အမေရိကန်-အီရန်- အီရတ် လတ်တလော နောက်ဆုံးအခြအနေ

အီရတ်နိုင်ငံ ဘဂ္ဂဒက်လေဆိပ်အနီး အီရန်တပ်မှူး ဗိုလ်ချုပ်ကာဆင်ဆိုလိုင်မန်နီသေဆုံးရသော လေကြောင်းတိုက်ခိုက်မှု့အတွက် ဆောင်ရွက်ရန်အခွင့်အာဏာကို သမ္မတဒေါ်နယ်ထရမ့်က ပေးအပ်ခဲ့ကြောင်း ပင်တာဂွန်စစ်ဋ္ဌာနချုပ်က သတင်းထုတ်ပြန်ပြီးနောက် ပင်လယ်ကွေ့ဒေသ စစ်ရေးတင်းမာမှု့မှာ အဆိုးရွားဆုံးသို့ ရောက်ရှိသွားသည်။ ရေနံစိမ်း ပေါက်ဈေးမှာလည်း ၄.၃ ရာခိုင်နှုန်း မြင့်တက်သွားသည်ကို တွေ့ရှိရသည်။

အီရန်ခေါင်းဆောင် အယာတိုလာခါမေနီက သေဆုံးသွားသော ကာဆင်ဆိုလိုင်မန်နီ၏ နေရာတွင် အယ်လ်ခတ်အထူးတပ် ဒုတိယခေါင်းဆောင်အား တာဝန်ပေးအပ်လိုက်ပြီး အမေရိကန်၏ ရမ်းကားမှု့အတွက် ပြင်းထန်ထိရောက်စွာ လက်စားချေမည်ဖြစ်ကြောင်း ကတိပြုသည်။ အီရန်မြို့တော် တဟီရန်၏ လမ်းမကြီးများပေါ်တွင် သိန်းချီသော လူစုလူဝေးတို့က အယ်လ်ခတ်အထူးတပ်ဖွဲ့ခေါင်းဆောင်သေဆုံးရခြင်းအတွက် ဝမ်းနည်းပူဆွေးကြောင်း ရှီအာမွတ်စလင်အစဉ်အလာ ရင်ထု ပြသကြသည်။ ကာဆင်ဆိုလိုင်မန်နီကိုလည်း သူရဲကောင်းအဖြစ် ချီးကြူး ဂုဏ်ပြုကြောင်း ဟောပြောကြသည်။

အီရန်သည် စစ်ပွဲတွင် မည်သည့်အခါမျှ အနိုင်ရမည်မဟုတ်သော်လည်း စေ့စပ်ဆွေးနွေးရန်အခွင့်ရေးများ ပိုင်ဆိုင်နေဆဲဖြစ်ကြောင်း သမ္မတဒေါ်နယ်ထရမ့်က ၎င်း၏ Twitter စာမျက်နှာတွင် ယနေ့ရေးသားသည်။ အီရန်တပ်မှူးအား လုပ်ကြံသတ်ဖြတ်ရန် ဒေါ်နယ်ထရမ့်က အမိန့်ပေးခြင်းမှာ မီးပုံကြီးအတွင်းသို့ ဒိုင်းနမိုက်ထုပ် ပစ်သွင်းခြင်းပင်ဖြစ်ကြောင်း အမေရိကန်ဒီမိုကရက်တစ်ခေါင်းဆောင် ဂျိုးဘိုင်ဒင်နှင့် နန်စီပလိုစီတို့က ပြစ်တင်ဝေဖန်လိုက်သည်။

အီရန်အထူးတပ်မှူး တိုက်ခိုက်ခံရပြီး သေဆုံးကြောင်း သတင်းနှင့်အတူ အီရတ်ရောက် အမေရိကန်နိုင်ငံသားအားလုံး နိုင်ငံအတွင်းမှ ထွက်ခွာသွားကြရန် အမေရိကန်နိုင်ငံခြားရေးဋ္ဌာနက တိုက်တွန်းသည်ကို တွှေ့ရှိရသည်။

