အွန်လိုင်းသတင်းမီဒီယာ အယ်ဒီတာချုပ်မှာ တရားမဝင် ကြွယ်ဝကြောင်း တွေ့ရှိရသဖြင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က တရားစွဲဆို၊ ဝင်ငွေရလမ်းဖော်ပြနိုင်ခြင်း မရှိပဲ ပြည်တွင်းနိုင်ငံခြားဘဏ်ခွဲကြီးများ၌ ငွေကြေး ၄.၂ သန်း ပိုင်ဆိုင်နေဟုဆို။

အွန်လိုင်းသတင်းမီဒီယာတစ်စောင်ဖြစ်သော bdnews24 ၏ အယ်ဒီတာချုပ်ဖြစ်သူ သိုဖီးမော်ဆီခါလစ်မှာ ဝင်ငွေရင်းမြစ်ကို ကျော်လွန်၍ စည်းစိမ်ဥစ္စာများ လက်ဝယ်တွေ့ရှိမှုဖြင့် ဘင်္ဂလားဒက်ရှ် အဂတိလိုက်စားမှုဥပဒေအရ တရားစွဲဆိုခြင်းခံရသည်ဟု ဘင်္ဂလားအခြေစိုက် Dhaka Tribune က ယနေ့ရေးသားသည်။ 


ကြသပတေးနေ့တွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၏ မသမာမှုစောင့်ကြည့်ရေးအဖွဲ့ ( ၁ ) လက်ထောက်ညွှန်ကြားရေးမှူးက တရားလိုအဖြစ် တရားစွဲဆိုရာ၌ ပြည်တွင်းအခြေစိုက်နိုင်ငံခြားဘဏ်ခွဲကြီးများ အပါအဝင် ဘဏ် ၄-ခုရှိ ခါလစ်ဖွင့်လှစ်ထားသော ငွေစာရင်းများတွင် တရားဝင် ရလမ်း ဖော်ပြနိုင်ခြင်းမရှိသော တာကာငွေ စုစုပေါင်းမှာ ၄.၂-သန်းရှိနေကြောင်း၊ 


အွန်လိုင်းသတင်းမီဒီယာအယ်ဒီတာချုပ်သည် တရားဝင်ပိုင်ဆိုင်ကြောင်း ပြသရန်အတွက် စာရွက်စာတမ်းအတုများကို ဖန်တီးခြင်းဖြင့် လိမ်လည်သည်ကို စစ်ဆေးတွေ့ရှိရသည့်အတွက် ၂၀၀၄-ခုနှစ် အဂတိလိုက်စားမှု တိုက်ဖျက်ရေး အက်ဥပဒေ ပုဒ်မ ၂၇ ( ၁ ) ကို ကျူးလွန်ရာ ရောက်ကြောင်း ဖော်ပြထားသည်ဆို၏။ 

  
ခါလစ်သည် ပိုင်ဆိုင်ကြောင်း ပြသရာတွင် ရှေ့နောက်မညီ မဆီလျှော်သည်ကို တွေ့ရှိရသဖြင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၏ စုံစမ်းစစ်ဆေးမှုသို့ လာရောက်ပူးပေါင်းရန်၊ ခါလစ်ကိုယ်တိုင်နှင့်“ bdnews24” ၏ တည်နေရာကို ဖျောက်ထားခြင်းအားဖြင့်“ ငွေအမြောက်အများကို လွှဲပြောင်းခြင်း”မှာ ပိုင်ဆိုင်မှုကို တရားမဝင်/မမှန်ကန်သောနည်းလမ်းဖြင့် ရည်ညွှန်းခြင်း မဟုတ်ကြောင်းရှင်းလင်းရန် နိုဝင်ဘာ ၅-ရက် ၂၀၁၉တွင် ဆင့်ခေါ်ခြင်းခံခဲ့ရသည်။

  
နိုဝင်ဘာလ ၂၆ ရက်နေ့တွင် ကော်မရှင်သည် ဒါကာဌာနချုပ်၌ ခါလစ်အား ၅-နာရီနီးပါး စစ်မေးခဲ့သော်လည်း စွပ်စွဲချက်များ မှန်ကန်ခြင်း မရှိကြောင်း ခါလစ်က ငြင်းဆိုခဲ့သည်။ ကော်မရှင်သည် ခါလစ်၏ အမှု့နှင့် ပတ်သက် ၍ နယူးယောက်အခြေစိုက် LR Manager Investments နှင့် အကျိုးတူပူးပေါင်းထားသော ဘင်္ဂလားဒက်ရှ် LR Global ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း၏ အမှုဆောင်အရာရှိချုပ်ကိုလည်း စစ်ဆေးမေးမြန်းခဲ့သည်။ 


