အမေရိကန်၏ ပို့ကုန်စည်းမျဉ်းများကြောင့် အိန္ဒိယ ကာကွယ်ဆေးထုတ်လုပ်မှု ရက်သတ္တပတ်အနည်းငယ်အတွင်း ရပ်ဆိုင်းသွားနိုင်။ Covid-19 ကာကွယ်ဆေးကုန်ကြမ်းများအား တားဆီးမှု ဥရောပနိုင်ငံများကိုလည်း အထိနာစေမည်။ ဆင်းရဲနိုင်ငံများ ကာကွယ်ဆေးအချိန်မီရရှိရန် အခက်တွေ့

အမေရိကန်က Covid-19 ကာကွယ်ဆေးအတွက် လိုအပ်သောကုန်ကြမ်းများနှင့် ပတ်သက်၍ ပို့ကုန်စည်းမျဉ်းများကို ကန့်သတ်လိုက်သည်။ ကာကွယ်ဆေးပြုလုပ်ရန် လိုအပ်သော ပစ္စည်းအမယ် ၃၇-မျိုးကို အမေရိကန်ထံမှ တင်သွင်းခွင့် မရရှိခဲ့လျှင် အိန္ဒိယနိုင်ငံ၏ ကိုရိုနာဗိုင်းရပ်စ်ရောဂါကာကွယ်ဆေးထုတ်လုပ်မှုမှာ ရက်သတ္တပတ် အနည်းငယ်အကြာ၌ ရပ်ဆိုင်းသွားမည်ဖြစ်ပြီး ဥရောပရှိ ကာကွယ်ဆေးထုတ်လုပ်သူများကိုလည်း ထိခိုက်စေလိမ့်မည်ဖြစ်ကြောင်း Economist က ယနေ့ရေးသားသည်။

…   
#အိန္ဒိယနိုင်ငံ_ဆီရမ်အင်စတီကျု့ဒ် #SII သည် Oxford တက္ကသိုလ်နှင့် AstraZeneca တို့က ဖော်စပ်သည့် Covishield ကာကွယ်ဆေး ကြိမ်ရေပမာဏ သန်း ၁၀၀ ကို လစဉ် ထုတ်လုပ်လျှက်ရှိသည်။ အမေရိကန်က ၎င်း၏ ပို့ကုန်တားဆီးချက်ကို ရုပ်သိမ်းခြင်း မရှိလျှင် အိန္ဒိယ၏ ကာကွယ်ဆေးထုတ်လုပ်မှုမှာ ပြောင်းလဲသွားနိုင်သည်ဆို၏။

…   
ဖေဖော်ဝါရီလတွင် အမေရိကန်သည် ပြည်တွင်းဆေးဝါးကုမ္ပဏီများ၏ ဆေးဝါးထုတ်လုပ်ရေးတွင် လိုအပ်ပစ္စည်းများပြည့်မီရန်အတွက် #ကာကွယ်ရေးထုတ်လုပ်မှု_အက်ဥပဒေကို ပြဋ္ဌာန်းခဲ့သည်။

…  
သို့သော် ဤ ဥပဒေအရ အခြားတိုင်းပြည်များသို့ ကုန်ကြမ်းတင်ပို့လိုသူ ကုမ္ပဏီများအနေဖြင့် အချိန်ပေး၍ ခွင့်ပြုချက်စာရွက်စာတမ်းများရယူရန် ဦးစွာလိုအပ်သည်။ အကယ်၍ ပြည်တွင်းအတွက် လိုအပ်သည့်ပစ္စည်းများဖြစ်ကြောင်း အမေရိကန်အစိုးရက ဆုံးဖြတ်ပါက ကုမ္ပဏီများ၏ တင်ပို့မှုအားလုံးကို တားမြစ်နိုင်သည်။

…  
ကိုရိုနာဗိုင်းရပ်စ်ရောဂါ ဖြစ်ပွားမှု တိုးမြင့်လာချိန်တွင် ပို့ကုန်ကန့်သတ်ချက်များက ကမ္ဘာတစ်ဝှမ်းလုံးရှိ ကာကွယ်ဆေးထုတ်လုပ်မှုအပေါ် အဟန့်အတားဖြစ်စေသည်။ အိန္ဒိယသည် ပြင်းထန်သောဗိုင်းရပ်စ်ရောဂါ ဒုတိယလှိုင်းကို တွန်းလှန်နေရပြီး ကာကွယ်ဆေးနှင့် အခြားအရေးပါကိရိယာများ မလုံလောက်ခြင်းနှင့် ရုန်းကန်နေရသည်။