ယနေ့ နိုင်ငံတကာမီဒီယာအချို့အဆိုအရ သေဆုံးသူ အီရန်တပ်မှူးသည် ဒေသတွင်း အမေရိကန်အကျိုးစီးပွားအတွက် အန္တရာယ်အပေးနိုင်ဆုံးသူအဖြစ် စီအိုင်အေ၏ စောင့်ကြည့်ခံစာရင်းတွင် ထိပ်တန်းမှ ပါဝင်နေသူ ဖြစ်သည်။ ဘဂ္ဂဒက်လေဆိပ်အနီး ကာဆင်ဆိုလိုင်မန်နီလိုက်ပါလာသော မော်တော်ယာဉ်တန်းကို အမေရိကန်က ဒရုန်းလေယာဉ်များဖြင့် တိုက်ခိုက်ရာ၌ အီရန်ကျောထောက်နောက်ခံပြု Popular Moblization Forces (PMF) လူထုစည်းရုံးရေး အီရတ်ပြည်သူ့စစ် ဒုတိယတပ်မှူးအပါအဝင် အခြား ၇-ဦး လည်း သေဆုံးသည်။

အိမ်နီးချင်း အီရန်နိုင်ငံမှ တပ်မှူးဖြစ်သူတစ်ဦးအား အီရတ်မြေပေါ်တွင် အသတ်ခံရခြင်းမှာ အီရတ်တွင် အမေရိကန်တပ်များ တပ်စွဲထားခြင်းကို ထိခိုက်စေလိမ့်မည်ဖြစ်ကြောင်း အီရတ်ဝန်ကြီးချုပ် အဗ္ဗဒဲလ်အဗ္ဗ ဒူလာမာဒီကသြတိပေးလိုက်ပြီး ကန့်ကွက်ရှုတ်ချသည်။

အီရန်က လက်တုန့်ပြန်တိုက်ခိုက်ခဲ့လျှင် ဒေသတွင်း အနီးဆုံးရန်သူမှာ အစ္စရေးဖြစ်သည်။ ဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ညာဟုသည် ဂရိနိုင်ငံနိုင်ငံခရီးစဉ်အား လမ်းခုလတ်တွင် ဖျက်သိမ်း၍ အစ္စရေးသို့ ပြန်သွားသည်။

အီရတ်မြေပေါ်တွင် အီရန်တပ်မှူးသေဆုံးရခြင်းမှာ အရှေ့အလယ်ပိုင်းတင်းမာမှု့ မီးတောက်အား အရှိန်မြင့်တက်လာစေမည့် အမေရိကန်၏ စွန့်စားခန်းဖြစ်ကြောင်း ရုရှားက ဝေဖန်လိုက်ပြီး၊ ဖြစ်စဉ်တွင် ပါဝင်ပတ်သက်သူများအားလုံး စိတ်ကိုချုပ်တည်း၍ ဆွေးနွေးအဖြေရှာကြပါရန် ဗြိတိန်က တိုက်တွန်းလိုက်သည်။

((( တိုက်ခိုက်ခံရသော ဘဂ္ဂဒက်အမေရိကန်သံရုံးသို့ ယမန်နေ့တွင် အမေရိကန် အထူးတိုက်ခိုက်ရေးတပ်ဖွဲ့ဝင် ၁၀၀ ခန့် ရဟတ်ယာဉ်များဖြင့် ရောက်ရှိလာသည်။ သံရုံးဝင်းအတွင်း ဓါတ်ဆီပုလင်းဗုံးများ ပစ်သွင်းလျှက် ကန့်ကွက်ဆန္ဒပြသူများနှင့် အယ်လ်ခါတက်ဗ်ဟဇ်ဘိုလာပြည်သူ့စစ်တို့မှာ သံရုံးဝင်းအနီးမှ ထွက်ခွာသွားကြ ပြီဖြစ်ကြောင်း ဟဇ်ဘိုလာတို့က တရားဝင်သတင်းထုတ်ပြန်သည်။ အိမ်နီးချင်း ကူဝိတ်တွင် အမေရိကန်တပ်ဖွဲ့ဝင် ၇၅၀ ရွှေ့ပြောင်းတပ်စွဲသည်။

