အမေရိကန် မင်နီယာပိုလိစ်၌ လူဖြူရဲတပ်ဖွဲ့ဝင်များက လက်နက်မဲ့ လူမည်းအမျိုးသားအား ဖမ်းဆီးစဉ် သေဆုံးမှု့ အဓိကရုန်းဖြစ်။

အမေရိကန် မင်နီဆိုတာပြည်နယ်၊ မင်နီယာပိုလိစ်၌ လူဖြူရဲတပ်ဖွဲ့ဝင်များက လူမည်းအမျိုးသားတစ်ဦးအား ဖမ်းဆီးစဉ် သေဆုံးရခြင်းမှ အစပြုကာ မင်နီယာပိုလစ်နှင့် လော့စ်အိန်ဂျယ်လိစ်လမ်းများပေါ်၌ ဒေါသထွက်နေသော ဆန္ဒပြသူများနှင့် ရဲတပ်ဖွဲ့များအကြား အဓိကရုန်းများဖြစ်ပွားခဲ့ကြောင်း Telegraph က ယနေ့ရေးသားသည်။

မင်နီယာပိုလိစ်လမ်းမပေါ်တွင် ဒုတိယမြောက်နေ့အဖြစ် မျက်နှာဖုံးစွပ် ရာပေါင်းများစွာသောဆန္ဒပြသူများနှင့် ပြည့်နှက်လှျှက်ရှိသည်။ အဓိကရုန်းနှိမ်နင်းရေးလက်နက်ကိရိယာများ တပ်ဆင်ထားသည့် ရဲတပ်ဖွဲ့ဝင်က ဆန္ဒပြလူအုပ်အတွင်း မျက်ရည်ယိုဗုံးများ ပစ်ပေါက်လူစုခွဲကြောင်း တွေ့ရှိရသည်။

လော့စ်အိန်ဂျယ်လိစ်မှ Black Lives Matter ချီတက်ပွဲသည်အဓိကအဝေးပြေးလမ်းမကြီးပေါ်တွင်ယာဉ်ကြောပိတ်ဆို့မှုကိုရပ်တန့်စေပြီး၊ ဆန္ဒပြသူများသည်ရဲကားပေါ်သို့တက်နေပြီးအနည်းဆုံးဆန္ဒပြသူနှစ် ဦး ကိုမြေပေါ်သို့ပစ်ချလိုက်သည်။

ဗုဒ္ဓဟူးနေ့ မင်နီယာပိုလိစ်တွင် ဂျော့ဖလွိုက်အမည်ရှိ လူမည်းအမျိုးသားတစ်ဦးအား လူဖြူရဲအရာရှိက လက်ထိပ်ခတ်ဖမ်းဆီးရန်ကြိုးစားစဉ် လဲကျနေသော လူမည်းအမျိုးသား၏ ဦးခေါင်းပိုင်း လည်ပင်းနေရာအား ဒူးဖြင့်ဖိထားသည့် ရုပ်သံမှာ သင်းမီဒီယာများမှတစ်ဆင့် ပြန့်နှံ့ခဲ့သည်။

အဆိုပါ အာဖရိကန်အမေရိကန်အမျိုးသားဖြစ်သူမှာ ဆေးရုံတွင် သေဆုံးခဲ့သည်။

((( The Telegraph., May 28, 2020,” Fierce clashes with Minneapolis police over death of George Floyd’ ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။ )))

#လူဖြူရဲများဖမ်းဆီးစဉ်လူမည်းအမျိုးသားသေဆုံးရာမှအမေရိကန်၌အဓိကရုန်းများဖြစ်

0

Leave a Reply

Your email address will not be published.