…  
ဒေသတွင်း ဘင်္ဂလားဒေ့ရ်ှနိုင်ငံတွင် Covid-19 ရောဂါဖြင့် သေဆုံးမှုမှာ သိသိသာသာ မြင့်တက်လျက်ရှိသည်။ လူဦးရေအလွန်များသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ အိန္ဒိယ SII ထံမှ ကာကွယ်ဆေးများ တင်သွင်းနေရသည့်အပေါ် အဟန့်အတားကြုံတွေ့ရလိမ့်မည်ဖြစ်သည်။ထို့ပြင် အာဖရိကနှင့်ကမ္ဘာ့ဆင်းရဲနိုင်ငံများမှာလည်း အိန္ဒိယထံမှ ဈေးနှုန်းချိုသာစွာနှင့် ကာကွယ်ဆေး အမြောက်အများရရှိရန် စောင့်မျှော်လျှက် ရှိကြသည်။

…  
SII ကုမ္ပဏီအနေဖြင့ ်တစ်လလျှင် #Covishield ကာကွယ်ဆေး ကြိမ်ရေပမာဏ သန်း ၁၀၀ ကို ထုတ်လုပ်လျှက်ရှိပြီး #Novavax ကာကွယ်ဆေး သန်း ၆၀ မှ ၇၀ အထိကို စတင်ထုတ်လုပ်ရန်စီစဉ်ထားကြောင်း၊ ကာကွယ်ဆေး ၂-မျိး၏ ထုတ်လုပ်မှုအပေါ် လာမည်လာမည့် ရက်သတ္တပတ်အနည်းငယ်အတွင်း ထိခိုက်လိမ့်မည်ကို အလွန်အမင်း စိုးရိမ်ရကြောင်း သမ္မတဂျိုးဘိုင်ဒန်အနေဖြင့် အမေရိကန်၏ ကုန်ကြမ်းတင်ပို့မှုများကို ရုတ်သိမ်းပေးစေလိုကြောင်း၊ ဖြစ်ပေါ်လာမည့် နောက်ဆက်တွဲအကျိုးဆက်များကို အမေရိကန်အစိုးရထံ လွန်ခဲ့သည့် ၂-လပင် ကြိုတင် သတိပေးခဲ့ပါကြောင်း SII ၏ အမှုဆောင်အရာရှိချုပ်က ၎င်း၏ Twitter စာမျက်နှာ၌ အသေး စိတ်ရေးသားသည်ကို တွေ့ရှိရသည်။

…   
ဝါရှင်တန်၏ ပို့ကုန်ကန့်သတ်ချက်များသည် အမေရိကန်ထံမှ ကုန်ကြမ်းအမယ်သီးသန့်မှာယူတင်သွင်းနေရသည့် ဥရောပရှိ ကာကွယ်ဆေးထုတ်လုပ်သူများကို ထိခိုက်စေလိမ့်မည်ဖြစ်ကြောင်း၊ ကမ္ဘာ့ကာကွယ်ဆေး ဖြည့်တင်းနိုင်မှု ကွင်းဆက်အပေါ် ကန့်သတ်မှုများနှင့်ပတ်သက်၍လည်း စိုးရိမ်ကြောင်း၊ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ WTO သို့ အကူအညီ တောင်းခံထားကြောင်း အနာဂါတ်ကပ်ရောဂါတားဆီးရေး ကာကွယ်ဆေးများတီထွင်ရေး ကမ္ဘာလုံးဆိုင်ရာ မိတ်ဖက်အဖွဲ့အစည်းတစ်ခုဖြစ်သည့် #CEPI ၏ အကြီးအကဲက ပြောဆိုသည်။

(((Economist., April 19th, 2021,” Report: India’s vaccine production may come to halt due to US export regulations.” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာ ပြန် ဆိုသည်။ )))

#အမေရိကန်၏ပို့ကုန်တားမြစ်ချက်ဥပဒေကြောင့်_အိန္ဒိယကာကွယ်ဆေးရပ်ဆိုင်းသွားနိုင်

https://www.economist.com/search?q=India%27s+vaccine+production+may+come+to+halt+due+to+US+export+regulations
https://www.dhakatribune.com/health/coronavirus/2021/04/19/india-s-vaccine-production-may-come-to-halt-due-to-us-export-regulations 

+1

Leave a Reply

Your email address will not be published.