ဥရောပ ၂၇-နိုင်ငံ ခေါင်းဆောင်များ ၆-နာရီကြာ ဗွီဒီယိုကွန်ဖရင့်ပြုလုပ်။ ကိုရိုနာဗိုင်း ရပ်စ်စွဲ ကူးစက်ကပ်မှ ပြန်လည်ထူထောင်ကြရန် သဘောတူ။ ကူးစက်ရောဂါသည်ပင်လျှင် ပတ်ဝန်းကျင် ညစ်ညမ်းမှုလျှော့ချရေးရည်မှန်းချက်အား သွေဖီစေလိမ့်မည်ဟု ပိုလန်သတိပေး

ကိုရိုနာဗိုင်းရပ်စ်စွဲ ကူးစက်ကပ်ရောဂါကျရောက်လျှက်ရှိသည့် ဥရောပသမဂ္ဂအဖွဲ့ဝင် ၂၇-နိုင်ငံမှ ခေါင်းဆောင် များသည် ၆-နာရီကြာ ဗွီဒီယိုကွန်ဖရင့်ပြုလုပ်ပြီးနောက် ရာသီဥတုပြောင်းလဲမှုကို တိုက်ဖျက်ခြင်းဖြင့် စီးပွားရေး ပြန်လည်ထူထောင်မည့် ရည်မှန်းချက်ကို လိုက်နာသင့်ကြောင်း ကြာသပတေးနေ့ညနေပိုင်း၌ သဘောတူညီကြ သည်ဟု Reuters အား ကိုးကားလျှက် Dhaka Tribune က ရေးသားသည်။

ရည်မှန်းချက်အစီအစဉ်အား အသေးစိတ် ထုတ်ဖော်ပြောကြားခြင်းမရှိပါ။ သို့သော် သတင်းထုတ်ပြန်ချက်တွင် “ မြစိမ်းရောင် အကူးအပြောင်း “ ဟု ဥရောပသမဂ္ဂက ခေါ်ဝေါ်သည့် ကမ္ဘာမြေပူနွေးစေသော ထုတ်လွှတ်မှု လျော့ချရေး ရည်မှန်းချက်အား ဖော်ပြထားသည်ကို တွေ့ရှိရသည်။  

အီးယူအဖွဲ့ဝင် ၂၇-နိုင်ငံ၏ အလုပ်အမှုဆောင်ကော်မရှင်သည် ဇွန်လတွင် ထိပ်သီးအစည်းအဝေးပြုလုပ်၍  လာမည့် ၂၀၅၀-ခုနှစ်၌  ဖန်လုံအိမ်အာနိသင်ဓါတ်ငွေ့ မျှခြေဖြစ်ရေးကို သဘောတူလက်မှတ်ရေး ထိုးကြမည် ဖြစ်သည်။ သို့သော် ပိုလန်က အဆိုပါသဘောတူညီချက်အား လိုက်နာရန်ဆန္ဒမရှိကြောင်း သိရှိရသည်။

ကိုရိုနာဗိုင်းရပ်စ်စွဲ ကူးစက်ရောဂါကပ်ကြောင့် နိုင်ငံ့တို့၏ ရန်ပုံငွေနှင့် နိုင်ငံရေးခွန်အားများ ပြုန်းတီးခဲ့ရသော ဥရောပတွင် ရာသီဥတုပြောင်းလဲမှုများကို မျက်ခြည်မပြတ်ရန်လိုအပ်ကြောင်း စီးပွားရေးရင်းနှီးမြှုပ်နှံသူတို့နှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအုပ်စုတို့က ကတိကဝတ်ပြုခဲ့ကြသည်။

သို့သော် လက်ရှိဖြစ်ပွားနေသော ကူးစက်ရောဂါကပ်မှာ ဥရောပနိုင်ငံတို့၏ ရာသီဥတုပြောင်းလဲမှုထိန်းသိမ်းရေး ရည်မှန်းချက်အား သွေဖီသွားစေလိမ့်မည်ဖြစ်ကြောင်း ပိုလန်က သတိပေးသည်။

