ဥရောပသမဂ္ဂမှမဟုတ်သော နိုင်ငံသားများအားလုံး ဥရောပတိုက်သို့ဝင်ရောက်ခြင်း မပြုရန် ရက်ပေါင်း ၃၀ တားမြစ်။ ဂလိုဘယ်လိုက်ဇေးရှင်း အသက်ငင်ခြင်းနှင့် “နိုင်ငံ” အယူအဆ အစပျိုးခြင်း

နောက်ဆုံးပေါ် Covid-19 ကိုရိုနာဗိုင်းရပ်စ်စွဲကူးစက်ကပ်ရောဂါကျရောက်မှုကြောင့် အမေရိကန်၌ သေဆုံးသူ ၁၀၀ ကျော်လာချိန်တွင် အဖွဲ့ဝင်မဟုတ်သော နိုင်ငံများမှ နိုင်ငံသားများအားလုံးတို့ကို ရက်ပေါင်း ၃၀ ကြာမျှ ဥရောပတိုက်သို့ဝင်ရောက်ခြင်း မပြုရန် ဥရောပသမဂ္ဂက တားမြစ်လိုက်သည်ဟု South China Morning Post က ယနေ့ရေးသားသည်။

ရက်စက်စွာ ထိုးနှက်လျှက်ရှိသော ကိုရိုနာဗိုင်းရပ်စ်စွဲ ကူးစက်ကပ်ရောဂါအား ရပ်တန့်ရန် ဥရောပသမဂ္ဂ အနေဖြင့် ၎င်းတို့နယ်နိမိတ်အသီးသီးကို ပိတ်ပင်ရန် ဖြစ်ပေါ်လာသည်။ ကပ်ရောဂါကြီးထွားကျယ်ပြန့်လာခြင်း ကြောင့် အထိနာလျှက်ရှိသော လေကြောင်းလိုင်းများနှင့် အလုပ်သမားများအား ကယ်ဆယ်ရန် ဒေါ်နယ်ထရမ့် အစိုးရက စီစဉ်လျှက်ရှိသည်။ တစ်ချိန်တည်းမှာပင် ကပ်ရောဂါကြောင့် ကသောင်းကနင်းဖြစ်လျှက်ရှိသည့် ကမ္ဘာ့စီးပွားရေးအား ဒေါ်လာဘီလျှံပေါင်း များစွာ အသုံးပြု၍ ကယ်ဆယ်ရန် အင်္ဂါနေ့၌ အမေရိကန်က ဦးဆောင် အဆိုပြု လိုက်သည်။ မေရီလန်းပြည်နယ်သည် အမေရိကန်ပြည်တွင်း၌ သမ္မတရွေးကောက်ပွဲအကြိုလှုပ်ရှားမှု့ များအားလုံးကို ရပ်တန့်ရသည့် နောက်ဆုံးပြည်နယ်ဖြစ်လာပြီး သတ်မှတ်ချိန်အတွင်း အပြင်မထွက်ရအမိန့် ထုတ်ပြန်ရန် အာဏာပိုင်များက ချိန်ဆလျှက်ရှိသည်။ သြစတေးလျကမူ ၎င်းနိုင်ငံသားအားလုံးတို့ကို ပြည်ပသို့ ခရီးသွားလာခြင်းမှ တားမြစ်လိုက်သည်။

ပြီးခဲ့သည့်နှစ်နှောင်းပိုင်းတွင် တရုတ်နိုင်ငံ၌ပထမဆုံးဖြစ်ပွားခဲ့သော ရောဂါသည် ယခုအခါ ကမ္ဘာတစ်ဝှမ်းလုံး၌ လျှင်မြန်စွာပျံ့နှံလာသဖြင့် လူပေါင်း ၂၀၀,ဝဝဝ နီးပါး၌ ဗိုင်းရပ်စ်ပိုး ကူးစက်လျှက်ရှိပြီး ၈,၀၀ဝ နီးပါး သေဆုံး ခဲ့သည်။ လတ်လောရက်သတ္တပတ်များအတွင်း အာရှတွင် ကိုရိုနာဗိုင်းရပ်စ်စွဲရောဂါဖြစ်ပွားမှုအများဆုံး တရုတ်နှင့် တောင်ကိုရီးယားတို့၌ ကူးစက်မှုအသစ်များနှင့် သေဆုံးမှုများမြင့်တက်လာသည်ကိုတွေ့ရှိရသည်။ သို့သော် တရုတ်နိုင်ငံတွင်မူ ပြည်တွင်း၌ဖြစ်ပွားသည့် ရောဂါကူးစက်မှုတစ်ခုသာလျှင်တွေ့ရပြီး ကျန်အများစုမှ ရောဂါ ဖြစ်ပွားမှုမြင့်မားလျှက်ရှိသော ပြည်ပနိုင်ငံများမှ ဝင်ရောက်လာသူများဖြစ်သည်။

