အမေရိကန် အတ္တလန်တာမြို့တွင် သေနတ်ပစ်ခတ်မှု ဆက်တိုက်ဖြစ်၊ မြို့အနှံ့အပြားရှိ SPA ၃-ခုတို့၌ ၈-ဦးထက်မနည်း အသီးသီးသေဆုံး၍ ဒဏ်ရာရသူ အများအပြားရှိ။ ပြစ်မှုကျူးလွန်သည်ဟု ယူဆရသူများ ထွက်ပြေးလွတ်မြောက်လျှက်ရှိပြီး ရဲတပ်ဖွဲ့က ရှာဖွေနေ


အမေရိကန်နိုင်ငံ ဂျော်ဂျီယာပြည်နယ် အတ္တလန်တာမြို့အနှံ့အပြားတွင် သေနတ်ပစ်ခတ်မှု ၃-ကြိမ်တိုင်တိုင် ဆက်တိုက်ဖြစ်ပွားရာ လူ ၇-ဦးထက်မနည်း သေဆုံး၍ အခြားသူများလည်း ဒဏ်ရာရရှိကြောင်း၊ ပြစ်မှုကျူးလွန်သည်ဟု ယူဆရသူများမှာ ထွက်ပြေးလွတ်မြောက်လျှက်ရှိပြီး ရဲတပ်ဖွဲ့က ရှာဖွေလျှက်ရှိကြောင်း Russia Today က အရေးကြီး ကြားဖြတ်သတင်း ယနေ့ဖော်ပြသည်။

..   
အင်္ဂါနေ့တွင် သေနတ်ပစ်ခတ်မှုဖြစ်ပွားသည့် အတ္တလန်တာ ဆင်ခြေဖုံး Acworth နယ်မြေအနီးရှိ Young’s Asian Massage သို့ မိမိတို့ရောက်ရှိချိန်တွင် သေနတ်ဒဏ်ရာရရှိသူ ၅-ဦးကို တွေ့မြင်ခဲ့ရကြောင်း၊ ၂-ဦးမှာ အခင်းဖြစ်နေရာ၌ပင် သေဆုံးလျှက်ရှိကြောင်း၊ အခြား ၂-ဦးှမှာ ဆေးရုံသို့ ပို့ဆောင်စဉ် သေနတ်ဒဏ်ရာကြောင့် သေဆုံးရခြင်းဖြစ်ကြောင်း #ရှာရိုကီကောင်တီ နယ်မြေ ငြိမ်ဝပ်ပိပြားရေးအရာရှိရုံး ပြောခွင့်ရပုဂ္ဂိုလ်က CNN ၏ မေးမြန်းချက်ကို ဖြေကြားသည်။

..  
အတ္တလန်တာရှိ Gold Mass Spa တွင်လည်း ဒါးပြတိုက်ခံရသည်ဟု သတင်းရရှိပြီး သေနတ်ဒဏ်ရာများနှင့် လူ ၃-ဦး သေဆုံးလျှက်ရှိသည်ကို တွေ့ရှိရကြောင်း တရားဥပဒေစိုးမိုးရေး အာဏာပိုင်များက ပြောဆိုသည်။

..  
တစ်ချိန်တည်းမှာပင် ၎င်းနှင့် လမ်းတစ်ဖက်ခြမ်းရှိ Aroma Therapy spa တွင် အခြားသေနတ်ပစ်ခတ်မှုဖြစ်ပွားကြောင်း သိရှိရပြီး လူ ၁-ဦးသေဆုံးသည်ဆိုခြင်းမှအပ အသေးစိတ်သတင်းမရရှိသေးချေ။

..   
လုံခြုံရေးစောင့်ကြည့်ဗွီဒီယိုတွင် မှတ်သားထားသည့် မသင်္ကာသူတစ်ဦးကို ရှာရကီရဲတပ်ဖွဲ့က ရှာဖွေလျှက်ရှိသော်လည်း ယခုအချိန်ထိ ဖမ်းဆီးရမိသူ မရှိသေးကြောင်း ကနဦးသတင်း၌ ဖော်ပြသည်။

..   
ရှာရိုကီကောင်တီ ငြိမ်ဝပ်ပိပြားရေး အာဏာပိုင်များက အရေးကြီးသတင်းထုတ်ပြန်ချက်အဖြစ်ဖော်ပြသည့် ရုပ်သံပါ ပြစ်မှုကျူးလွန်သည်ဟု ယူဆရသူကို ၎င်းကောင်တီမှ မိုင် ၂၀၀ ခန့်အကွာ #ခရစ်ပ်ကောင်တီ၌ ဖမ်းဆီးရမိကြောင်း CBS က ရေးသားသည်။

..   
လက်ရှိဖြစ်ပွားလျှက်ရှိသော သေနတ်ပစ်ခတ်မှုများမှာ ချာရိုကီကောင်တီဖြစ်စဉ်နှင့် ဆက်နွယ်မှု ရှိ-မရှိ လူအများသိရှိလိုသော်လည်း ယခုအချိန်တွင် ၎င်းတို့ကို အတည်ပြုရန် စောလွန်းနေသေးကြောင်း၊ ကောင်တီအာဏာပိုင်များနှင့် ချိတ်ဆက်၍ ဖြစ်နိုင်ခြေကို ရှာဖွေလျှက်ရှိကြောင်း၊ နယ်မြေ အသီးသီးရှိ အလားတူ စီးပွားရေး လုပ်ငန်းများတစ်ဝှိုက် ကင်းလှည့်မှုတိုးမြှင့်ထားကြောင်း အတ္တလန်တာ ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။
..
(((Russia Today., 17 Mar, 2021 , “At least 7 killed in string of shootings at THREE different spas across metro Atlanta, Georgia.” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာ သာပြန်ဆိုသည်။ )))
….
#အမေရိကန်အတ္တလန်တာ_သေနတ်ပစ်ခတ်မှု ၃-ကြိမ်ဆက်တိုက်ဖြစ်ပွားပြီး_၈-ဦးထက်အနည်းသေဆုံး

..
https://www.rt.com/usa/518304-atlanta-spa-shooting-spree/ 

0

Leave a Reply

Your email address will not be published.