အမေရိကန်အထူးတပ်ဖွဲ့ဝင်ဟောင်းနှင့် သားဖြစ်သူကို တိုကျိုတရားရုံးက ထောင်ဒဏ်အ ပြစ်ပေး။ နီဆန်းကုမ္ပဏီမှ အမှုဆောင်ဟောင်းအား ဂျပန်မှ ထွက်ပြေးရာတွင် ကူညီခဲ့ဟု ဆို။ အနှစ် ၂၀ ထောင် ကျလောက်သည့် စွပ်စွဲခံရသူအား အမေရိကန်သားအဖတို့ ရုပ်တည်နှင့် ပိပိရိရိ ခိုးထုတ်ခဲ့

ယခင်နီဆန်းကုမ္ပဏီသူဋ္ဌေး ကားလို့စ်ဂွန်ရှ်အား ငွေကြေးဆိုင်ရာ ရာဇဝတ်ကြောင်း စွဲချက်ဖြင့် တရားစွဲဆိုခံရခြင်း မှ ရှောင်ရှားနိုင်ရန် ဂျပန်နိုင်ငံမှ ထွက်ပြေးရာတွင် ကူညီခဲ့ကြောင်း ထင်ရှားသည်ဟုဆိုကာ အမေရိကန် အထူး တပ်ဖွဲ့ဝင်ဟောင်းနှင့် သားဖြစ်သူတို့အား တိုကျိုတရားရုံးတော်က ထောင်ဒဏ် အပြစ်ပေးလိုက်သည်ဟု Guardian က ယနေ့ ရေးသားသည်။

တနင်္လာနေ့ တိုကျိုတရားရုံး၏ စီရင်ချက်တွင် အမေရိကန်နိုင်ငံသား သားအဖနှစ်ဦးတို့သည် ဂွန်ရှ်အား ကူညီ ခြင်းဖြင့် ပင်လယ်ရပ်ခြားသို့ ထွက်ပြေးလွတ်မြောက်စေသည့် လေးနက်သော ရာဇဝတ်မှုကို ကျူးလွန်ခဲ့သည်မှာ ထင်ရှားကြောင်း၊ ဂွန်ရှ်ထွက်ပြေးမှုအတွက် အမေရိကန်အထူးတပ်ဖွဲ့ဝင်ဟောင်း #မိုက်ကယ်တေလာ အား ထောင်ဒဏ် ၂-နှစ်နှင့်၊ သားဖြစ် ပီတာအား ထောင်ဒဏ် လပေါင်း -၂၀ ကျခံစေရန် အပြစ်ပေးလိုက်သည်ဟု ဖော်ပြပါရှိသည်။

လွန်ခဲ့သည့် ၂၀၁၉-ခုနှစ်တွက် အမေရိကန်လူမျိုး နှစ်ဦးတို့သည် ဂီတတူရိယာပစ္စည်းများ ထည့်သွင်းထားဟန် ဖန်တီးထားသည့် သေတ္တာတစ်ခုအတွင်း ဂွန့်ရှ်အား ပုန်းကွယ်လိုက်ပါစေပြီး နိုင်ငံအတွင်းမှ ခိုးထုတ်သွားခဲ့ ကြောင်း၊ နီဆန်းအမှုဆောင်ဟောင်းအား အိုဆာကာ လေဆိပ် လုံခြုံရေးက ရှာဖွေတွေ့ရှိခြင်းပဲ ပုဂ္ဂလိက လေ ယာဉ်ဖြင့် တူရကီနိုင်ငံသို့ ရောက်ရှိသွားကြောင်း၊ ထိုမှတစ်ဆင့် ဂျပန်နိုင်ငံနှင့် တရားခံ လွှဲပြောင်းပေး အပ်ရန် စာချုပ် ချုပ်ဆိုထားခြင်း မရှိသော ၎င်း၏ဇာတိ လက်ဘနွန်နိုင်ငံသို့ ရောက်ရှိသွားခဲ့ကြောင်း ဂျပန်အစိုးရရှေ့ နေများ ပြောဆိုသည်။   

