အငြင်းပွားရေပြင်မှ တရုတ်သင်္ဘောများ ထွက်ခွာသွားပေးရန် ဖိလစ်ပိုင်က ဆဲရေး တောင်းဆို။ တောင်တရုတ်ပင်လယ် တစ်ခုလုံးနီးပါးကို ၎င်းတို့ပိုင်ဆိုင်ဟု တရုတ်ပြော။ ဖိလစ်ပိုင်က ၎င်း၏ အထူးသီးသန့် စီးပွားဇုန်ရေပြင်တွင် စစ်ရေးလေ့ကျင့်ခြင်းကို တရုတ်နောက်ယောင်ခံ နှောက်ယှက်


ပိုင်ဆိုင်မှု အငြင်းပွားလျှက်ရှိသော ရေပြင်မှ တရုတ်ရေယာဉ်များ ထွက်ခွာသွားပေးရန် တောင်းဆိုကြောင်း ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး၏ တနင်္လာနေ့ Twitter တွင် ရေးသားချက်မှာ မကြားဝံ့ မနာသာ အသုံးအနှုန်းများ ပါရှိနေခြင်းဖြင့် တောင်တရုတ်ပင်လယ်အရေးတွင် ယခု နောက်ဆုံး စကားစစ်ခင်းခြင်းဖြစ်လာသည်ဟု CNN က ယနေ့ ဖော်ပြသည်။

…   
ဖိလစ်ပိုင်၏ မိုင် ၂၀၀ အထူးသီးသန့် စီးပွားရေးဇုန် ( EEZ ) အတွင်း တရုတ်သင်္ဘောများ ရာနှင့်ချီ၍ ရောက်ရှိနေခြင်းမှာ တရားမဝင်ကြောင်း မနီလာမြို့တွင် ကန့်ကွက်ဆန္ဒပြမှုများ ဖြစ်ပွားပြီးနောက် တဲ့တိုးဘွင်းဘွင်း ပြောဆိုလေ့ရှိကြောင်း လူသိများသည့် #နိုင်ငံခြားရေးဝန်ကြီး_တီအိုဒိုရို_လော့ဆင်၏ ယခု မှတ်ချက်စကား ပေါ်ထွက်လာခြင်းဖြစ်သည်ဆို၏။

…  
“ ကျွန်တော်၏ မိတ်ဆွေကြီး တရုတ်၊ ကျွန်ုတော့်အနေအဖြင့် ဘယ်လောက်အထိ ယဉ်ကျေးနိုင်ပါမည်လဲ၊ အိုး .. ငါ   -ိုးမသား ထွက်သွား ကျွန်တော်လည်း ပြောပါရစေ.. ” ဟု လော့ဆင်က ၎င်း၏ Twitter စာမျက်နှာ၌ ရေးသားထားသည်။

…  
ကျွန်တော်တို့ ဘာ မိတ်ဆွေဖြစ်နေတာလဲ။ သင်သည် ကျွန်တော်တို့နှင့် မတူ။ သင့်မှာ ဇွတ်အတင်းကြီး ရည်ရွယ်လျှက် ရုပ်ဆိုးငတုံး ဖြစ်ပုံရပြီး ကျွန်ုတော်တို့မှာတော့ ခန့်ညားသည့် မိတ်ဆွေဖြစ်အောင် ကြိုးစားလျှက်ရှိသည် ဟု လော့ဆင်က ရေးသားထားကြောင်း တွေ့ရှိရသည်။

…    
ဖိလစ်ပိုင် နိုင်ငံခြားရေးဝန်ကြီး၏ ရေးသားချက်နှင့်ပတ်သက်၍ မှတ်ချက်ပေးရန် မနီလာအခြေစိုက် တရုတ်သံရုံးက လောလောဆယ် တုန့်ပြန်ခြင်း မရှိပါ။ 

ယခင် တရုတ်အာဏာပိုင်များကမူ ပိုင်ဆိုင်မှု အငြင်းပွား #ဝှိုက်ဆင်သန္တာကျောက်တန်း၌ ရောက်ရှိနေသည့် ရေယာဉ်များမှာ လှိုင်းလေပြင်းထန်လျှက်ရှိသော ပင်လယ်ပြင်မှ ဒုက္ခရောက်နေသူများကို ကယ်တင်နေသော ငါးဖမ်းသင်္ဘောများဖြစ်ကြောင်း ပြောဆိုသည်။

…  
ထိုအတွက် အမေရိကန်အနေဖြင့် ( ပေကျင်း၏) တောင်တရုတ်ပင်လယ်တွင် ရေကြောင်းစစ်ရေးဖိအားပေးမှုနှင့် ရင်ဆိုင်နေရသည့် မိတ်ဆွေဖြစ်သူ ဖိလစ်ပိုင်ဘက်မှ ရပ်တည်ကြောင်း၊ ယခင် ဖော်ပြခဲ့ဖူးသည့်အတိုင်း ပစိဖိတ်သမုဒ္ဒရာအတွင်း၌ ဖိလစ်ပိုင်တပ်မတော်၊ ဖိလစ်ပိုင်တို့ပိုင် ရေယာဉ်-လေယာဉ်တို့ကို လက်နက်ကိုင် တိုက်ခိုက်ခဲ့လျှင် အမေရိကန် – ဖိလစ်ပိုင်အပြန်အလှန်ကာကွယ်ရေးစာချုပ်အရ ကျွန်ုပ်တို့၏ တာဝန်များကို စတင်ရလိမ့်မည်ဖြစ်ကြောင်း#နိုင်ငံခြားရေးဝန်ကြီး_ အန်သိုနီဘလင်ကင်က မတ် ၂၈ ရက်နေ့၌ သတင်းထုတ်ပြန်ခဲ့သည်။

