အကြမ်းဖက်တိုက်ခိုက်ခံနေရခြင်းမှ အကာအကွယ်ပေးရန် ပြင်သစ်အစိုးရအား ပါရီရဲတပ်ဖွဲ့ဝင်တို့ ဆန္ဒပြ။ သမ္မတမက်ခွန်အစိုးရအား ရက်စက်ကြမ်းကြုတ်သော တရားဥပဒေစိုးမိုးရေးတွင် လူမျိုးရေးရဲတပ်ဖွဲ့ကို လက်ကိုင်တုတ်အဖြစ် အသုံးပြုနေဟု စွပ်စွဲ

လက်နက်ကိုင်ဆောင်ထားသော ဆူပူသူများ၏ အကြမ်းဖက်ခြင်းခံရပြီးနောက် ပြင်သစ်နိုင်ငံ ရဲတပ်ဖွဲ့ဝင်များ သည် ပါရီမြို့ပတ်ဝန်းကျင်ရှိ ၎င်းတို့ စခန်းအသီးသီးအပြင်ဘက်၌ ဆန္ဒပြလျှက်ရှိခြင်းဖြင့် မက်ရွန်အစိုးရနှင့် တရားဥပဒေစိုးမိုးရေး ရဲတပ်ဖွဲ့တို့အကြား ကာလရှည် တင်းမာမှုတို့ကို တွေ့မြင်ရသည်ဟု Russia Today က ယမန်နေ့ရေးသားသည်။

တနင်္လာနေ့တွင် ပါရီရဲဌာနချုပ်ရှေ့၌ ရဲတပ်ဖွဲ့ဝင်များက “ ရဲတပ်ဖွဲ့ကို တိုက်ခိုက်နေ၊ ပြည်သူလူထု ဘေးတွေ့ပေ  “ ဟု ဆိုင်းဘုတ်များ ကိုင်ဆောင်ကာ စုရုံးဆန္ဒပြခဲ့ကြသည်။ မကြာသေးမီက တိုက်ခိုက်မှုဖြစ်ပွားခဲ့သည့်   ချောပင်ညီဆူမာနီ ရဲစခန်းရှေ့တွင်လည်း ရဲတပ်ဖွဲ့ဝင်များက ရပ်လျှက်ဆန္ဒပြရာတွင် ၎င်းတို့ကိုင်ဆောင် ထား သော စက်ပစ်ကွင်းလေ့ကျင့်ရေးပစ်မှတ် ကားချပ်များ၌ “ သင့်လုံခြုံရေးမှာ တန်ဖိုးရှိပါသည်။ ကာကွယ်ပေးခြင်း နှင့် အသိအမှတ်ပြုရန် ကျွန်ုပ်တို့ အလိုရှိသည်“ ဟု စာတန်းများ ရေးသားထားသည်ကို တွေ့ရှိရသည်။

စနေနေ့ညတွင် ပါရီမြို့ဆင်ခြေဖုံးရှိ ချောပင်ညီဆူမာနီ ရဲစခန်းအား သံပိုက်လုံးနှင့် မီးရှူးမီးပန်းကိုင် ဆူပူသူ ၄၀ ခန့်က ညလုံးပေါက် ဝိုင်းဝန်းတိုက်ခိုက်ခဲ့သည်။ တိုက်ခိုက်မှုဖြစ်ပွားစဉ် ရဲစခန်းရှေ့၌ တာဝန်ကျရဲတပ်ဖွဲ့ဝင် နှစ်ဦး ရှိနေပြီး  လက်နက်ကိုင်အုပ်စုများ၏ တိုက်ခိုက်ခြင်း မခံရအောင် အဆောက်အအုံအတွင်း အမြန်ပြေးဝင်၍ ပြ တင်းနှင့် ဝင်ပေါက်များအား ပိတ်ဆို့တားဆီးခဲ့ရသည်။ ဆူပူသူ လူစုလူဝေးတို့သည် ရဲစခန်း၏ ဝင်ပေါက်ကို ထုနှက်ကြပြီး ရဲတပ်ဖွဲ့ပိုင် ယာဉ် ၅-စီးမှာလည်း ပျက်စီးခဲ့သည်။ ရဲစခန်းမှာလည်း အင်အားပြင်း မီးရှူးမီးပန်းများ ဖြင့် တရစပ်ပစ်ခတ်ခံခဲ့ရသည်။

