုတည်ထောင်သူမှာ အဲရစ်ပရင့်စ်ဖြစ်သည်။ တူရကီက ထောက်ခံထားပြီး ကုလသမဂ္ဂအသိအမှတ်ပြု လစ်ဗျားထရီပိုလီ အစိုးအား ဆန့်ကျင်လျှက်ရှိသူ လစ်ဗျားစင်ပြိုင်အစိုးရ၏ စစ်ဘက်ခေါင်းဆောင် ခါလီဖာဟဇ်တာအား အင်အား ဖြည့်တင်းပေးမှု၊ ဟယ်လီကော့ပတာများအား တိုက်ခိုက်မှုအပါအဝင် အမေရိကန်လုပ်လက်နက်များ ခိုးသွင်းမှုတို့ဖြင့် စွပ်စွဲခြင်း ခံထားရသည်။

..  
(( Black Water ဘလက်ဝါးတားကို ၁၉၉၇-ခုနှစ်တွင် အမေရိကန်ရေတပ် Navy Seal အရာရှိဟောင်း အဲရစ်ပရင့်စ်က ထူထောင်သည်။ ၂၀၀၉ ခုနှစ်တွင် Xe Services အမည်သို့ပြောင်းသည်။ ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံသူ အုပ်စုတစ်စုက ဝယ်ယူပြီးနောက် ၂၀၁၁-ခုနှစ်တိုင်အောင် ဘလက်ဝါးတားမည်ဖြင့်သာ လူသိများသည်။

..  
၂၀၀၇-ခုနှစ် အီရတ်နိုင်ငံ ဘဂ္ဂဒက်မြို့တွင် အပြစ်မဲ့ အီရတ်အရပ်သား ၁၇-ယောက်အား သတ်ဖြတ်၍ လူ ၂၀ ကျော်ဒဏ်ရာရရှိစေခြင်း အပါအဝင် အရမ်းကာရော စစ်ဆင်ရေးများကြောင့် နာမည်ဆိုးဖြင့် ကျော်ကြားသည်။

..  
Academi သည် အမေရိကန်ပြည်ထောင်စုဖက်ဒရယ်အစိုးရကို လုံခြုံရေးဝန်ဆောင်မှုပေးရန် ကန်ထရိုက်စာချုပ် ရရှိထားသည်။ ၂၀၀၃ ခုနှစ်မှစ၍ ဗဟိုထောက်လှမ်းရေးအေဂျင်စီ CIA အား ဝန်ဆောင်မှုများပေးခဲ့သည်။ ၂၀၁၃ ခုနှစ်တွင် Academi ၏လက်အောက်ခံ International Development Solutions က အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဌာနလုံခြုံရေး အစောင့်များ အတွက် ဒေါ်လာ ၉၂ သန်းခန့်တန် ကန်ထရိုက်ရရှိခဲ့သည်။

..  
၂၀၁၉-ခုနှစ်တွင် အဲရစ်ပရင့်စ်၏ ဟောင်ကောင်အခြေစိုက် လုံခြုံရေးဆိုင်ရာကုမ္ပဏီ FSG က ရှင်းကျန့်ပြည်နယ်တွင် လေ့ကျင့်ရေးစင်တာတစ်ခုဆောက်လုပ်ပေးရန် တရုတ်အာဏာပိုင်များနှင့် ကနဦးအဆင့် လက်မှတ်ရေး ထိုးခဲ့ကြောင်း၊ အဆိုပါစင်တာမှာ ဝီဂါမွတ်စလင်များအား ထိန်းသိမ်းရာ စခန်းဖြစ်လာကြောင်း AFP (Feb.1,2019 ) က ရေးသားသည်။

..  
၂၀၂၀-ပြည့်နှစ် ဇန်နဝါရီလတွင် အီရတ်နိုင်ငံ ဘဂ္ဂဒက်လေဆိပ်၌ အီရန်အထူးတိုက်ခိုက်ရေးးတပ်မှူး ကာဆင်စူလမန်နီမှာ အမေရိကန် ဒရုန်းလေယာဉ်၏ ဒုံးကျည်ပစ်လွှတ်တိုက်ခိုက်ခံရခြင်းကြောင့် သေဆုံးသည်။ ထိုအတွက် အီရတ်နိုင်ငံရှိ အမေရိကန် Al Asad လေတပ်အခြေစိုက်စခန်းကို အီရန်က ဒုံးကျည်များဖြင့် လက်စားချေ တိုက်ခိုက်သည်။ ထိုစဉ်က အရေအတွက်ဖော်ပြခြင်းမရှိသော အမေရိကန်စစ်ဘက်လုံခြုံရေကန်ထရိုက်တာများ သေဆုံးသည်ဆိုခြင်းမှာ ဘလက်ဝါးတားများ ဖြစ်သည်။     ။သတင်းဘာသာပြန်သူ ))
..
(((RT., 18 Mar 2021.,” ‘Blackwater had bad days in Iraq too’: Outrage after media links sheriff probing Atlanta parlors massacre to mercenary outfit.” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။)))
..
#အတ္တလန်တာအစုအပုံလိုက်_အသတ်ခံရမှုနှင့်_ဘလက်ဝါးတား
..
https://www.rt.com/usa/518476-blackwater-sheriff-atlanta-massacre/
https://www.rt.com/usa/518425-obama-asian-hate-atlanta-shootings/
https://www.rt.com/usa/510524-outrage-trump-pardon-blackwater/
https://www.rt.com/usa/518387-georgia-shooting-suspect-sex-addiction/
https://www.thedailybeast.com/georgia-sheriff-spokesman-jay-baker-posted-racist-covid-shirts-on-facebook
https://edition.cnn.com/2020/01/07/politics/rockets-us-airbase-iraq/index.html
https://www.theguardian.com/world/2019/feb/01/blackwater-founder-erik-prince-to-build-training-camp-in-chinas-xinjiang 

Leave a Reply

Your email address will not be published.