…   
နှစ်စဉ် ရေကြောင်းကုန်သွယ်မှု အမေရိကန်ဒေါ်လာ ထရီလီယံ ၃ ထရီလီယံခန့် ရှိနေသော တောင်တရုတ်ပင်လယ် တစ်ခုလုံးနီးပါးကို ၎င်းတို့ပိုင်ဆိုင်ကြောင်း တရုတ်က ကြေညာထားသည်။ အဆိုပါအချက်မှာ နိုင်ငံ တကာဥပဒေနှင့် မကိုက်ညီကြောင်း #သည်ဟိဂ်_အခြေစိုက်_အပြည်ပြည်ဆိုင်ရာတရားခုံရုံး #ICJ က ၂၀၁၆ -ခုနှစ်တွင် ဆုံးဖြတ်ခဲ့သည်။

…   
အငြင်းပွားမှုများ ပိုမိုဆိုးရွားလာစေနိုင်သည့် လှုပ်ရှားမှုတို့ကို ရပ်ဆိုင်းပေးရန် တရုတ်၏ တောင်းဆိုချက်ကို တုံ့ပြန်သည့်အနေဖြင့် တောင်တရုတ်ပင်လယ်ရှိ ၎င်း၏ အထူးသီးသန့် စီးပွားရေးဇုန် ( EEZ ) အတွင်း ရေကြောင်းဆိုင်ရာ လေ့ကျင့်မှုများကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တနင်္ဂနွေနေ့၌ ဖိလစ်ပိုင်က ကြေညာသည်။

…  
တရုတ်ကမ်းရိုးတန်းစောင့်တပ်သည် ဖိလစ်ပိုင်ကမ်းရိုးတန်းစောင့် ရေယာဉ်များအား နောက်ယောင်ခံလိုက်ခြင်း၊ တားဆီးပိတ်ဆို့ခြင်းနှင့် ရေဒီယိုစက်မှတဆင့် စစ်ဆေးမေးမြန်းခြင်းများ ပြုလုပ်လျှက်ရှိကြောင်း ဖိလစ်ပိုင် နိုင်ငံခြားရေးဝန်ကြီးဋ္ဌာနက တနင်္လာနေ့၌ သတင်းထုတ်ပြန်သည်။

…   
ဖိလစ်ပိုင်တွင် #သမ္မတ_ရိုဒရီဂိုဒူတာတီး စတင်တာဝန်ယူသည့် ၂၀၁၆ ခုနှစ်မှစ၍ တရုတ်နိုင်ငံသို့ သံတမန်ရေး ကန့်ကွက်မှု ၇၈ ခု ရှိခဲ့သည်။ ပေကျင်းထံမှ ရင်းနှီးမြှုပ်နှံမှု၊ အကူအညီနှင့် ချေးငွေ ဒေါ်လာဘီလီယံများစွာ တန်ဖိုးရှိသော ကတိများရရှိစေရန် ဒူတာတီးက တရုတ်နှင့် ပိုမိုရင်းနှီးသော ဆက်ဆံမှုကိုပြုလုပ်ခဲ့သည်။

…  
“တရုတ်က ကျွန်တော်တို့ရဲ့ အကျိုးဆောင်သူအဖြစ် တည်ရှိနေတုန်းပါပဲ။ တရုတ်နဲ့ ပဋိပက္ခရှိနေခြင်းဟာ ကျွန်တော်တို့မှာ ရိုင်းစိုင်းပြီး ရိုသေလေးစားမှု မရှိကြဘူးလို့ ဆိုလိုခြင်း မဟုတ်ပါဘူး.. ဒါကြောင့် ကျေးဇူးပြု၍ ကျွန်တော်တို့ရဲ့ ငါးဖမ်းသမား တွေကို ငြိမ်းချမ်းစွာ ငါးဖမ်းခွင့်ပြုပါ။ ပြဿနာဖြစ်စရာ အကြောင်းပြချက်မရှိဘူး “ ဟု ဒူတာတီးက ၎င်း၏ ရက်သတ္တပတ် တိုင်းပြည်သို့ အစီရင်ခံမိန့်ခွန်း တွင်ပြောကြားခဲ့သည်။

((ဒူတာတီးက သူ့လို လူမျိုးကို နိုင်ငံခြားရေးဝန်ကြီး ရွေး ခန့်ထားပုံရသည်။ တစ်တစ်ခွခွ ရှင်းရှင်းတဲ့တိုး ပြောတတ်ပုံ ချင်း သိပ်မကွာပါ။ တစ်ယောက်မဟုတ် တစ်ယာက်က ပြောနေသည်ချည့် ဖြစ်ပါသည်။   ။ သတင်းဘာသာပြန်သူ ))

(((CNN., May 4, 2021,” Philippine foreign minister tells China to ‘Get the F**k Out’ over South China Sea dispute.”ကို #HtayOung, #OungMarine ဆီလျော်အောင်ကောက်နှုတ်ဘာသာပြန်ဆိုသည်။)))

#ဖိလစ်ပိုင်_တရုတ်ကျူးကျော်မှု

https://edition.cnn.com/2021/05/03/asia/philippines-locsin-profanity-south-china-sea-intl-hnk/index.html 

+1

Leave a Reply

Your email address will not be published.