အမေရိကန်ရွေးကောက်ပွဲများကို အာဖဂန်တွင် ကျင်းပရလျှင် မဲမသမာခြင်းမှ ပိုမို လုံခြုံမည်ဟု ဒေါ်နယ်ထရမ့် ပြော။ သန်းနှင့်ချီသော စာတိုက် မသမာမဲများဖြင့် တတိယကမ္ဘာနိုင်ငံ၏ ရွေးကောက်ပွဲဖြစ်သွားခဲ့ဟု ဆို။



ပြီးခဲ့သော ရွေးကောက်ပွဲများသည် အမေရိကန်တွင် ကျင်းပရခြင်းထက်စာလျှင် အာဖဂန်နစ္စတန်တွင် မဲပေးကြရခြင်းက ပိုမိုလုံခြုံ၍ အဆင်ပြေချောမွေ့နိုင်ကြောင်း သမ္မတဒေါ်နယ်ထရမ့်က စစ်ဖက်အရာရှိများနှင့်တွေ့ဆုံစဉ် အလ္လာပ သလ္လာပ စကားလက်ဆုံ ပြောဆိုခဲ့သည်ဟု Russia Today က ယမန်နေ့ရေးသားသည်။ 
.. 
.. 
၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲများသည် အာဖဂန်နစ္စတန်တွင် ကျင်းပခဲ့ရလျှင် ပိုမိုလုံခြုံ၍ ကောင်းမွန်လိမ့်မည်ဟု အာဖဂန်ရောက် စစ်ဘက်ဆိုင်ရာလူငယ်တစ်ယောက်က ၎င်းအားပြောဆိုကြောင်း ဒေါ်နယ်ထရမ့်က ၎င်း၏ Twitter စာမျက်နှာတွင် စနေနေ့၌ ရေးသားသည်ကို တွေ့ရှိရသည်။ ထို့ပြင် ဂျိုးဘိုင်ဒင်အား “ အတုအယောင် သမ္မတ “ အဖြစ် ရည်ညွှန်း၍ ကျွန်ုပ်နှင့်တကွ အမေရိကန်ပြည်သူတို့သည် သန်းနှင့်ချီသော စာတိုက်မသမာမဲ များဖြင့် တတိယကမ္ဘာနိုင်ငံ၏ ရွေးကောက်ပွဲဖြစ်ခဲ့ရကြောင်း၊ 
.. 
.. 
စာတိုက်မှတဆင့်ပေးပို့သည့် မဲအရေအတွက် ပိုမိုထည့်သွင်းထားခြင်း၊ တံခါးပိတ်၍ မဲရေတွက်ခြင်းနှင့် မဲရလဒ်အမှားထွက်ပေါ်စေရန် ကွန်ပျူတာတို့အား နှောက်ယှက်ခြင်းစသည့် မသမာသည့်နည်းလမ်းများဖြင့် ဂျိုးဘိုင်ဒင်က အနိုင်ရရှိခဲ့ခြင်းဖြစ်ကြောင်း လွန်ခဲ့သည့် ၂-လလုံးလုံး ဒေါ်နယ်ထရမ့်က စွပ်စွဲခဲ့သည်။ သို့သော်လည်း ထရမ့်၏ ဥပဒေကြောင်းအရ စွဲဆိုမှုများသည် ပြည်နယ်နှင့် ဖက်ဒရယ်တရားရုံးများတွင် ရှုံးနိမ့်ခဲ့ပြီး လာမည့် ဇန်နဝါရီလ ၂၀ ရက်နေ့တွင် ဂျိုးဘိုင်ဒင်က သမ္မတအဖြစ် ရာထူးဆက်ခံဖွယ်ရှိနေသည်။ 
.. 
.. 
ထရမ့်ဆန့်ကျင်သူများကမူ ဒေါ်နယ်ထရမ့်ပြောဆိုသည့် “ စစ်ဘက်ဆိုင်ရာလူငယ်တစ်ဦး “ ဆိုသည်မှာ အမှန်တကယ် မရှိပဲ လံကြုတ်ပုံပြင်သက်သက်သာဖြစ်ကြောင်း၊ ရွေးကောက်ပွဲများမှာလည်း အာဖဂန်နှင့် ကွာခြားမှု အနည်းငယ်သာ ရှိကြောင်း တုန့်ပြန်ချေပသည်။ 
.. 
.. 
၂၀၀၁ ခုနှစ်တွင် တာလီဘန်တို့ကို ဖြုတ်ချခဲ့ပြီးနောက် အာဖဂန်တွင် ကျင်းပသမျှ ရွေးကောက်ပွဲတိုင်းမှာ မသမာမှုသတင်းများနှင့် နာမည်ပျက်ခဲ့ရသည်။ သို့သော်လည်း အာဖဂန်အစိုးရအတွက် မဲပေးရာတွင် အထောက်အထား စိစစ်မှု လိုအပ်သည်။ မဲဆန္ဒရှင်များ၏ လက်ဗွေရာများကို မဲရုံဝန်ထမ်းများက အမျိုးသားဒေတာဘေ့စ်နှင့် တိုက်ဆိုင်စိစစ်သည်။ အမေရိကန်တွင် ဓါတ်ပုံစိစစ်သည့် နည်းလမ်းဖြင့် မဲပေးရန် တင်းကြပ်သည့် ပြည်နယ် ၆-ခုသာရှိပြီး၊ တစ်နိုင်ငံလုံးတွင် အာဖဂန်ကဲ့သို့ စိစစ်သည့်နည်းမျိုးဖြင့် သက်သေအထောက်အထားဖြင့် မဲပေးရန် မလိုအပ်ချေ။ ပြည်နယ်နှင့် ဒေသကြီး ၂၃ ခုတို့တွင် မဲပေးရန် အထောက်အထား စာရွက်စာ တမ်းများ မလိုအပ်ပါ။ 