အောက်တိုဘာလ ၂၀၁၉ ခုနှစ်တွင် စတော့ရှယ်ယာဈေးကွက်ထိန်းညှိရေး မန်နေဂျာက bdnews24 ၏ စာရွက်စာတမ်းများအကဲဖြတ်ရန်လိုအပ်သည့်အတွက် မီဒီယာ၏ ရင်းနှီးမြှုပ်နှံမှုများကို ရပ်ဆိုင်းခဲ့သည့်။ သက်ဆိုင်သူအားလုံးတို့အနေဖြင့် စည်းမျဉ်းစည်ကမ်းများနှင့် ကိုက်ညီမှု ရှိ-မရှိစစ်ဆေးပြီးစီးသည့်တိုင် ရင်းနှီးမြှုပ်နှံခြင်းမှရှောင်ရှားရန် သတင်းထုတ်ပြန်ခဲ့သည်။ 

LR Global သည် bdnews24 ၏ တာကာငွေ ၅-သန်းတန် အစုရှယ်ယာများအား ဝယ်ယူခဲ့သည်ကို ဘင်္ဂလား ဒက်ရှ် Securities and Exchange Commission က တွေ့ရှိကြောင်း၊ bdnews24 သည် အရင်းအနှီးဈေးကွက်တွင် စာရင်းမဝင်ကြောင်း သတင်းများ ထွက်ပေါ်သည်။ 


(( ကျွန်တော် တစ်ဦးတည်းအမြင်တွင် အကျင့်ပျက်ခြစားမှုသည် နိုင်ငံတစ်နိုင်ငံ၏ နိုင်ငံရေး-စီးပွားရေးဖွံ့ဖြိုး တိုးတက်မှု၏ ပြဒါးတိုင်ဖြစ်သည်ဟု ယူဆသည်။ အကျင့်ခြစားမှု နည်းလေလေ ပြည်တွင်းနိုင်ငံရေးတည်ငြိမ်၍ စီးပွားရေးတိုးတက်လေလေဖြစ်သည်။ ဥပမာ တရုတ်၊ အိန္ဒိယနှင့် စင်္ကာပူဖြစ်သည်။ 

  
သို့သော် သတင်းလွတ်လပ်ခွင့်တွင်မူ နိုင်ငံ ၁၈၀ တွင် တရုတ် ( ၁၇၇ ) သည်အဆိုးဆုံးဖြစ်၍ မတိမ်းမယိမ်းမှာ လော ( ၁၇၂ ) ဖြစ်သည်။ စင်္ကာပူ( ၁၅၈ ) ထက်လည်း အပုံကြီး ဆိုးရွားပြီး ထို ၃-နိုင်ငံလုံးပင် ၂၀၂၀-ခုနှစ် သတင်းမီဒီယာလွတ်လပ်ခွင့် ကမ္ဘာ့အဆိုးရွားဆုံး အနက်ရောင် စာရင်းဝင်များ ဖြစ်သည်။ မြန်မာနှင့် ကျန်အိမ်နီးချင်းနိုင်ငံများအားလုံးသည် အနီရောင်စာရင်းဝင်များဖြစ်ကြသည်။ မြန်မာသည် နိုင်ငံ ၁၈၀ တွင် ယခင်နှစ်ထက် ၁-မှတ်လျှော့ကာ ( ၁၃၉ )၊ ထိုင်း ( ၁၄၀ )၊ အိန္ဒိယ ( ၁၄၂ ) နှင့် ဘင်္ဂလားဒက်ရှ် ( ၁၅၁ ) ဖြစ်သည်။ 


သာမန်အားဖြင့် သတင်းလွတ်လပ်ခွင့်ရလေ အကျင့်ပျက်ခြစားမှုနည်းလေ ထင်ရသော်လည်း ထိုသို့မဟုတ်ကြောင်း ယခု ဘင်္ဂလားဒက်ရှ်သတင်းက ညွှန်ပြနေသလိုရှိတော့သည်။ 


