အမေရိကန်၌ လူသေအလောင်းများမှ ဟမ်ဘာဂါပြုလုပ်နေကြောင်း ပြောဆိုချက်များကို လူမှုကွန်ရက်မှ တရုတ်ဖျက်ချနေဟု ဆို။

အမေရိကန်သည် Covid-19 ရောဂါဖြင့် သေဆုံးသူတို့၏ ရုပ်အလောင်းများမှ နေ့လည်စာ ဟမ်ဘာဂါများအဖြစ် ပြုလုပ်နေကြောင်း WeChat လူမှုကွန်ရက်ပလက်ဖောင်းမှ သဘာဝယုတ္တိမတန်သည့် ပြောဆိုချက်များကို တရုတ်နိုင်ငံတွင် ဖျက်ချလျှက်ရှိကြောင်း သတင်းရရှိသည်ဟု South China Morning Post ( SMPC ) အား ကိုးကားလျှက် Russia Today က ယနေ့ရေးသားသည်။

SMPC ၏ အဆိုအရ အမေရိကန်နိုင်ငံက ကိုရိုနာဗိုင်းရပ်စ်ဖြင့် သေဆုံးသူတို့၏ ရုပ်အလောင်းများမှ ဟမ်ဘာဂါများ ဖန်တီးလျှက်ရှိကြောင်း အငြင်းပွားဖွယ် စွပ်စွဲချက်ကို “ အန္တိမအမှန်တရားအတွက် ပညာရှင် “ ဟု အဓိပ္ပါယ်ရသည့် “ဇီဒေါင်ဆွေ့ဂွန်” ဆိုသူ၏ အကောင့်မှ လွှင့်တင်ခဲ့ခြင်းဖြစ်ကြောင်း၊ Follower သန်းပေါင်းများစွာရှိ အဆိုပါ အကောင့်မှာ လီဆယ်ရေးသားခြင်း၊ တရုတ်မုန်းတီးရေးလှုံဆော်ခြင်း၊ အများပြည်သူအား ထင်ယောင်မှားစေခြင်းစသည့် အချက်အလက်များလွှင့်တင်ခြင်းကြောင့် တနင်္ဂနွေနေ့တွင် ပိတ်ပင်ခံခဲ့ရကြောင်း သိရှိရသည်။

“ဇီဒေါင်ဆွေ့ဂွန်” အကောင့်ပိုင်ရှင်က ယခုလစောစောပိုင်း အသေးစိတ်ရေးသားဖော်ပြရာတွင် လူသားစားခြင်းသည်အမေရိကန်ပြည်ထောင်စု၌ မျက်မှောက်အချိန်အထိ စွဲမြဲခဲ့သော အလေ့အကျင့်တစ်ခုဖြစ်ကြောင်း၊ လူမည်းများ၊ အင်ဒီးယန်းများနှင့် တရုတ်လူမျိုးတို့၏ အသားများစားခဲ့သည်မှာ နှစ်အနည်းငယ်မျှသာရှိသေးကြောင်း လွှင့်တင်ခဲ့သည်ဆို၏။ အဆိုပါ ပို့စ်ကို ဖတ်ရှု့သူ အနည်းဆုံး ၁-သိန်းမျှရှိပြီး၊ ၎င်းတို့အနက် ၇၅၃-ဦး တို့ဆိုလျှင် အကောင့်ပိုင်ရှင်သို့ ငွေကြေးများပင် လှူဒါန်းခဲ့ကြောင်း တွေ့ရှိရသည်။

“ဇီဒေါင်ဆွေ့ဂွန်” အကောင့်အား ဖျက်သိမ်းရခြင်းမှာ အမေရိကန်နှင့် တရုတ်တို့အကြား ကူးစက်ကပ်ရောဂါအတွက် တာဝန်ရှိခြင်း၊ ကုန်သွယ်ရေးဆိုင်ရာ အငြင်းပွားမှုများဖြင့် မြင့်တက်လျှက်ရှိသော တင်းမာမှုအရှိန်ကို လျှော့ချရန် တရုတ် အစိုးရ၏ ကြိုးပမ်းတစ်စိတ်တစ်ပိုင်းဖြစ်ကြောင်း ယူဆရသည်။

နှစ်နိုင်ငံဆက်ဆံရေးဆိုးရွားလာသည်နှင့်အမျှ တရုတ်လူ့အဖွဲ့အစည်းအချို့၌ အမေရိကန်အပေါ် ရန်လိုမှုတိုးပွားလာကာ၊ အသာစီးရရန်အတွက် ယုတ္တိမတန်သော တိုးတိုးတိတ်တိတ်သီအိုရီများကို ယုံစားလာခဲ့ကြောင်း SCMP က ရေးသားသည်။

