အမေရိကန်-သြစတြေးလျ-အိန္ဒိယ-ဂျပန်တို့က ၂၀၂၂ နှစ်မကုန်မီ အာရှတစ်ခွင်လုံးသို့ ကိုဗစ်ကာကွယ်ဆေး ၁-ဘီလီယမ် ပေးပို့ရန် သဘောတူ၊ တရုတ်၏သြဇာလွှမ်းမိုးမှုကို ကာကွယ်ဆေး သံတမန်နည်း ဖြင့် တုန့်ပြန်၊ အိန္ဒိယဆေးဝါးအရေးပါကုန်ကြမ်းများအပေါ် ကန်၏အိတ်စ်ပို့ ကန့်သတ်ချက်များက တားဆီးနေ


၂၀၂၂ – ခုနှစ် နှစ်ကုန်မတိုင်မီ အာရှတိုက်တစ်ခွင်လုံးသို့ ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေး ၁-ဘီလီယံထောက်ပံ့ရန်အတွက် ငွေကြေး၊ ထုတ်လုပ်မှုနှင့် ဖြန့်ဖြူးခြင်း စွမ်းရည်များကို စုစည်းရန် အမေရိကန်-သြစတြေးလျ-အိန္ဒိယနှင့် ဂျပန်နိုင်ငံ ခေါင်းဆောင်တို့က သဘောတူခဲ့ကြကြောင်း အိန္ဒိယနိုင်ငံခြားရေးဋ္ဌာန အတွင်းဝန်က သောကြာနေ့၌ ပြောကြားသည်ဟု Reuters က ယနေ့ ရေးသားသည်။

..   
“#Quad” ခေါ် ၄-နိုင်ငံပါ အုပ်စုက ကမ္ဘာလုံးဆိုင်ရာကာကွယ်ဆေးထိုးနှံမှု ချဲ့ထွင်ခြင်း၊ အရှေ့တောင်အာရှနှင့် ကမ္ဘာတစ်ဝှမ်း၌ တရုတ်၏သြဇာလွှမ်းမိုးမှုကြီးထွားလာခြင်းကို #ကာကွယ်ဆေး_သင်္ဂဟဗျူဟာနည်းဖြင့် တားဆီးလို၍ ဖြစ်သည်ဆို၏။

..

အိန္ဒိယသည် ကမ္ဘာ့အကြီးဆုံး ကာကွယ်ဆေးထုတ်လုပ်သူဖြစ်သည်။ အဆိုပါ ပူးပေါင်းဆောင်ရွက်မှုသည် ” အရေအတွက်နှင့် ငွေကြေးတန်ဖိုးအများဆုံး” ဖြစ်လာခဲ့ကြောင်း၊ လေးနိုင်ငံတို့၏ ဘဏ္ဍာအရင်းအမြစ်၊ ကုန်ထုတ်လုပ်မှုနှင့် စွမ်းဆောင်ရည်များ၊ ထောက်ပံ့ပို့ဆောင်ရေးဆိုင်ရာအားသာချက်များကို ပေါင်းစပ်ရန် သဘောတူညီခဲ့ကြကြောင်း၊ ကူးစက်ရောဂါကပ်အ လွန်ကာလ ပြန်လည်ထူထောင်ရေး လုပ်ငန်းစဉ်ကို အရှိန်မြှင့်တင်ပေးပြီး Covid-19 ရောဂါဒဏ် ခံစားခဲ့ရသည့် မိသားစုများနှင့် စီးပွားရေးလုပ်ငန်းများကို နောက်ကွယ်မှ ပံ့ပိုးပေးရာ ရောက်လိမ့်မည်ဟု ယုံကြည်ပါကြောင်း Quad ထိပ်သီးများ၏ ဗွီဒီယိုမှတဆင့် ဆွေးနွေးပွဲအပြီး နယူးဒေလီ၌ ကျင်းပသည့် သတင်းစာကွန်ဖရင့်၌ #အိန္ဒိယနိုင်ငံခြားရေးဋ္ဌာနအတွင်းဝန်ဟာ့ရှ်ဗတ်ဟန်းရှရင်လာက ရှင်းပြသည်။

..   
အိန္ဒိယအနေဖြင့် အမေရိကန်နိုင်ငံတကာ ဘဏ္ဍာရေးဆိုင်ရာ ဖွံ့ဖြိုးရေးကော်ပိုရေးရှင်း၊ ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဘဏ်တို့မှ ငွေကြေးအထောက်အပံ့ဖြင့် ကာကွယ်ဆေးများ ထုတ်လုပ်မည်ဖြစ်သည်။