ယခုနှစ်ပိုင်းများအတွင်း ဘင်္ဂလားဒက်ရှ်မီဒီယာလောက၌ ကပ်ဆိုက်လျှက်ရှိသည်ဟု မြင်ရပါသည်။ နိုင်ငံတော်အကြည်ညိုပျက်စေခြင်း၊ မဟုတ်မမှန်ရေးသားဖြန့်ဝေခြင်း၊ အသရေဖျက်ခြင်းစသည့် ပြစ်မှုကြောင်းဖြင့် တရားစွဲဆိုခံနေကြရသည်။ ၁၉၇၄-ခုနှစ် ဘင်္ဂလားဒက်ရှ်နိုင်ငံ ဝရုန်းသုန်းကားအခြေအနေတွင် မီဒီယာများအား အထူးကန့်သတ်ခဲ့ရာ လုံခြုံရေးအထူးဥပဒေအရ သတင်းသမားတစ်ဦးကို ရုံးတင် တရားစွဲဆိုခြင်းမရှိပဲ ရက်ပေါင်း ၁၂၀ ချုပ်နှောင်ထားခွင့် ရှိနေသည်။ 

လတ်တလောနှစ်များတွင် ဖမ်းဆီးခံရသော မီဒီယာသမားများမှာ ကျွန်တော်တို့ဆီက ဆက်သွယ်ရေး ဥပဒေနှင့် ခပ်ဆင်ဆင်တူသော “ ဒစ်ဂျစ်တယ် လုံခြုံရေးအက်ဥပဒေ “ ဖြင့် ဆွဲစိခံရခြင်းဖြစ်၍ လူမှုကွန်ရက်၌ သတင်းရေးသား ဖြန့်ဝေမှု့ကြောင့်ဖြစ်သည်။ 


အချို့ဆိုလျှင် ရက်အတန်ကြာ ပျောက်နေပြီး ဘင်္ဂလားဒက်ရှ်နယ်ခြားစောင့်တပ် BGB က ဖမ်းဆီးခံရမှ အိမ်နီးချင်း အိန္ဒိယသို့ ထွက်ပြေးရန် ကြိုးစားကြောင်း သိရှိရပါသည်။ ဘင်္ဂလားဒက်ရှ်တွင် မီဒီယာအား တရားစွဲဆိုမှု အများဆုံးမှာ ပုဂ္ဂလိကနှင့် အစိုးရမဟုတ်ပဲ နိုင်ငံရေးပါတီဖြစ်၍ ဘင်္ဂလားဒက်ရှ်တပ်မတော်က အများဆုံး ဖြစ်ကြောင်း၊ 

ဘက်လိုက်ရေးသားသည်ဟူသော စွပ်စွဲချက်ဖြင့် သတင်းထောက် အနည်းဆုံး ၂၃-ဦးတို့မှာ ဖမ်းဆီးခံရယုံမက အစိုးရ ထောက်ခံသူတို့၏ ဝိုင်းဝန်းရိုက်နှက်ခြင်းခံခဲ့ရရာ သတင်းမီဒီယာဆု ရရှိသူများပင် ပါဝင်ကြောင်း Reporters Without Borders “ နယ်စည်းမခြားသတင်းထောက်များအဖွဲ့” (RSF)က ဆိုပါသည်။ ။ သတင်းဘာသာပြန်သူ )) 

((( Dhaka Tribune., 30 July 2020, ACC prosecutes bdnews24.com Editor Toufique Imrose Khalidi over illegal wealth. By: Mamun Abdullah “ #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။ ))) 

  
#အွန်လိုင်းသတင်းမီဒီယာအယ်ဒီတာချုပ်မှာ #တရားမဝင် ကြွယ်ဝကြောင်းတွေ့ရှိ  #အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် #နယ်စည်းမခြားသတင်းထောက်များအဖွဲ့

https://www.dhakatribune.com/bangladesh/corruption/2020/07/30/acc-prosecutes-bdnews24-com-editor-toufique-imrose-khalidi-for-illegal-wealth 


https://tradingeconomics.com/country-list/corruption-rank 

https://rsf.org/en/ranking_table 


https://www.dhakatribune.com/bangladesh/court/2020/07/29/journalist-kajol-s-bail-petition-rejected-in-kamrangirchar-police-station-case 

https://rsf.org/en/news/prominent-bangladeshi-photojournalist-arrested-many-attacked 

0

Leave a Reply

Your email address will not be published.