အမေရိကန် အိမ်ဖြူတော်အပြင်ဘက်တွင် ဆန္ဒပြသူများ စုရုံးလာသဖြင့် ဝါရှင်တန်ဒီစီမြို့လည်လမ်းများပေါ်တွင် ရဲနှင့် စစ်ဖက်ဆိုင်ရာယာဉ်များ လုံခြုံရေး နေရာယူ

မင်နီယာပိုလိစ်မြို့တွင် ဂျော့ဖလွိုက်သေဆုံးပြီး များမကြာမီ အတ္တလန်တာမြို့တွင် လူဖြူရဲတပ်ဖွဲ့ဝင်က သေနတ်ဖြင့် ပစ်ခတ်ဖမ်းဆီးခြင်းကြောင့် လူမည်းအမျိုးသားတစ်ဦး ထပ်မံသေဆုံးခဲ့ရသည်။

မေလ ၂၅-ရက်နေ့ မှစတင်၍ ဖြစ်ပွားခဲ့သော Black Lives Matters လူမျိုးကြီးဝါဒဆန့်ကျင်ရေး ဆန္ဒပြပွဲများသည် ကမ္ဘာတစ်ဝှမ်းတစ်ဝှမ်းမြို့ကြီးအတော်များများသို့ ပြန့်နှံ့လျှက်ရှိရာ ယနေ့ အမေရိကန် အိမ်ဖြူတော်အပြင်ဘက်တွင် ကန့်ကွက်ဆန္ဒပြသူများ စုဝေးလျှက်ရှိသည်။

ထိုစဉ်အတောအတွင်း အမေရိကန်အစိုးရရုံးစိုက်ရာ ဝါရှင်တန်ဒီစီမြို့လည် လမ်းများပေါ်တွင် ရဲနှင့် စစ်ဖက်ဆိုင်ရာယာဉ်များက ပိတ်ဆို့လျှက် လုံခြုံရေးနေရာယူထားကြသည်ကို တွေ့မြင်ရကြောင်း Russia Today က ယနေ့ရေးသားသည်။

အစဉ်လေးစာားစွာဖြင့်

#HtayOung, #OungMarine https:

//www.facebook.com/watch/?v=2701812973383759

0

Leave a Reply

Your email address will not be published.