ကူးစက်ကပ်ရောဂါသည် ရောဂါဖြစ်ပွားမှုထိရှလွယ်ပြီး ကျန်းမာရေးစောင့်ရှောက်မှု အားနည်းသည့် အာဖရိက တွင် ကိုရိုနာဗိုင်းရပ်စ်စွဲကပ်သူပေါင်း ၄၀၀ ကျော်တွေ့ရှိနေရသည်။ တောင်အမေရိကတိုက်တွင် ဗိုင်းရပ်စ် ကူးစက်ခံရသူ ၁,၁၀၀ ကျော်ရှိနေပြီး အင်္ဂါနေ့၌ လူဦးရေအများဆုံး ဘရာဇီးနိုင်ငံတွင် သေဆုံးသူတစ်ဦး စတင်တွေ့ရှိသည်။

(( Covid-19 ရောဂါကူးစက်ပျံ့နှံ့လျှက်ရှိသော ကျွန်တော်တို့၏ ကမ္ဘာကြီး၏ နိုင်ငံအသီးသီးတွင် ရက်ပေါင်း ၃၀-မျှ ကိုယ့်ဖာသာ တားဆီးကန့်သတ်မှုများပြုလာကြသည်ကိုတွေ့ရပါသည်။ အထူးသဖြင့် အမေရိကန်နှင့် ဥရောပ တို့မှာ ကမ္ဘာ့စီးပွားရေးအဓိကမောင်းနှင်ရာကြီး၏ ၃-ပုံ ၂-ပုံနီးပါးမျှ အင်အားရှိသည်ကို သတိပြုရပါမည်။

ရောဂါကပ်ကျရောက်မှုကာလ မည်မျှကြာမည်ကို မည်သူမျှအတိအကျမသိရှိကြပါ။ သို့သော် ချမ်းသာပြီး နည်း ပညာရှေ့ဆောင်နိုင်ငံများကိုယ်တိုင် ဗိုင်းရပ်စ်ပိုးနှိပ်စက်ခြင်းကို အလူးအလဲ ခံနေရကြောင်း တွေ့မြင်ရပါသည်။ ထိုအတွက်နှင့်လည်း ကပ်ရောဂါကျရောက်ခြင်းမှ အမြန်ဆုံးလွတ်မြောက်စေမည့် ကာကွယ်ဆေး-ကုသဆေး ရရှိရန် ထိုနိုင်ငံများကပင် နေ့မအား ညမအား ပြင်းထန်စွာ ကြိုးစားရတော့မည်ဖြစ်ကြောင်း သေချာနေပါသည်။

ကျွန်တော်များ ဆင်းရဲသောနိုင်ငံငယ်တို့ကမူ ၎င်းတို့ တီထွင်ထုတ်လုပ်သည့် ဆေးဝါးများကို စောင့်မျှော်ရန် သာရှိသည်။ #ကပ်ရောဂါကျရောက်လျှင် #ဆင်းရဲသောနိုင်ငံငယ်များမှာ #အသေအပျောက်အများဆုံး ဖြစ် တတ်သည်ကိုလည်း အလေးအနက် တားဆီးကာကွယ်ရန်သာရှိပါသည်။ ရောဂါကပ်ကျရောက်သဖြင့် #နိုင်ငံတကာစီးပွားရေးကျဆင်းမှု ဂယက်ရိုက်ခတ်မည်ဖြစ်ရာ ရေရှည်မျှော်၍ ကြိုတင်စီမံကြရမည်ဖြစ်သည်။ အချိန်တိုအတွင်း ကမ္ဘာ့စီးပွားရေး နလံထူလာအောင် အင်အားကြီးနိုင်ငံတို့က ဦးဆောင်ကြပါလိမ့်မည်။ သို့သော် ဒါဏ်ရာဒါဏ်ချက် ပြေပျောက်သည်အထိ လပေါင်းများစွာ ကြာမြင့်နိုင်သည်။

