အမေရိကန် အစိုးရတပ်ဖွဲ့ဝင်များ စွန့်ပစ်သွားရသော ဆီယက်တဲလ်ရဲစခန်းကို “ အင်တီဖာ “ နှင့် မင်းမဲ့ဝါဒီတို့ သိမ်းပိုက်၊ မြို့တော်ခန်းမအား ဝင်ရောက်စီးနင်း၍ “ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဇုန်နယ်မြေ” ထူထောင်ကြောင်း ကြေညာချက်များ ချိတ်ဆွဲ။

ဂျော့ချ်ဖလွိုက်အတွက် ကန့်ကွက်ပွဲများဖြစ်ပွားလျှက်ရှိသော အမေရိကန်ပြည်ထောင်စုတွင် ဝါရှင်တန်ပြည်နယ်ရှိ ဆီယက်တဲလ်မြို့တော်၌ ကက်ပီတော်လ်ဟီးလ်ရပ်ကွက်တစ်ဝှိုက်မှ ရဲတပ်ဖွဲ့ဝင်များ ဆုတ်ခွာသွားကြပြီဖြစ်သည်။ စွန့်ပစ်သွားသော အစိုးရပရဝုဏ်နှင့် အတားအဆီးများကို ကန့်ကွက်ဆန္ဒပြသူတို့က သိမ်းယူပြီးလျှင် အတားအဆီးဘလောက်တုံးများ ဝိုင်းပတ်ကာရံလျှက် “ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဇုန်နယ်မြေ” ထူထောင်ကြောင်း ကြေညာချက်များ ချိတ်ဆွဲကြသည်ဟု Russia Today က ယနေ့ရေးသားသည်။

ဆီယက်တဲလ်အရှေ့ပိုင်းရဲစခန်းကို ထိန်းချုပ်ထားသော တတ်ကြွလှုပ်ရှားသူတို့က ၁၂- ရိပ်သာနှင့် အီး-ပိုင်း လမ်းကြားရှိ ရပ်ကွက် ၆-ခုတို့အား လွတ်လပ်သော “ ကက်ပီတော်လ်ဟီးလ်ဇုန် “ သို့မဟုတ် “ ကက်ပီတော်လ်ဟီးလ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဇုန် ( CHAZ ) “ အဖြစ် ကြေညာလိုက်သည်ဆို၏။

အဆိုပါ ဇုန်အတွင်း ရောက်ရှိနေသူ သတင်းထောက် ဂျူလီယိုရိုဆာက ပေးပို့သော ဓါတ်ပုံများတွင် ဆီယက်တဲလ်ရဲဌာနမှာ အရင်းရှင်ဝါဒ၏ မညီမျှမှုများကြောင့် အစဉ်အမြဲ လူမျိုးရေးခွဲခြားနေလိမ့်မည်သာဖြစ်၍ ငွေကြေးဖြတ်တောက်ပစ်လိုက်သည်ဟု စာသားများပါဝင်သော ကြေညာချက်များကို တွေ့မြင်ကြရသည်။ အဆိုပါ ဧရိယာအတွင်း ရောက်ရှိနေသည့် အခြားသတင်းထောက် အင်ဒီညိုက သတင်းပေးပို့ရာတွင်မူ ထိန်းချုပ်သည် ဆိုသူတို့မှာ “ အင်တီဖာ” များဖြစ်ကြောင်း ဖော်ပြပြီး ၎င်းတို့တွင် လက်နက်ကိုင်အစောင့်များ ရှိပုံရသည်ဟု ရေးသားထားသည်။

လက်နက်ကိုင်ဆောင်သူရှိနေပုံ ရသည်ဆိုခြင်းကို Redneck Revolt ခေါ် လက်ဝဲယိမ်းပြည်သူ့စစ်များအဖြစ် လူသိများသည့် John Brown Gun Club အဖွဲ့ဝင်ဆိုသူတစ်ဦးက ဟုတ်မှန်ကြောင်း အတည်ပြုသည်။ အကူအညီတောင်းခံလာခြင်းကြောင့် လက်နက်တပ်ဆင်ပေးခဲ့ကြောင်း ပြောဆိုသည်။