..  
ကာကွယ်ဆေးများဖြန့်ဖြူးရေးအတွက် လေ့ကျင့်ရေးလုပ်ငန်းများကို သြစတြေးလျက ငွေကြေးထောက်ပံ့ပေးခြင်းနှင့် ခရီးဆုံးရောက်သည့်အထိ ကာကွယ်ဆေးဖြန့်ဖြူးပေးမည်ဖြစ်ရာ အရှေ့တောင်အာရှနှင့် အိန္ဒိယသမုဒ္ဒရာနိုင်ငံများအား အလေးထား ပို့ဆောင်ပေးရန် စီစဉ်ထားသည်။

..  
သို့သော်လည်း အိန္ဒိယ၏ ကာကွယ်ဆေး ထုတ်လုပ်မှုကွင်းဆက်အတွက် အရေးပါသောကုန်ကြမ်းများအပေါ် အမေရိကန်၏ ပြည်ပတင်ပို့မှုကန့်သတ်ချက်များကြောင့် အဆိုပါအစီအစဉ် ကနဦးအစတွင် အတားအဆီးဖြစ်နိုင်ကြောင်း သိရှိရသည်။

..  
ထိုအတွက် အမေရိကန်နှင့် နှစ်နိုင်ငံအကျိုးတူကိစ္စဖြစ်သည်ကို ဝါရှင်တန်ရှိ အိန္ဒိယသံအမတ်ကြီးမှတဆင့် ဆွေးနွေးရန် စီစဉ်ထားကြောင်း၊ Quad ပူးပေါင်းဆောင်ရွက်မှုသည် အိန္ဒိယနိုင်ငံ၏ လူဦး ရေ ၁.၄ ဘီလီယံအတွက် ကာကွယ်ဆေးထုတ်လုပ်မှုအပေါ် အကျိုးသက်ရောက်မှုရှိလိမ့်မည်မဟုတ်ကြောင်း အိန္ဒိယနိုင်ငံခြားရေးဋ္ဌာန အတွင်းဝန် ဟာ့ရှ်ဗတ်ဟန်းရှရင်လာက ပြောဆိုသည်။

..  
(( မြန်မာနိုင်ငံတွင် အာဏာသိမ်းပြီးနောက်ပိုင်း အမေရိကန်၏ ဒဏ်ခတ်ပိတ်ဆို့မှုများမှာ စစ်ကောင်စီထိပ်တန်းအရာရှိကြီးများနှင့် ၎င်းတို့၏ မိသားစုအပေါ်၌သာဖြစ်ကြောင်း အိမ်ဖြူတော် သတင်းထုတ်ပြန်ချက်အရ သိရှိရပါသည်။

..  
ထို့ပြင် ယခုကဲ့သို့ ကာကွယ်ဆေးများမှာ လူသားချင်းစာနာမှုဆိုင်ရာ ခေါင်းစဉ်အောက်တွင် ရရှိတတ်ပါ၍ မြန်မာနိုင်ငံသားတို့လည်း ကိုရိုနာဗိုင်းရပ်စ်ရောဂါကာကွယ်ဆေးကို အခြားအာရှနိုင်ငံများနည်းတူ ရရှိလိမ့်မည်ဟု ခန့်မှန်းရပါသည်။    ။ သတင်းဘာသာပြန်သူ ))
..
(((Reuters., March 13, 2021,” US, India, Australia, Japan agree to send one billion vaccines across Asia by end-2022.” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာ ပြန်ဆိုသည်။ )))
..
#အမေရိကန်-သြစတြေးလျ-အိန္ဒိယ-ဂျပန်တို့၏_Quad #ကာကွယ်ဆေး_သင်္ဂဟဗျူဟာ
#၂၀၂၂ နှစ်မကုန်မီ_အာရှတစ်ခွင်လုံးသို့_ကိုဗစ်ကာကွယ်ဆေး_၁-ဘီလီယမ်_ပေးပို့ရန်_Quad_သဘောတူ
..
https://www.reuters.com/article/us-usa-asia-vaccines/us-india-australia-japan-agree-to-send-one-billion-vaccines-across-asia-by-end-2022-idINKBN2B42F4
..
https://www.dhakatribune.com/world/2021/03/13/us-india-australia-japan-agree-to-send-one-billion-vaccines-across-asia-by-end-2022 

Leave a Reply

Your email address will not be published.