ကိုဗစ်-နိုင်တင်းရောဂါဖြင့် ဝေဒနာခံစားရလျှက်ရှိသော လူနာများအား အထူးကြပ်မတ်ကုသရေးယူနစ်သုံး မရှိမဖြစ်ဆေးဝါးနှင့် ပစ္စည်းကိရိယာများ မကြာမီကုန်ခမ်းတော့မည်ဖြစ်ရာ အချို့ဆိုပါလျှင် ရက်သတ္တ ၂-ပတ်မပြည်မီ ကုန်ခမ်းသွားဖွယ်ရှိကြောင်း ဥရောပဆေးရုံများက သတိပေးလိုက်သည်ဟု Russia Today က ယနေ့ရေးသားသည်။
European University Hospital Alliance ဥရောပတက္ကသိုလ်ဆေးရုံများ မဟာမိတ်အဖွဲ့ EUHA
၏ သတင်းထုတ်ပြန်ချက်တွင် အထူးကြပ်မတ်ကုသပေးနေရသည့် လူနာများအတွက် ကုသခန်းသုံး
ventilators လေပေးစက်များနှင့် ကျန်းမာရေးဝန်များအတွက် တစ်ကိုယ်ရည်သုံး ပိုးမွှားကာကွယ်ရေးဝတ်စုံ
( PPE ) တို့ ပိုမိုလိုအပ်လျှက်ရှိကြောင်းလည်းပါဝင်သည်။ ဥရောပအစိုးရတို့အနေဖြင့် ဆေးဝါးနှင့်ပစ္စည်းများထောက်ပံ့ရေးအတွက်
အလေးထား ပူးပေါင်းညှိနှိုင်း ကြရန် တိုက်တွန်းထားသည်ဆို၏။
EUHA အဖွဲ့ဝင်များ ကောက်ယူရရှိသည့် စစ်တမ်း၌ ကြွက်သားများ၏ တင်းအားလျှော့စေသောဆေး၊ စိတ်ငြိမ်ဆေးနှင့် အကိုက်အခဲပျောက်ဆေးများမှာ မလုံမလောက်ဖြစ်နေပြီး၊ ကြူံသလို ပြန်လည်ဖြည့်တင်းသည့်တိုင် အလျှင်အမြန် ကုန်ခမ်းလျှက်ရှိကြောင်း ဖော်ပြထားသည်။ ယခုသုံးစွဲနှုန်းအရဆိုလျှင် လူနာအများဆုံးလက်ခံ ကုသပေးနေရသော ဆေးရုံအချို့တွင် ၂-ရက်စာမျှသာ ကျန်ရှိတော့ကြောင်း သိရှိရသည်။
အခြေအနေအရ ဥရောပတစ်လွှားဆေးရုံများမှာ အခြားဆေးဝါးများကို ပြောင်းလဲ ဝယ်ယူခဲ့ရသည်။ အတွေ့အကြုံနည်းပါးသော သူနာပြုများနှင့် လေ့ကျင့်သင်ကြားပေးရသည့်ဆရာဝန်လိုအပ်ချက်၊ အချိန်ပိုကြာမြင့်စွာ တာဝန်ထမ်းဆောင်ရခြင်း ကွာဟချက်၊ ယခင် မသုံးဖူးသော ဆေးချိန်ပမာဏနှင့် ဆေးဝါးပစ္စည်းတို့အတွက် အလွန်အမင်းစိုးရိမ်ပူပန်ရကြောင်း၊ အချို့သောနိုင်ငံများသည် ဆေးဝါးနှင့် ပစ္စည်းအချို့ကို ပြည်ပသို့တင်ပို့ရန် ငြင်းဆန်ထားသဖြင့် အခြားနိုင်ငံများမှာ ပြတ်လပ်လျှက်ရှိသောဆေးဝါးများရရှိရန် အတားအဆီးဖြစ်လျှက်ရှိကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။
ပြင်သစ်နိုင်ငံက ခွဲစိတ်ခန်းသုံး မျက်နှာဖုံးများ အရေးတကြီးလိုအပ်လျှက်ရှိရာ လေယာဉ်ဖြင့်
တင်ဆောင်ပြီးသား တရုတ်လုပ်မျက်နှာဖုံးများကို လေယာဉ်ကွင်းတွင် အမေရိကန်က ကြားဖြတ်ရယူခဲ့ကြောင်း
ပြင်သစ်ဒေသန္တရ အရာရှိတစ်ဦးက ပြောဆိုသည်ဟု Russia Today အခြားသတင်းတစ်ပုဒ်၌ တွေ့ရှိရသည်။