ပြင်သစ်မီဒီယာများအရမူ အဆိုပါတိုက်ခိုက်မှုမှာ မော်တော်ဆိုင်ကယ်စီးနင်းမှုအား ရဲတပ်ဖွဲ့က စစ်ဆေးသည့် အတွက် လက်တုန့်ပြန်ခြင်းဖြစ်ကြောင်း မြို့တော်ဝန်၏ ပြောဆိုချက်အား ကိုးကားရေးသားကြသည်။

ယခုနှစ် စောစောပိုင်းမှစတင်၍ လူမျိုးရေးနှင့် ရက်စက်ကြမ်းကြုတ်သော တရားဥပဒေစိုးမိုးရေးကို လက်ကိုင် တုတ် အဖြစ်အသုံးပြုနေသည်ဟု စွပ်စွဲခံခဲ့ရသော  သမ္မတ အီမန်နူရယ်မက်ခွန်အစိုးရနှင့် ပြင်သစ်ရဲတပ်ဖွဲ့ အကြား စိတ်မသက်သာဖွယ် ဖြစ်ရပ်များ ကြီးထွားနေချိန်တွင် တပ်ဖွဲ့ဝင်များက ယခုကဲ့သို့ ကန့်ကွက်ခြင်း ဖြစ်သည်ဆို၏။

နိုင်ငံအတွင်းရှိ တပ်ဖွဲ့ဝင်များအား အကြမ်းဖက်လိမ့်မည်ဟု သံသယဖြစ်ဖွယ်တွေ့ရှိကြောင်း ပြင်သစ်ရဲယူနီယံက လပေါင်းများစွာ ကြာအောင် သတိပေးခဲ့သည်။ စနေနေ့ တိုက်ခိုက်မှုမတိုင်မီ ရက်အနည်းငယ်အလို၌ ပါရီမြို့ ဆင်ခြေဖုံးတွင် အရပ်ဝတ် ရဲတပ်ဖွဲ့ဝင် ၂-ဦးအား ၎င်းတို့၏ မော်တော်ယာဉ်အတွင်းမှ ဆွဲထုတ်ခံခဲ့ရသည်။ ရဲတပ်ဖွဲ့ဝင်များမှာ ကိုယ့်လက်နက်နှင့် ပြန်လည်ပစ်ခတ်ခြင်းများ အကြိမ်ပေါင်းများစွာ ဖြစ်ပွားခဲ့ပြီး တပ်ဖွဲဝင် တစ်ဦးမှာ စိုးရိမ်ရသော အခြေအနေ၌ ရှိနေဆဲဖြစ်သည်။

ပြီးခဲ့သည့် အောက်တိုဘာလတွင် ဘတ်ဂျက်ဖြတ်တောက်ခြင်းမှာ တပ်ဖွဲ့၏ လှုပ်ရှားနိုင်စွမ်းကို ကန့်သတ်ရာ ရောက်သည့်အတွက်  ပြင်သစ်ရဲတပ်ဖွဲ့ဝင်များ၏ ‘March of Anger’  စုရုံးကန့်ကွက်မှု ဖြစ်ပွားခဲ့သည်။ လွန်ခဲ့ သည့်နှစ် အစီရင်ခံစာတစ်ရပ်၌မူ ပြင်သစ်ရဲတပ်ဖွဲ့မှာ အလုပ်ဒါဏ်ဖိစီးခြင်းကို ခံစားနေရပြီး မိမိကိုယ်မိမိ သတ် သေခြင်းများ ကပ်ရောဂါသဖွယ် ပြန့်နှံ့လျှက်ရှိကြောင်း ဖော်ပြထားကြောင်း သိရှိရသည်။

#ပြင်သစ်ရဲတပ်ဖွဲ့ #လူစုလူဝေးဖြင့်_ပါရီရဲစခန်းအကြမ်းဖက်ခံရ

 ((( Russia Today., 12 Oct, 2020, “‘We want protection’: French cops stage protest after violent mob attacks police station in Paris suburb.” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်. ))

https://www.rt.com/news/503249-paris-police-protest-violence-france/?utm_source=browser&utm_medium=aplication_chrome&utm_campaign=chrome&fbclid=IwAR1X7Sp9RxdbzBHcgfkq-O9TptU4HTcZMwBwkSlY_oUTMQUK-5yO0cbOEeU

https://www.rfi.fr/en/wires/20201012-fireworks-attack-french-police-sparks-protest

0

Leave a Reply

Your email address will not be published.