ကူးစက်ကပ်ရောဂါမှ စီးပွားရေးပြန်လည်ထူထောင်ရေးအစီအစဉ်တွင် သက်ဆိုင်ရာအစိုးရတို့အနေဖြင့် အနာ ဂါတ်တွင် ကာဗွန် ထုတ်လွှတ်မှု နိမ့်ကျမှု့သို့ ကူးပြောင်းရေး အရှိန်မြှင့်တင်ပေးရန်  နိုင်ငံတကာရာသီဥတု ပြောင်းလဲမှု ဆန့်ကျင်ရေး ညွန့်ပေါင်းအုပ်စု ၃၀၀ ကျော်တို့က ကြာသပတေးနေ့၌ တောင်းဆိုထားသည်။ အဆိုပါ ရွေးချယ်မှုမှာ လူ့အဖွဲ့အစည်းအား ဆယ်စုနှစ်ချီ သို့မဟုတ် နှစ်ပေါင်းများစွာကြာအောင် ပုံသွင်းပေး လိမ့်မည်ဖြစ်ကြောင်း 350.org ခေါ် အမေရိကန်ကောလိပ်ကျောင်းများမှစတင်ခဲ့သည့် ကမ္ဘာလုံးဆိုင်ရာ ရာသီဥတုလှုပ်ရှားမှုအဖွဲ့၏  အမှုဆောင်ဒါရိုက်တာမေဘိုက ကြေငြာချက်တွင်ဖော်ပြထားသည်။

ဒုတိယကမ္ဘာစစ်အပြီးတွင် အစိုးရများ အနေ ဖြင့် စီးပွားရေးကဏ္ဍသို့ ငွေကြေးများ ပုံအော ထည့်ဝင်ခြင်းနှင့်အ တူ ကမ္ဘာမြေ ပူနွေးလာစေသည့် ကျောက် မီးသွေး၊ ရေနံနှင့်သဘာဝဓာတ်ငွေ့အသုံးပြုမှုလျှော့ချရေးကို အရှိန်မြှင့်တင်ဆောင်ရွက်သင့်ကြောင်း နိုင်ငံရေး သမားများ၊ စီးပွားရေးပညာရှင်များနှင့်စည်းရုံးလှုံ့ဆော်သူများ က ပြောကြားခဲ့ကြသည်။

(( ယခုသတင်းကို ဖတ်ပြီး ကျွန်တော့်အနေဖြင့် ချွေွးသီးများ ဘူးသီးလုံးလောက် ကျမိပါသည်။ ကိုရိုနာကူးစက် ကပ်ရောဂါတွင် ဖျားနာ-သေဆုံးမှု့များကြောင့် သွေးပျက်နေသော  ကမ္ဘာကြီးသည် စီးပွားရေးနလံထူအောင် ကယ်ဆယ်ရာတွင် ကျောက်မီးသွေး၊ ရေနံနှင့်သဘာဝဓာတ်ငွေ့အသုံးပြုမှုလျှော့ချရေးတို့ ပါဝင်လာသော ကြောင့်ဖြစ်သည်။

