ဘာသာပြန်စာပေနှီးနှောဖလှယ်ပွဲ စာတမ်းများ၊ ဘာသာပြန်စာပေ ၊ ဦးသိန်း ( ဇဝန)

မဂၤလာပါ

စာပေဗိမာန်အုပ်ချုပ်ရေးအဖွဲ့သည် စာပေထုတ်ဝေရေးနှင့် စာပေလောကဖွံ့ဖြိးတိုးတက်ရေးကို ရှေးရှူ့၍ ကလေးစာပေ၊ သိပ္ပံစာပေ၊ စာကြည့်လုပ်ငန်း စသည်ဖြင့်နှီးနှောဖလှယ်ပွဲများ အကြိမ်ကြိမ်ကျင်းပခဲ့ဖူးသည်။

ဘာသာပြန်စာပေနှီးနှောဖလှယ်ပွဲကို ၁၉၆၉-ခုနှစ် စက်တင်ဘာ ၂၃ ရက်နေ့မှ ၂၇ ရက်နေ့ထိ ငါးရက်တိုင်တိုင် ရန်ကုန်မြို့ ၊ ကုန်သည်လမ်း၊ ဂန္ဓီခန်းမဆောင်၌ ကျင်းပခဲ့ရာ စာပေပညာရှင်များ၊ ဝါသနာရှင်များစွာ တက်ရောက်ခဲ့ကြသည်။ သာသာပြန်စာပေလုပ်ငန်းနှင့်ပတ်သက်၍ အကြောင်းရပ်များကို ပညာရှင် ၁၁-ဦးက စာတမ်း ၁၁ စောင် ရေးသားတင်သွင်းခဲ့ပါသည်။

အဆိုပါ နှီးနှောဖလှယ်ပွဲတွင် သတင်းစာဆရာကြီးတစ်ဦးဖြစ်သော ဆရာဦးသိန်း ( ဇဝန ) က သတင်းဘာသာပြန်ခြင်းနှင့်ပတ်သက်၍ အတွေ့အကြုံ ၊ အမြင်အယူအဆတို့ကို စာတမ်းဖတ်ကြားခဲ့ပါသည်။

ဆရာကြီးဇဝန၏ စာတမ်း pdf ဖိုင်အား ဘာသာပြန်စာပေဆည်းပူးသူများ၊ ဝါသနာရှင်များလေ့လာနိုင်ရန် ဖော်ပြလိုက်ရပါသည်။ မိမိတို့၏ ဖုန်း သို့မဟုတ် ကွန်ပျူတာထဲသို့ download ပြုလုပ်ခြင်းဖြင့် သိမ်းဆည်းထားနိုင်ပါသည်။

1+

Leave a Reply

Your email address will not be published.