ဂွန်ရှ်လွတ်မြောက်ရေးအတွက် တေလာအနေဖြင့် အမေရိကန်ဒေါ်လာ ၁.၃ သန်း ရရှိခဲ့သည်ဟု ယုံကြည်ရပြီး  နောက်ထပ် တရားဝင်အခကြေးငွေ ဒေါ်လာ ၅၀၀,၀၀၀ ရရှိခဲ့သည်။ ၎င်းတို့ သားအဖ နှစ်ဦးအား ဂျပန်နိုင်ငံတွင် အမှုဖွင့်လှစ်ရန် အမေရိကန်က လွှဲပြောင်းပေးခဲ့ပြီးနောက် စွပ်စွဲချက်များအတွက် အပြစ်ရှိကြောင်း တေလာ တို့က ဝန်ခံခဲ့သည်။

ဘရာဇီးလ်နိုင်ငံဖွား လက်ဘနွန်လူမျိုးတစ်ဦးဖြစ်သူ ဂွန့်ရှ်သည် ပြင်သစ်-လက်ဘနွန်-ဘရာဇီးလ်တို့တွင် နိုင်ငံ သားအဖြစ် ခံယူထားသူဖြစ်သည်။ မီရှယ်လင်မြောက်အမေရိကားနှင့် မစ်ဆူဘီရှီမော်တော်ကားကုမ္ပဏီတို့တွင် ဥက္ကဋ္ဌ။ ရေးနော့သ်နှင့် နီဆန်းကုမ္ပဏီများတွင် အမှုဆောင် အရာရှိချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးပြီး ရှုတ်ထွေးသော အပြန်အလှန် ရှယ်ယာပိုင်ဆိုင်မှုများဖြင့် ရေးနော့သ်-နီဆန်း-မစ်ဆူဘီရှီ မော်တော်ယာဉ်ထုတ် လုပ်သူများ၏ ခိုင်မာသော မဟာဗျူဟာ မြောက်မိတ်ဖက်ကုမ္ပဏီ၏ အမှုဆောင်အရာရှိချုပ်ဖြစ်သည်။ အဆိုပါ ကုမ္ပဏီမှာ ၂၀၁၇ ခုနှစ်အထိ ကမ္ဘာတစ်ဝှမ်းတွင် မော်တော်ယာဉ်ထုတ်လုပ်သူများ၏ အကြီးဆုံးအုပ်စု အဖြစ် အများ သိရှိခဲ့ကြသည်။

ယခုအခါ အသက် ၆၇-နှစ်ရှိပြီဖြစ်သော ဂွန့်ရှ်သည် လုံခြုံရေးဆိုင်ရာ အစီရင်ခံစာများကို လှည့်ဖျားတင်သွင်း ခြင်း၊ ဝင်ငွေအမှန်ကို ဖုံးကွယ်ခြင်း၊ အခြားနိုင်ငံများမှ အရောင်းကိုယ်စားလှယ်များသို့ ငွေပေးချေရာတွင် ယုံကြည်အပ်နှံမှုကို ချိုးဖောက်ခြင်းတို့ဖြင့် စွဲချက်တင်ခံရပြီး ဂျပန်နိုင်ငံက အလိုရှိနေသူ တစ်ဦး ဖြစ်သည်။  အပြစ်ရှိကြောင်း တွေ့ရှိပါက ထောင်ဒဏ် အနှစ် ၂၀ ကျော် ကျခံရဖွယ်ရှိသည်။ ဂွန့်ရှ်ကမူ မည်သည့် အမှားအယွင်းကိုမျှ မကျူးလွန်ခဲ့ကြောင် ငြင်းဆိုခဲ့သည်။