မြန်မာနိုင်ငံသည် ကမ္ဘာ့ကာဗွန်ဒိုင်အောက်ဆိုဒ်ဓါတ်ငွေ့အထုတ်လွှတ်ဆုံး အဆင့် ၁-တရုတ်နှင့် အဆင့် ၃-အိန္ဒိ ယနိုင်ငံအကြား တည်ရှိနေပါသည်။ သို့သော် ကိုယ်တိုင်ထုတ်လွှတ်မှုမှာ မရှိသလောက်ဖြစ်သည်။ အိမ်နီးချင်း ဘင်္ဂလားဒက်ရှ်သည် အမေရိကန်ဒေါ်လာ ၁.၃ ဘီလျှံတန်ဖိုးရှိ နိုင်ငံအတွင်း အကြီးဆုံးကျောက်မီးသွေး စွမ်းအင် စက်ရုံများ၍ တည်ဆောက်၍ လျှပ်စစ်စွမ်းအင် ၁.၃ ဂီဂါဝပ် ထုတ်ယူမည် ဖြစ်သည်။ ယခုနှစ်ဆန်းပိုင်းတွင် ပထမစက်ရုံလည်ပတ်ခဲ့ပြီး ပိုမိုကြီးမားသော ဒုတိယစက်ရုံကို နှစ်ကုန်ပိုင်း၌ လည်ပတ်နိုင်မည်ဟု ခန့်မှန်းသည်။ ဘင်္ဂလားဒက်ရှ်၏ ကျောက်မီးသွေးမှ စွမ်းအင်ထုတ်ယူမှု့သည် ၂၀၄၁-ခုနှစ်တွင် သုံးဆတိုးရန် စီမံကိန်းချထားပြီး နိုင်ငံ့လျှပ်စစ်လိုအပ်ချက် ၃၅% ရာနှုန်းရရှိမည်ဖြစ်သည်။ ထို့ပြင် ၂.၄ ဂီဂါဝပ်ရရှိမည့် ညူကလီယာစွမ်းအင်သုံး ဓါတ်အားပေးစက်ရုံကိုလည်း တည်ဆောက်လျှက်ရှိရာ ၂၀၂၃-ခုနှစ်တွင် လည်ပတ်မည်ဖြစ်သည်။

အမှန်စင်စစ် ဘင်္ဂလားဒက်ရှ်သည် နိုင်ငံဖွံ့ဖြိုးတိုးတက်မှု့ လျှင်မြန်စေရန် မရှိမဖြစ်သော လျှပ်စစ်စွမ်းအင်ကို ကျောက်မီးသွေးနှင့် ညူကလီယာတို့မှ လတ်တလော ထုတ်ယူနေသော်လည်း နေရောင်ခြည်-လေအားလျှပ်စစ် ကဲ့သို့ သဘာဝပတ်ဝန်းကျင်နှင့် ညီညွတ်ပြီး ပြန်လည်ပြည်ဖြိုးမြဲစွမ်းအင်စက်ရုံများကိုလည်း တည်ဆောက် နေပါသည်။ တစ်ချိန်ချိန်တွင် သဘာဝပတ်ဝန်းကျင်ထိခိုက်စေသော စက်ရုံများကို တစစ ဖျက်သိမ်းသွားပြီး ပြန်လည်ပြည်ဖြိုးမြဲစွမ်းအင်စက်ရုံများသာ ကျန်ရှိနေပါမည်။

ဘင်္ဂလားဒက်ရှ်နှင့် အလားတူနိုင်ငံမှာ ဂျာမနီဖြစ်သည်။ ဂျာမနီသည် ဘင်္ဂလားဒက်ရှ်နှင့်မတူသည်က လိုအပ် သောကျောက်မီးသွေူကို ပြည်တွင်းမှ တူးဖော်ရရှိသည်။ လက်ရှိတွင် ကျောက်မီးသွေးစွမ်းအင် စက်ရုံများနှင့် အတူ ပြန်လည်ပြည်ဖြိုးမြဲစွမ်းအင်စက်ရုံများကိုလည်း တည်ဆောက်လျှက်ရှိသည်။ ၂၀၃၅-ခုနှစ်ရောက်မှ စွမ်းအင်အတွက် ကျောက်မီးသွေးအပေါ် မှီခိုမှုကို လုံဝရပ်ဆိုင်းပါမည်။ ကျောက်မီးသွေးစွမ်းအင်စက်ရုံများမှာ လျှပ်စစ်ဓါတ်အားများများကို ဈေးနှုန်းချိုသာစွာရရှိနိုင်သည်။ လတ်တလော ကျောက်မီးသွေး စွမ်းအင်စက်ရုံ များကို လုံးဝရပ်ဆိုင်းလိုက်လျှင် နိုင်ငံစီးပွားရေး လုံးဝထိခိုက်သွားနိုင်ပါသည်။

အရှေ့တောင်အာရှတွင် ဆည်တည်ဆောက်၍ လျှပ်စစ်စွမ်းအင် ထုတ်ယူဆုံးနိုင်ငံမှာ အိမ်နီးချင်းလောနိုင်ငံ ဖြစ်သည်။ ၂၀၁၇-ခုနှစ် ပထမ ၉-လအတွင်း လောနိုင်ငံ၏ လျှပ်စစ်ဓါတ်အားမှ ရရှိဝင်ငွေမှာ အမေရိကန်ဒေါ်လာ ၉၇၅-သန်းရှိသဖြင့် အာရှတိုက်၏ ဘက်ထရီအိုးကြီးဟုပင် တင်စားကြသည်။

