အမေရိကန်လေတပ် Area 51 အား လူအင်အား အလွန်အကျွံဖြင့် ၀င်ရောက်စီးနင်းရန် ကြံစည်မှု ပျက်ပြား။



အမေရိကန်စစ်ဖက် လျှို့ဝှက်သုတေသနစခန်းအား လူအင်အားအလွန်အကျွံဖြင့် ၀င်ရောက်စီးနင်းကြမည်ဟူ သော Facebook တွင် ပြက်လုံးပို့စ် စတင်ခဲ့ပြီးနောက် သက်ဆိုင်ရာအာဏာပိုင်တို့က သတိပေးချက် ထုတ်ပြန်ယူရသည်အထိဖြစ်ခဲ့ရသော “ Area 51 စီးနင်းမှု “ ဂြိုလ်သားရှာပွဲမှာ အမှန်တကယ် ထိရောက် တက်ကြွစွာ လုပ်ဆောင်သူမရှိပဲ ပွဲကြည့်ပရိဿတ်တရုံးရုံးဖြင့် ပြီးဆုံးသွားသည်ဟု Russia Toaday က ယနေ့ ရေးသားသည်။

အမေရိကန်ပြည်ထောင်စု နီဗားဒါးသဲကန္တာရရှိ Area 51 လေတပ်လေ့ကျင့်ရေးစခန်းမှာ ကမ္ဘာအ၀ှမ်းလူအ များတို့ ထင်ကြေးပေး ပြောဆိုကြခြင်း၏ ပစ်မှတ်အဖြစ် ဆယ်စုနှစ်ပေါင်းများစွာ သက်ဆင်းခဲ့ရသည်။ အဆို ပါစခန်းတွင် အမေရိကန်အစိုးရက ဂြိုလ်သားများကို အသုံးပြု၍ မျက်မှောက်ခေတ်လွန်သိပ္ပံနည်းပညာများဖြင့် သုတေသနပြုလုပ်လျှက်ရှိဟု ယုံကြည်ဖွယ် အထောက်အထားနှင့် သီအိုရီများစွာ ထွက်ပေါ်ခဲ့သည်။  

လွန်ခဲ့သည့် ဇူလိုင်လ Facebook တွင် ‘Storm Area 51, They Can’t Stop All of Us’ “ ဧရိယာ ဖစ်တီဝမ်းကို စီးနင်းကြစို့ “ “ သူတို့က ကျုပ်တို့အကုန်လုံးကို ရပ်တန့်နိုင်မည်မဟုတ် “ ဟု ပို့စ်မှာ လူပေါင်း သန်းချီလက်မှတ် ရေးထိုးခြင်းဖြင့် အကြီးအကျယ်ပြန့်နှံ့ခဲ့သည်။ သဲကန္တာရအတွင်း Area 51 မည်သို့တည်နေပုံကို အတိအကျ မသိရှိကြသော်လည်း သောကြာနေ့တွင် စခန်းအား လူအင်အားအလွန်အကျွံသုံး၍ စီးနင်းခြင်းဖြင့် ဂြိုလ်သားများ ကို ရှာဖွေကယ်တင်နိုင်မည်ဟု မှတ်ယူခဲ့ကြသည်။ ထိုအတွက် သက်ဆိုင်ရာအာဏာပိုင်တို့က ပြည်နယ်အရေး ပေါ်အခြအနေသတ်မှတ်ပြီး အဆိုပါဧရိယာတစ်ဝှိုက် “ လေယာဉ် မပျံသန်းရ ဇုံ “ ကြေညာချက် ထုတ်ပြန်ခဲ့ ရသည်။

Area 51 ဒေသခံတို့က ယခုကဲ့သို့ ၀င်ရောက်စီးနင်းမည်ဆိုခြင်းနှင့် ဘေးမှ ၀ိုင်းဝန်းကြည့်ရှု့ကြမည်ကို  သဲကန္တာရ ရာသီဥတုအခြေအနေကြောင့် ဖျားနာနိုင်သဖြင့် စိုးရွံ့စိတ်ဖြင့် ဆန့်ကျင်ကြသည်။ ထိုစဉ်အတွင်း စစ်စခန်း၌လည်း လုံလောက်စွာ တားဆီးပိတ်ဆို့၍ အင်အားတိုးမြှင့် ချထားခဲ့သည်။

Facebook တွင် လူသန်းချီလက်မှတ်ရေးထိုးကြသော်လည်း စက်တင်ဘာ ၂၀ သောကြာနေ့ လူသူစုဝေးရာတွင် “ ပန်းကန်ပြားပျံနှင့် ဂြိုလ်သားဝါသနာအိုး “ လက်တစ်ဆုပ်စာမျှသာ တက်ရောက်သဖြင့် လက်တွေ့စီးနင်းမည့်အစီအစဉ်ပျက်ပြားခဲ့ရသည်။

လွန်ခဲ့သည့် စနေနေ့တွင် ခန့်မှန်း လူ ၁၀၀၀ ခန့်ရှိမည့် လာရောက်သူအချင်းချင်းတွေ့ဆ၍ ရှိုးပွဲ ပြုလုပ်ကြပြီး စိတ်ဝင်စားသူနည်းပါးသည့်အတွက် စီးနင်းည့် အစီအစဉ်ဖျက်သိမ်းလိုက်ကြောင်း သိရှိရသည်

အချို့သော လာရောက်သူများကမူ ဂြိုလ်သားနှင့် ပန်းကန်ပြားပျံကို မတွေ့မြင်လိုက်ရသော်လည်း နီဗားဒါးပြည် နယ်အတွင်း ခရီးဆက်ခြင်းဖြင့် နာကျင်မှုများအား ဖြေဖျောက်ရန်ကြိုးစားကြသည်။ သို့သော်လည်း မဝေးသော တစ်နေ့တွင် ချုပ်နှောင်ထားခြင်းခံရသည့် အခြားကမ္ဘာမှ ဂြိုလ်သားများအား စာနာစိတ်ဖြင့် တွေဆုံနိုင်မည်ဟု ယုံကြည်ထားကြသည်။

( စက်တင်ဘာ – ၂၂၊ ၂၀၁၉ ) (( အမေရိကန်စစ်ဖက် လျှို့ဝှက်သုတေသနနှင့် လေ့ကျင့်ရေးစခန်းအား ပန်ကန်ပြားပျံဝါသနာအိုးတို့က လူအင်အားအလွန်အကျွံဖြင့် ၀င်ရောက်စီးနင်းပြီး ဂြိုလ်သားများအား တွေ့ဆုံကယ်တင်ကြရန် စီစဉ်လျှက်ရှိသည့် သတင်းကို လွန်ခဲ့သည့် ဇူလိုင်လတွင် ကျွန်တော် ဘာသာပြန်ဆို ဖော်ပြခဲ့ပြီးဖြစ်ပါသည်။    ။ သတင်းဘာသာပြန်သူ ))

 ((( Russia Today., 22 Sep 2019,” No aliens, no party: Poor turnout for Area 51 raid kills UFO fanatics’ festival.” ကို #HtayOung, #OungMarine ဆီလျှော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။ )))



0

Leave a Reply

Your email address will not be published.