ဂျပန်မှ ဂွန့်ရှ်တစ်ယောက် အောင်မြင်စွာ ထွက်ပြေးလွတ်မြောက်သွားခြင်းမှာ  နိုင်ငံတကာ မီဒီယာတို့တွင် ခေါင်းစီးသတင်းများဖြစ်ခဲ့ရပြီး ဂျပန်အာဏာပိုင်တို့အတွက်မှာလည်း မျက်မှောက်သမိုင်းတွင် စံနစ်တကျ ကောင်းစွာ ချိတ်ဆက်ထားပြီး ပိပိရိရိနှင့် ရုပ်တည်အလုပ်နိုင်ဆုံး လွတ်မြောက်မှုအဖြစ် ပြောစမှတ်တွင်ခဲ့ ရသည်။

 …

(( အနားယူသွားပြီဖြစ်သော အမေရိကန်အထူးတပ်ဖွဲ့ဝင်ဟောင်းအချို့အတွက် ပြည်ပပုဂ္ဂလိက ကုမ္ပဏီများတွင် တရားဝင် လုံခြုံရေးအကြံပေးအဖြစ် တာဝန်ထမ်းဆောင်ခြင်းအပြင်။ အခြားသော စားပေါက်ချောင်သည့် မြက် မြက်လေးရလမ်းများ ရှိနေသည်ဟု ဆိုကြပါသည်။ ပဋိပက္ခများဖြင့် ရှုတ်ထွေးနေသော တိုင်းပြည်များရှိ အစုအ ဖွဲ့များသို့ ဘာသာရေးအသင်းအဖွဲ့များက လှုဒါန်း ထောက်ပံ့ရာတွင် လုံခြုံရေးတာဝန်ယူခြင်း၊ အမေရိကန်စစ် တပ်များ ရုတ်သိမ်းသည့်အခါ  နေရပ်ပြန်သယ်ရန် စရိတ်ကြီးမြင့်နေသည့် စစ်သုံးလက်နက်များအား မငြိမ်သက် သည့် တိုင်းပြည်များရှိ သောင်းကျန်းသူအုပ်စုများထံ ရောင်းချခြင်း၊ ၎င်းသောင်းကျန်းသူများအား စစ်ပညာ သင် ကြားပေးခြင်းနှင့် အခြားနိုင်ငံ တစ်နေရာရာတွင် ကြေးစားစစ်သားလုပ်ရန် သိမ်းသွင်းစုဆောင်းပေးခြင်း၊ သောင်း ကျန်းသူနယ်မြေများမှ ရွှေကဲ့သို့ အဖိုးတန် သတ္တုများကို ခိုးထုတ်ပေးခြင်းစသည်တို့မှာ အထူးတိုက်ခိုက်ရေး လေ့ကျင့်ထား သူများအတွက် ဘယ်ခေတ်အခါမှ မရိုးနိုင်သည့် #စားဂွင်ကြီးများ ဖြစ်ကြောင်း ဖတ်မှတ်ရဖူးပါ သည်။     ။သတင်းဘာသာပြန်သူ ))

…  

#အမေရိကန်အထူးတပ်ဖွဲ့ဝင်ဟောင်းနှင့်သားဖြစ်သူအား_တိုကျိုတရားရုံးက_ထောင်ဒဏ်အပြစ်ပေး

#အနှစ်_၂၀_ထောင်ကျလောက်သည့်_စွပ်စွဲခံရသူအား_အမေရိကန်သားအဖတို့_ရုပ်တည်နှင့်ခိုးထုတ်

((( Guardian., 19 Jul, 2021,” US father and son jailed in Tokyo for helping Carlos Ghosn flee Japan.” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။)))

https://www.theguardian.com/business/2021/jul/19/carlos-ghosn-us-father-and-son-jailed-in-tokyo

https://www.rt.com/news/529556-american-father-son-prison-ghosn-japan/

https://www.rt.com/news/526502-carlos-ghosn-escape-japan/

https://www.rt.com/news/518779-tokyo-prosecutors-americans-carlos-ghosn-escape/

Leave a Reply

Your email address will not be published.