..

..  
သို့သော် ရွေးကောက်ပွဲ၌ ခလောက်ဆန်လိုသူတို့သည် အခြားနည်းလမ်းများကို အသုံးပြုနေကြသည်။ လက်ဗွေများကို စစ်ဆေးအတည်ပြုသည့် စက်ကိရိယာများ မရရှိနိုင်သည့်နေရာများတွင် ရွေးကောက်ပွဲလုပ်သားများမှာ အစဉ်အလာအရ မင်နှင့် စက္ကူအသုံးပြု၍ မဲဆန္ဒရှင်တို့၏ လက်ဗွေရာများကို ရယူကြရသည်။ 

..

..  
အာဖဂန်နစ္စတန်၏ ၂၀၀၉ ခုနှစ်နှင့် ၂၀၀၄ ခုနှစ် ရွေးကောက်ပွဲကာလအတွင်း မဲပေးမည့်သူများကို ထိန်းချုပ်လိုသည့် တာလီဘန်စစ်သွေးကြွတို့က မင်စွန်းထင်းနေသည့် လက်ချောင်းတွေ့သမျှ ကို ဖြတ်တောက်ပစ်မည်ဟု ခြိမ်းခြောက်ခဲ့ကြသည်။ 

..

..  
တက္ကဆက်ပြည်နယ်၌ အစုအပုံလိုက် မဲမသမာဖြစ်ပွားခဲ့ကြောင်း ယခုလစောစောပိုင်းက တိုင်ကြားချက်များကို ကြားနာရန် ပယ်ချလိုက်သော အမေရိကန်တရားလွှတ်တော်ချုပ်မှာ လုပ်ငန်းကျွမ်းကျင်မှုမရှိ၊ ညံ့ဖျင်းကြောင်း ဒေါ်နယ်ထရမ့်က စနေနေ့ နံနက်ပိုင်းတွင် ဝေဖန်ပြီးနောက် ယခုကဲ့သို့ Twitter တွင် ရေးသားခြင်းဖြစ်သည်ဆို ၏။ ဒီမိုကရက်တစ်တို့က မရိုးမသားပြုလုပ်ကြောင်း ၎င်းစွပ်စွဲချက်ကို လက်ခံခြင်းမရှိသော တရားရေးဋ္ဌာနနှင့် FBI တို့သည် ကိုယ့်လုပ်ရပ်အတွက် ကိုယ်အရှက်ရကြလိမ့်မည် ဖြစ်ကြောင်း ဝေဖန်သည်။

..

..   
လာမည့် ဇန်နဝါရီလ ၆-ရက်နေ့တွင် ဝါရှင်တန်ဒီစီ၌ ကျင်းပမည့် ၎င်းအပေါ်ထောက်ခံသူများ၏ လူထုစုဝေးပွဲသို့ ဒေါ်နယ်ထရမ့်ကိုယ်တိုင် တက်ရောက်လိမ့်မည်ဟု မျှော်လင့်ရသည်။ အဆိုပါနေ့မှာ အစဉ်အလာအားဖြင့် ရွေးကောက်ပွဲရလဒ်ကို ကွန်ဂရက်က တရားဝင် အတည်ပြုရသည့်နေ့ဖြစ်ပြီး ဘိုင်ဒင်အနိုင်ရကြောင်း ကြေညာမည့်အရေးအတွက် ထရမ့်က ပြစ်တင်ရှုတ်ချခဲ့ပြီးဖြစ်သည်။

..

..

#ရွေးကောက်ပွဲကိုအာဖဂန်၌#ကျင်းပရလျှင်ပိုမိုလုံခြုံမည်ဟုဒေါ်နယ်ထရမ့်ပြောဆို

..

..

((( Russia Today., 26 Dec, 2020,” Trump says ‘elections far more secure’ in AFGHANISTAN in latest ‘voter fraud’ twitterstorm.” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာ သာပြန်ဆိုသည်။ ))) 
..
https://www.rt.com/usa/510802-trump-elections-secure-afghanistan/  

Leave a Reply

Your email address will not be published.