ပြင်သစ်နိုင်ငံအတွက်လိုအပ်သောလိုအပ်နေသည့်မျက်နှာဖုံးများကိုဝယ်ယူရန်တရုတ်နိုင်ငံသို့လှည့်လာခဲ့ရသည်။
အရေးပေါ်အခြေအနေ ဆေးဝါးကုသမှုနှင့် ဆေးဝါးကိရိယာလိုအပ်မှုဆိုင်ရာ ဥပဒေကို ပြင်သစ်လွှတ်တော်က
ပြဋ္ဌာန်းပြီးနောက် ဒေသန္တရအာဏာပိုင်တို့အနေဖြင့် တရုတ်နိုင်ငံထံမှ ခွဲစိတ်ခန်းသုံး မျက်နှာဖုံး
ခုရေသန်း ၆၀ ကို ဝယ်ယူရန် ကုန်မှာစာ ပေးပို့ခွင့်ရရှိခဲ့သည်။
တရုတ်က ထုတ်လုပ်သည့် အဆိုပါ မျက်နှာဖုံးများမှာ ပြင်သစ်သို့ ကြာသပတေးနေ့ ညနေတွင် ရောက်ရှိလာရမည်ဖြစ်သည်။
သို့ရာတွင် မျှော်လင့်မထားသည့် သယ်ယူပို့ဆောင်ရေးဆိုင်ရာ အတားအဆီးများကြောင့် ပြင်သစ်သို့
ပျံသန်းရန်မဖြစ်နိုင်ပဲ တရုတ်နိုင်ငံတွင် လောလောဆယ် စောင့်ဆိုင်းနေရသည်။ ၎င်း လေယာဉ်တင်ကုန်ပစ္စည်းများကို
လေယာဉ်ကွင်းတွင် လက်ငင်းငွေချေစံနစ်ဖြင့် အမေရိကန်က မိတ်ဆွေကောင်း မပီသစွာ ရယူသွားခြင်းဖြစ်ကြောင်း
အဲ့လ်ပ်ခရိုင်တောင်အာရှကောင်တီ အုပ်ချုပ်ရေးမှူး ရေနိုးမူဆယ်လီယာက ပြောဆိုသည်။
(( အမေရိကန်နိုင်ငံ ယခုကဲ့သို့ ကမ္ဘာ့ထိပ်တန်း ချမ်းသာလာရခြင်းမှာ ဒုတိယကမ္ဘာစစ်ကြောင့်ဖြစ်သည်။ ဥရောပ-အာဖရိကနှင့် အရှေ့အလယ်ပိုင်းတိုင်အောင် မီးတောက်လောင်နေခိုက် အမေရိကန်ပြည်ထောင်စုအတွင်း ကမ္ဘာစစ်ကြောင့် ကျည်တစ်တောင့် မကျခဲ့ချေ။
စစ်ကြောင့် ကုန်ထုတ်လုပ်မှုပျက်ပြားခြင်းနှင့် အရေးတကြီးလိုအပ်သော စစ်သုံးနှင့် အရေးပေါ် ပစ္စည်းကိရိယာများ အလျှံပယ်ရောင်းချနိုင်ခြင်းကြောင့် တစ်ကမ္ဘာလုံး ရှိသမျှ ငွေပေါင်ရွှေစင်တို့မှာ အမေရိကန်ထံ စုမိသွားသည်။
မိမိနိုင်ငံ၌ ၂၄ နာရီအတွင်း နိုင်ငံသား တစ်ထောင်မျှ သေဆုံးနေပြီး မဖြစ်မနေလိုအပ်သော ဆေးဝါးပစ္စည်းများ မလောက်မငှ ဖြစ်လာလျှင် လက်ပူတိုက်ဖြေရှင်းကြမည့် အင်အားကြီးနိုင်ငံတို့အရေးမှာ စိတ်ဝင်စားဖွယ်ဖြစ်သည်။ ။ သတင်းဘာသာပြန်သူ ))
((( Russia Today., 2 Apr, 2020 , “ European hospitals ‘running out’ of essential ICU meds for Covid-19, group warns.” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆို သည်။ )))
#ကိုရိုနာဗိုင်းရပ်စ်ဥရောပဆေးရုံဆေးဝါးပြတ်လပ် #ကိုဗစ်-နိုင်တင်းပြင်သစ်အတွက်မျက်နှာဖုံးများအမေရိကန်ကြားဖြတ်ရယူ
https://www.rt.com/news/484787-europe-hospitals-icu-medicines-low/
https://www.rt.com/news/484723-us-france-face-masks/