မိုးလေဝသဖြစ်စဉ်ဆိုသည်မှာ နိုင်ငံနယ်နိမိတ် စည်းရိုးခတ်ထားခြင်းမရှိပါ။ အိမ်နီးချင်းနိုင်ငံများ၏ ကာဗွန်ထုတ် လွှတ်- ဆည်တည်ဆောက်ခြင်းသည် မြန်မာနိုင်ငံအပေါ်တွင်လည်း လုံး၀ အကျိုးသက်ရောက်သည်။
ထို့ကြောင့် မြန်မာနိုင်ငံတွင် ကျောက်မီးသွေးသုံး စက်ရုံများနှင့် ဆည်တည်ဆောက်ခြင်းကို လုံးဝရပ်တန့်သည့် တိုင် ရေကြီး ရေလျှံနှင့် ပုံမှန်မဟုတ်သော ရာသီဥတုဖြစ်စဉ် ရပ်တန့်သွားနိုင်ချေမရှိပါ။ သို့သော် အိမ်နီးချင်းများ နှင့် စီးပွားရေးနှင့် လူနေမှု့အဆင့်အတန်းမြှင့်တင်ရာတွင် နောက်ရောက်သွားမည်သာဖြစ်သည်။ ထို့ပြင် ကမ္ဘာ့ ကာဗွန်ထုတ်လွှတ်မှုမှာ တစ်နိုင်ငံချင်းစီ ခွဲတမ်းရှိသည်။ ကိုယ်မထုတ်လေ များများထုတ်ချင်သူများ တိန်တိန်ြ မည်လေဖြစ်သည်။

အိမ်နီးချင်းများက မဆင်ခြင်ပဲ ကိုယ့်နိုင်ငံတစ်နိုင်ငံအတွင်း၌သာ ကျောက်မီးသွေးနှင့်ဆည်တည်ဆောက်ခြင်းကို

ကန့်ကွက်ခြင်းမှာ သူများထက်ထူးပြီး နဖူးတွင် ဝက်ခြံပေါက်ခြင်းဖြစ်၍၊ သူများ ဖျာခံရာတွင် ကိုယ်က ဖျင်အငှား လိုက်ခြင်းနှင့် တူနေပါသည်။    ။ သတင်းဘာသာပြန်သူ ))

((( Dhaka Tribune., March 27th, 2020, “  EU leaders agree to consider climate in coronavirus recovery plan.” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။ လွှင့်တင်ရာတွင် အခက်အခဲရှိသောကြောင့် အတူမဖော်ပြနိုင်သည့် Links များကို https://m.vk.com/ounghtay နှင့် https://h2oupdatenews.com/  တွင်ရှ့ပါရန် )))

#ကိုရိုနာဗိုင်းရပ်စ်ရောဂါဥရောပသမဂ္ဂ

https://www.dhakatribune.com/world/2020/03/27/eu-leaders-agree-to-consider-climate-in-coronavirus-recovery-plan

https://www.ucsusa.org/resources/each-countrys-share-co2-emissions

https://www.britannica.com/science/greenhouse-gas

https://www.newagebd.net/article/102134/payra-power-plant-set-to-become-economic-burden-on-bangladesh

https://www.dhakatribune.com/bangladesh/power-energy/2019/06/27/bangladesh-trebling-its-coal-fired-power-capacity

https://www.dhakatribune.com/bangladesh/power-energy/2019/06/27/bangladesh-trebling-its-coal-fired-power-capacity

http://m.theindependentbd.com/post/239749

https://www.neimagazine.com/news/newsdelay-for-bangladesh-nuclear-plant-4698631

https://www.cnbc.com/2018/08/10/hydropower-in-southeast-asia-dams-may-risk-economic-damage.html

0

Leave a Reply

Your email address will not be published.