WeChat ကမူ “ဇီဒေါင်ဆွေ့ဂွန်” အနေဖြင့် ၎င်းတို့ အွန်လိုင်းပလက်ဖောင်း၏ အခြားပေါ်လစီ ၇-ခုကို ဖောက်ဖျက်ကျူးလွန်ခြင်းကြောင့် ဖျက်သိမ်းရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောဆိုသည်။

သောကြာနေ့တွင် တရုတ်ဆိုက်ဘာညွှန်ကြားမှုဆိုင်ရာ အာဏာပိုင်တို့က မိမိတို့အနေဖြင့် ဥပဒေမဲ့ အင်တာနက်အသုံးပြုခြင်းနှင့် သတင်းမှားလွှင့်တင်ခြင်းများကို အင်တာနက်မှ ဖယ်ရှားရန် ၈-လကြာအစီ အစဉ်ကို စတင်မည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။ သို့သော် “ဇီဒေါင်ဆွေ့ဂွန်” အား WeChat က ဖယ်ရှားခြင်းသည် အဆိုပါအစီအစဉ်လှုပ်ရှားမှုနှင့် ဆက်နွယ်ခြင်း ရှိ-မရှိ ရှင်းလင်းစွာ မသိရှိရချေ။

ကိုရိုနာကပ်ရောဂါ ကျရောက်စဉ်ကာလ တရုတ်နိုင်ငံ၏ အင်တာနက်အသုံးပြူမှုတွင် သတင်းအယူအဆ မှားစေသည့် ရေးသားချက်တို့ များပြားလာခဲ့ကြောင်း၊ ကပ်ရောဂါစတင်ချိန်မှဆိုလျှင် ထင်ယောင်ထင်မှား ဖြစ်စေသည့် ရေးသားချက်များ၊ သတင်းတုများ လွှင့်တင်ခြင်းတို့ကြောင့် အကောင့်ပေါင်း ၂,၅၀၀ ခန့်ကို ပိတ်သိမ်းခဲ့ရပြီး ပို့စ်ပေါင်း ၂၀,၀၀၀ ထက်မနည်းကို ဖျက်ချခဲ့ရကြောင်း WeChat ၏ မိခင်ကုမ္ပဏီဖြစ်သော Tencent က ပြောဆိုသည်။

(( နိုင်ငံတစ်နိုင်ငံအတွင်း လူမှုကွန်ရက်၌ ရေးသားချက်များကို စောင့်ကြည့်ရာတွင် သက်ဆိုင်ရာပလက်ဖောင်းသာမက မီဒီယာလောကသားအချို့နှင့် တက်ကြွလှုပ်ရှားသူအချို့လည်း ပါဝင်ကြောင်း ကျွန်တော် အခိုင်အမာယုံကြည်ပါသည်။ အချို့ကလည်း အခကြေးငွေယူ၍ စောင့်ဖမ်းခြင်း၊ မီဒီယာဖွံ့ဖြိုးမှုအားနည်းသော နိုင်ငံများတွင် တစ်ဖက်သပ်သတင်းပြန့်နှံ့စေလို၍လည်း ဖြစ်မည်ထင်ပါသည်။


လူမှုကွန်ရက်၌ ရေးသားချက်ကို ဖတ်ရသူအများ ပြူးတူးပြဲတဲဖြစ်စေရန် သတင်းအဖြစ် ဖော်ပြလေ့ရှိသော Tabloid ခေါ် လူပြိန်းကြိုက် မီဒီယာများ ကောင်းစားလျှက်ရှိသည်မှာ ကျွန်တော်တို့ဆီက ဘိုးတော်ဘုရား လေးဖက်တွားစဉ်ကတည်းကဖြစ်သည်။ မီဒီယာကျင့်ဝတ်ကို လက်တစ်လုံးခြားဖြစ်စေရန် လှည့်ပတ်ရေးကြရာ၌ အနောက်နိုင်ငံ အချို့မီဒီယာတို့၏ အရေးအသားမှာ လက်ဖျားခါလောက်အောင်ပင် ထူးချွန်လှပါသည်။ ။ သတင်းဘာသာပြန်သူ ))

((( Russia Today., 27 May, 2020,” Chinese social media platform bans account claiming US is ‘processing DEAD BODIES into hamburgers’ – report.” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။ )))

#ကိုရိုနာဗိုင်းရပ်စ် #လူသေအလောင်းများမှအမေရိကန်တို့ဟမ်ဘာဂါပြုလုပ်နေကြောင်းသတင်းတုများတရုတ်ဖျက်ချဟုဆို။

https://www.rt.com/news/489851-china-wechat-human-hamburgers/

https://www.scmp.com/economy/china-economy/article/3086073/china-shuts-down-wechat-social-media-account-claiming-us

https://www.rt.com/news/467685-cannibalism-promoted-by-academics/

https://www.rt.com/usa/489737-human-capital-soylent-green/

0

Leave a Reply

Your email address will not be published.