လူသည် ပတ်ဝန်းကျင်အား စိုးမိုး၍ တစ်ခါတစ်ရံ ပတ်ဝန်းကျင်က လူကို စိုးမိုးသည်။ ဒဿ-အတွေးအခေါ်- အယူအဆဆိုသည်မှာ ပတ်ဝန်းကျင်က လူအပေါ်ရိုက်ခတ်မှုကို ခံစားရာမှ တုန့်ပြန်မှုဟု ဆိုနိုင်ပါသည်။ အများစုလူထုကြီး၏ ခံစားတုန့်ပြန်မှုသည် ထိုသူတို့ အိုးအိမ်ထူထောင်နေရာနိုင်ငံ၏ နိုင်ငံရေးအမြင်-နိုင်ငံခြား ရေးပေါ်လစီဖြစ်လာတတ်သည်။

ကိုရိုနာဗိုင်းရပ်စ်စွဲ ကပ်ရောဂါကြောင့် ကမ္ဘာ့နိုင်ငံအသီးသီးတို့ သောက-ဒုက္ခတစ်ပြေးညီခံစားရာမှ #ဂလိုဘယ်လိုက်ဇေးရှင်းအယူအဆ မှေးမှန်သွားဖွယ်ရှိသည်။ #ရွှေ့ပြောင်းသွားလာသူအရေး ကြုံရစဉ်ကတည်းက ခပ်လှုပ်လှုပ်ဖြစ်နေသာ #လစ်ဘရယ်အယူအဆမှာ ပိုမိုလူကြိုက်နည်းသွားဖွယ်ရှိသည်။ #ဒီမိုကရေစီသည် သက်ဆိုင်ရာနိုင်ငံအတွင်းအသီးသီး၌သာ ကန့်သတ်သည့်အနေအထားဖြင့် ဆက်လက်တည်ရှိနေနိုင်သည်။

ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါအလွန်ကမ္ဘာသည် ၁၅ ရာစု ရောမအင်ပါယာပြိုကွဲပြီးနောက်ပိုင်း အနေအထားနှင့် ခပ်ဆင်ဆင်တူလာမည်ဖြစ်သည်။ နိုင်ငံဟုဆိုကြသည့် နယ်မြေကြီးတစ်ခုအတွင်း အိုးအိမ်ထူထောင်နေထိုင်ကြ သူတို့၏ စည်းလုံးညီညွတ်ခြင်း၊ အလေးအနက်ထားခြင်းတို့ကို အခြေခံသည့် လူထု-လူတန်းစားအမြင်-ဝါဒများ ထွန်းကားလာဖွယ်ရှိကြောင်း နိုင်ငံတကာမီဒီယာကြီးအချု့ိမှ နိုင်ငံရေးလေ့လာသူတို့၏ အကြိုဟောကိန်းကို ပြန်လည်ဖောက်သည်ချလိုက်ရပါသည်။ ။ သတင်းဘာသာပြန်သူ ))

((( South China Morning Post ., March 18, 2020, “Coronavirus latest: Europe shuts borders; Trump says ‘going big’ with US$1 trillion stimulus “ ကို #HtayOung, #OungMarine ဆီလျော် အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။ )))

https://www.scmp.com/news/world/united-states-canada/article/3075645/coronavirus-latest-trump-administration-seeks-us850

#ကိုရိုနာဗိုင်းရပ်စ်ဥရောပရက်ပေါင်၃၀ #ဂလိုဘယ်လိုက်ဇေးရှင်း

9+

Leave a Reply

Your email address will not be published.