အမေရိကန် နယူးယောက်မြို့တော်မှာ Covid-19 ကူးစက်ကပ်ရောဂါ၏ ပြင်းထန်စွာထိုးနှက်မှုကို ဆက်လက်ခံစားနေရ။ ပိုင်ရှင်မဲ့သူတို့၏ ရုပ်အလောင်းများကို ဟတ်အိုင်လန်ကျွန်းပေါ်တွင် စုပုံသဂြုႋလ်လျှက်ရှိရာ ၁-နာရီလျှင် ခေါင်းတလား ၄၀-ခန့်အထိရှိနေ

အမေရိကန်နိုင်ငံတွင် Covid-19 ကူးစက်ကပ်ရောဂါကျရောက်မှု့ကြောင့် ဖျားနာသေဆုံးအရေအတွက် ကြေကွဲဖွယ် နေ့စဉ်မြင့်တက်လျှက်ရှိသည်။ နယူးယောက်မြို့တော်မှာ ကူးစက်ရောဂါ၏ အပြင်းထန်ဆုံးထိုးနှက်ခြင်းကို ဆက်လက်ခံစားနေရသည်။

Covid-19 ဖြင့်သေဆုံးသူတို့အား သဂြုႋလ်ရေး တာဝန်ယူရသူပုဂ္ဂလိကကန်ထရိုက်တာများအနေဖြင့် တစ်နာရီလျှင် ခေါင်းတလား ၄၀ ခန့်တို့ကို ဟတ်အိုင်လန်ကျွန်းပေါ်တွင် စုပေါင်းမြှုပ်နှံနေရစဉ် ကောင်းကင်မှ မြင်တွေ့ရပုံဖြစ်သည်။

နယူးယောက်မြို့တည်ရှိရာ မင်ဟက်တန်ကျွန်းကို အပျော်စီးသင်္ဘောဖြင့် လှည့်လည်ကြည့်ရှု့သည့်အခါ မြစ်တဖက်ကမ်းတွင် Hart Island “ ဟတ်အိုင်လန်ကျွန်း “ အား ထူးခြားလှပစွာ မြင်တွေ့ရမြဲဖြစ်သည်။ အနီးအနားရှိ Riker’s Island ရိုက်ကာအိုင်လန်ကျွန်း “ အကျဉ်းထောင်မှ အကျဉ်းသားတို့၏ ရုပ်အလောင်း များကို ် ထောင်အမှုထမ်းတို့က ဟတ်အိုင်လန်ပေါ်တွင် သဂြုႋလ်ပေးလေ့ရှိသည်။

ရွံ့ရှာမုန်းတီးဖွယ်ကောင်းသော ကိုရိုနာဗိုင်းရပ်စ်ရောဂါနှင့်အတူ ဟတ်ကျွန်းသည် ဆွေမျိုးသားချင်း မရှိသော၊ သဂြုႋလ်စရိတ် မတတ်နိုင်သော ကိုရိုနာဗိုင်းရပ်စ်ရောဂါ သားကောင်ဖြစ်ရသူတို့၏ စုပုံသြင်္ဂိုဟ်ရာနေရာအဖြစ် ဆက်လက်တည်ရှိသည်။

((( Russia Today., Apr 11,2020 ), “NYC digs mass graves to bury COVID-19 victims” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။ )))

https://www.youtube.com/watch?v=4ULMUoZsn6g https://www.rt.com/usa/485550-dhs-model-200000-deaths/

#ကိုရိုနာဗိုင်းရပ်စ်နယူးယောက်ဟတ်အိုင်လန်ကျွန်းပေါ်တွင်စုပုံမြှုပ်နှံ

=========

0

Leave a Reply

Your email address will not be published.