ဤပုံကိုကြည့်ပါ ။ အဝေးကပင် မြင်နိုင်ပါသည်

အိန္ဒိယနိုင်ငံသည် ယနေ့နံနက်အထိ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ စုစုပေါင်း ၄,၀၂၃,၁၇၉ ( ၄-သန်းကျော် ) လာပြီး နေ့စဉ်ကူးစက်မှုနှုန်းထားအရ နိုင်ငံတကာ ဒုတိယအများဆုံး ဘရာဇီးအား ၂၄-နာရီအတွင်း ကျော်ဖြတ်သွားတော့မည်ဖြစ်သည်။

သောကြာနေ့နံနက်အထိ အိန္ဒိယတွင် ၂၄-နာရီအတွင်း ကူးစက်ခံရသူ ၈၃,၃၄၁-ဦး ရှိနေပြီး ကူးစက်မှု နေ့စဉ်ပုံမှန်တိုးမြင့်လျှက်ရှိသဖြင့် နိုင်ငံတကာကူးစက်ခံရမှုအများဆုံး အမေရိကန်ကို အမှီလိုက်နေသယောင်ရှိသည်ဟု Dhaka Tribune က ယမန်နေ့ရေးသားသည်။

အိန္ဒိယ၏ တင်းကြပ်သော Lock down တားဆီးပိတ်ဆို့ခြင်းဆိုသည်မှာ သံသယဖြစ်ဖွယ်မရှိချေ။ သို့သော် ပြည်နယ်အစိုးရများ၏ စီးပွားရေးနလံထူစေရန် အားသွန်ဆောင်ရွက်မှုများမှာ ကူးစက်မှုတားဆီးရေးကန့်သတ်ချက်များကို အားလျှော့စေသည်။ အိန္ဒိယမြို့ကြီးများ၏ လူနေထူထပ်ခြင်း၊ လူနေမှုပုံစံနှင့် ကူးစက်ခံရသူများအား နောက်ကြောင်းပြန်ခြေရာကောက်ရန် ခက်ခဲခြင်းတို့မှာ ပြဿနာဖြစ်လျှက်ရှိနေသည်။

Lock down ကာလ မြို့ပြဧရိယာများ၌သာ အများဆုံးတွေ့ရသော ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုသည် တားဆီးပိတ်ဆို့ခြင်းများကို ဖြေလျှော့ပေးသည့် လွန်ခဲ့သည့် ရက်သတ္တပတ်များအတွင်း ကျေးလက်ဒေသများသို့ ပြန်နှံ့လာခဲ့သည်။

ဘင်္ဂလားဒက်ရှ်တွင်လည်း သောကြာနေ့ တစ်ရက်တည်း၌ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၁၉၂၉-ဦး၊ သေဆုံး သူ ၂၉-ဦးရှိနေကြောင်း Xinhua က ယမန်နေ့ရေးသားသည်။

ယခင်ရက်သတ္တပတ်၌မူ နေ့စဉ် သေဆုံး ၄၀-ဦးခန့်၊ ကူးစက်ခံရသူ ၄,၀၀၀ ဝန်းကျင်ရှိနေဆဲဖြစ်ပြီး ကူးစက်မှု များမှာ နယ်စပ်ဒေသများတွင် အများဆုံးတွေ့ရကြောင်း ဘင်္ဂလားဒက်ရှ် ကျန်းမာရေးဝန်ဆောင်မှု အထွေထွေ ဦးစီးဌာန ( DGHS ) က ပြောဆိုခဲ့သည်။

(( ယခုရက်များအတွင်း ကျွန်တော်တို့ဆီတွင် Covid-19 ကူးစက်ခံရသူအရေအတွက် သိသာစွာမြင့်မားလာကြောင်း တွေ့ရပါသည်။ သွားလာရောင်းဝယ်မှု ဆုံရာဖြစ်သော ရန်ကုန်တိုင်းနှင့် အနောက်တံခါး၀ ရခိုင်ပြည်နယ်တွင် ကူးစက်မှုအရေအတွက် မတိမ်းမယိမ်းဖြစ်နေသည်မှာ စိတ်ဝင်စားဖွယ်ကောင်းသည်။

မငြိမ်မသက်ဖြစ်နေသော ရခိုင်ပြည်နယ်တွင် ရောဂါစစ်ဆေးမှု မည်မျှကျယ်ကျယ်ပြန့်ပြန့် လုပ်နိုင်မည်ဆိုခြင်းနှင့် လူအဝင်အထွက် စစ်ဆေးကြပ်မတ်နိုင်မှုမှာ တွေးကြည့်လျှင် အတော် စိတ်မသက်သာစရာဖြစ်သည်။

Pandemic ခေါ် ကူးစက်ကပ်ရောဂါဆိုသည်မှာ ရက်ပိုင်းအတွင်း လူတစ်ဦးမှ လူပေါင်း ရာချီကူးစက်နိုင်သည်။

ကျွန်တော့်အနေဖြင့် နေ့စဉ် နိုင်ငံတကာ ထူးခြားသတင်းများကို လက်လှမ်းမီသမျှ ဘာသာပြန်ဆို ဖော်ပြခဲ့ရာတွင် အိန္ဒိယ အထူးသဖြင့် ဘင်္ဂလားဒက်ရှ်နိုင်ငံ၏ ကိုရိုနာဗိုင်းရပ်စ်ရောဂါအခြေအနေအကြောင်း ရက်ခြား ဆိုသလို ပါဝင်ခဲ့သည်။

ထို့ကြောင့် ခိုးဝင်များကြောင့် ကူးစက်ရသည်ဟု အပေါစား မဲဆွယ်ခြင်းမျိုးကို ရှုတ်ချပါသည်။

မြေပြင် ပကတိ အခြေအနေကို ကောင်းစွာ သိနိုင်သူတို့ကလည်း ဆန္ဓာဂတိ လိုက်စားနေမည်ဆိုလျှင် ကူးစက်မြန် ကိုရိုနာဗိုင်းရပ်စ်ရောဂါသည် သင့်အိမ်တံခါးအား ခေါက်လျှက်ရှိကြောင်း၊

အထူးသဖြင့် လူသိများထင်ရှားသူများသည် ကိုယ့်သမိုင်း ကိုယ်ရေးနေခြင်းဖြစ်ကြောင်း သတိပေးလိုပါသည်။ ။ သတင်းဘာသာပြန်သူ ))

https://www.dhakatribune.com/health/coronavirus/2020/09/04/rising-fear-as-covid-19-numbers-skyrocket-in-india

http://www.xinhuanet.com/english/2020-09/04/c_139342976.htm

https://gisanddata.maps.arcgis.com/apps/opsdashboard/index.html?fbclid=IwAR0tOhUl59T4ql89uyu8fgwqjI3F4AOGGL5U8M_s5RQurA0mqtzgoGJlcVE#/bda7594740fd40299423467b48e9ecf6

https://www.worldometers.info/coronavirus/

0

Leave a Reply

Your email address will not be published.