ကမ္ဘ္ဘာပေါ်တွင် သြဇာအာဏာအကြီးဆုံးဖြစ်ပြီး တော်ယုံထူးချွန်ကာမျှနှင့် သမ္မတမဖြစ်နိုင်သော အမေရိကန်တွင် ဒေါ်နယ်ထရမ့်အနေဖြင့် အခြားဝှက်ဖဲမည်သို့ရှိသည်ကို မသိရသေးပါ။ အမှန်တကယ်အားဖြင့် အမေရိကန်အား ဘေးကြပ်နံကြပ်ဖြစ်စေရာ၌ အီရန်သည် မြောက်ကိုရီးယားနှင့် အဆင့်တူသာဖြစ်ပြီး ရုရှား-တရုတ်ကဲ့သို့ ပြိုင်ဘက်မဟုတ်ချေ။ အီရန်တပ်မှူး လုပ်ကြံခံရခြင်းမှာ လွန်ခဲ့သည့်နှစ် ဆော်ဒီအရမ်ကို ရေနံစက်ရုံများ ဒရုန်းဖြင့် တိုက်ခိုက်ခံရခြင်းနှင့် ဒီဂရီတူသော်လည်း ထိုစဉ်က ပစ်ခတ်သူ လက်သည်မပေါ်ခြင်းမှာ ထူးခြားသည်။

ဒေသတွင်း၌ ဆော်ဒီအာရေးဗီးယားအုပ်စုသည် အီရန်အား မျက်မုန်းကျိုးရာတွင် ခေါင်တကာ့ ထိပ်ဆုံးဖြစ်သည်။ သို့သော် အမေရိကန်နှင့် အီရန် စစ်ဖြစ်လျှင် ကျယ်ပြန့်လာဖွယ်ရှိသော စစ်ပွဲ၌ သူတို့လည်း ရောပါကုန်နိုင်သဖြင့် စစ်ဖြစ်စေလိုမည်မဟုတ်ပါ။ ထူထောင်စ အီရတ်နှင့် ဒါဏ်ခတ်ပိတ်ဆို့ခံ အီရန်အနေ ဖြင့်လည်း အတော် ချိန်ဆရဖွယ်ရှိသည်။ လက်ဦးမှု့ ရယူမည့်သူမှာ အစ္စရေးဖြစ်သည်။

ကျွန်တော့်အထင်တော့ ယခုတင်းမာမှု့ ရလာဒ်အဖြစ် အီရတ်မှ အမေရိကန်တပ်များ ထွက်ခွာသွားရခြင်းမျိုးသာ အများဆုံးဖြစ်နိုင်ပြီး အလွန်ဆိုးရွားသော စစ်မီးတောက်လောင်သည်အထိဖြစ်ပေါ်ရန် အလှမ်းဝေးပါသေးသည်။

ကျွန်တော်များ အမှန်တကယ်ပူပန်သင့်သည်မှာ အနောက်နိုင်ငံကြီးများသည် မွတ်စလင်ကမ္ဘ္ဘာနှင့် မသင့်မမြတ်ဖြစ်တိုင်း ဒါးမနောက်ပိတ်ခွေး ကျွန်တော်တို့လို နိုင်ငံအား ဖိထောင်းပြခြင်းဖြင့် မာမူတို့ကြေနပ်အောင် ချွေးသိပ်လေ့ရှိခြင်းဖြစ်သည်။ ။သတင်းဘာသာပြန်သူ ))

HtayOung, #OungMarine

https://www.rt.com/news/477371-irans-khamenei-appoints-soleimanis-deputy/

https://www.rt.com/news/477358-democrats-us-airstrike-reaction/

https://www.rt.com/news/477369-iranian-protests-us-airstrike/

https://www.rt.com/news/477379-us-citizens-leave-iraq/

https://www.rt.com/news/477361-iraq-pm-condemnts-assassination/

https://www.rt.com/news/477377-netanyahu-backs-soleimanis-killing-us/

https://www.rt.com/news/477367-quds-assassination-russia-reaction/

0

One Reply to “အမေရိကန်-အီရန်- အီရတ် လတ်တလော နောက်ဆုံးအခြအနေ”

  1. Important Features Of Definition Essay

    Application essay writing is also referred to as admission essay writing. In the elementary years, young writers get an introduction to essay writing through two courses designed to bring excitement and enjoyment to the writing process. When picking out persuasive essay topics to write about, it would be best to stick with your own personal opinions so that you will have a definite idea on what to put in it.

    go
    see this page
    more..

    Melissa Explains It All My Life Unfiltered…All In Good Humor

    There are tens of different papers which students are to write during their application and study processes. In Technology essay writing, some writers choose to do this following every claim. To write a Law essay one should have basic awareness of that topic. Always try to start early and give adequate time for researching reliable and academic evidence to support your arguments.

    My Visit To Badshahi Mosque. Lahore, Pakistan
    A Random Walk From Known To Mystery
    Free Article Directory
    60425de

    0

Leave a Reply

Your email address will not be published.