ဆီယက်တဲလ်ရဲမှူးကြီး ကာမန်ဘက်စ်က ပြောဆိုရာတွင် ယုံကြည်မှုနှင့် ပဋိပက္ခအရှိန်ကို လျှော့ချကြောင်း ပြသသည့်အနေဖြင့် တပ်ဖွဲ့ဝင်များအား တနင်္လာနေ့ညနေပိုင်းတွင် ပရဝုဏ်အတွင်းမှ ရုတ်သိမ်းခဲ့ကြောင်း ပြောဆိုသည်။

လွန်ခဲ့သော ၂-ရက်ကမူ အဆိုပါနေရာ၌ ဆီယက်တဲလ်ရဲတပ်ဖွဲ့ဝင်များက ငရုတ်ကောင်းစပရေးနှင့် လျှပ်လက်အသံဗုံးကို အသုံးပြုကာ ကန့်ကွက်ဆန္ဒပြသူများအား လူစုခွဲခဲ့သည်။ မျက်ရည်ယိုဓါတ်ငွေ့အသုံးပြုကြောင်း စွပ်စွဲချက်ထွက်ပေါ်သော်လည်း ရဲတပ်ဖွဲ့က ငြင်းဆိုပြီး အဆိုပါပစ္စည်းကို ရက်ပေါင်း ၃၀-ကြာ အသုံးပြုမည် မဟုတ်ကြောင်း မြို့တော်အုပ်ချုပ်ရေးမှူး ဒီမိုကရက်တစ်ပါတီမှ ဂျင်နီဒူကန် တရားဝင်ကြေညာထားသည့်အတိုင်း လိုက်နာလျှက်ရှိကြောင်း ရှင်းလင်းသည်။

ယခုနာရီပိုင်းအတွင်း ဒေသတွင်းမီဒီယာ Seattle Times ၏ သတင်းအရ ကန့်ကွက်ဆန္ဒပြသူများသည် မြို့တော်ခန်းမအား သိမ်းပိုက်ပြီးနောက် ကက်ပီတော်လ်ဟီးလ်ရပ်ကွက်တွင် အခြေပြုလျှက်ရှိကြောင်း သိရှိရသည်။

Russia Today ၏ အခြားသတင်းတစ်ပုဒ်တွင်မူ ဂျော့ချ်ဖလွိုက်အရေး ကန့်ကွက်သူများသည် ဆီယက်တဲလ် မြို့တော်အုပ်ချုပ်ရေးမှူး ဒီမိုကရက်တစ်ပါတီမှ ဂျင်နီဒူကန်နှုတ်ထွက်ပေးရေး တောင်းဆိုရာ၌ လက်ဝဲဝါဒီ ဆိုရှယ်လစ်ဆိုသူများက လော်ဘီလုပ်ကြောင်း ရေးသားထားသည်ကို တွေ့ရှိရသည်။

((( Russia Today., 9 Jun, 2020, “Anarchists & ‘Antifa’ occupy Seattle police station abandoned by ‘regime’ forces, set up ‘Capitol Hill Autonomous Zone’” ကို #HtayOung,#OungMarine ဆီလျော အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။ )))

#ဆီယက်တဲလ်ရဲစခန်းကို“အင်တီဖာ“နှင့်မင်းမဲ့ဝါဒီတို့သိမ်းပိုက်၊ #မြို့တော်ခန်းမအား င်ရောက်စီးနင်း၍ “ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဇုန်နယ်မြေ”ထူထောင်ကြောင်းကြေညာချက်များချိတ်ဆွဲ။

https://www.rt.com/usa/491347-seattle-autonomous-zone-police/

https://www.rt.com/usa/491356-seattle-protests-city-hall/?utm_source=browser&utm_medium=aplication_chrome&utm_campaign=chrome

https://www.seattletimes.com/seattle-news/seattle-area-protests-live-updates-for-tuesday-june-9/

0

Leave a Reply

Your email address will not be published.