(ဧပြီ-၁၂၊၂၀၂၁) မွတ်စလင်စင်တာ တိုက်ခိုက်ခံရ၍ ပြင်သစ်အစိုးရ စိတ်မသက်မသာဖြစ်။ ပြင်သစ်၏ ဘာသာစွဲ မရှိသည့် လူနေမှုစည်းမျဉ်းကို ချိုးဖောက်ကြောင်း သံသယဖြစ်ဖွယ် လူပုဂ္ဂိုလ်များနှင့် အုပ်စုများအား ဖြိုခွင်းနိုင်မည့် ဥပဒေကြမ်းကို ပြဌာန်းခဲ့၊ ပြင်သစ်အစိုးရအား အစ္စလာမ်ကြောက်အဖြစ် စွပ်စွဲလေ့ရှိသူ ခြိမ်းခြောက်ခံရ


[ရိုက်တာသတင်းအေဂျင်စီ၊ ပါရီ] ပြင်သစ်နိုင်ငံအနောက်ပိုင်းရှိအစ္စလာမ်ယဉ်ကျေးမှုဌာနအား အစ္စလာမ်ကြောက်ကြွေးကြော်သံများဖြင့် ရေးခြစ်ရုပ်ပျက်စေခြင်းကို ပြင်သစ်အစိုးရက ရှုတ်ချလိုက်ပြီး မွတ်စလင်များအား တိုက်ခိုက်ခြင်းသည် သမ္မတနိုင်ငံအပေါ် တိုက်ခိုက်ခြင်းနှင့် အတူတူပင်ဖြစ်ကြောင်း ပြောဆိုသည်ဟု Reuters က ယနေ့ရေးသားသည်။

…   
အင်္ဂါနေ့ ပြင်သစ်နိုင်ငံ ရန်းမြု့ိတွင် မွတ်စလင်တို့၏ #သန့်ရှင်းသော_ရာမာဇန်_ဥပုသ်လမစတင်မီ ဆုတောင်းခန်းအဖြစ် အသုံးပြုခဲ့သည့်အဆောက်အအုံနံရံပေါ်၌ ဖြစ်ကတတ်ဆန်း ရေးသားထားချက်ဖြင့် ပေကျံ လျှက် ရှိသည်ကို မြင်တွေ့ကြရသည်။

…  
ကိုးကွယ်ရာဘာသာတရားတစ်ခု၏ အခြေခံလွတ်လပ်ခွင့်ကို စက်ဆုပ်ရွံရှာဖွယ် တိုက်ခိုက်မှုဖြစ်ပြီး မွတ်စလင်တို့သည်လည်း ပြင်သစ်နေ အခြားဘာသာဝင်အုပ်စုတို့ကဲ့သို့ပင် ကာကွယ်စောင့်ရှောက်မှုကို ခံယူထိုက်သူများ ဖြစ်ကြောင်း အခင်းဖြစ်ပွားရာသို့ ရောက်ရှိလာသော #ပြင်သစ်_ပြည်ထဲရေးဝန်ကြီး_ဂျီရယ်ဒါမန်နင် က ပြောဆိုသည်။

…   
ကရော်ကမည် ရေးသားထားသော ကြွေးကြော်သံများအနက် “နိုင်ငံတော်ဘာသာ_ကက်သလစ်ဘာသာ” “အစ္စလာမ်ဖြစ်လာရန် မရှိ..” ဟုလည်း ပါဝင်နေသည်။ ပြင်သစ်ရှိ မွတ်စလင်များအား ကိုယ်စားပြုသည့် အဓိကအဖွဲ့များအနက်မှ တစ်ခုဖြစ်သည့် #ပြင်သစ်မွတ်စလင်_ဘာသာရေးကောင်စီ_CFCM ကမူ သည်းမခံထိုက်သည့် ကျူးကျော်စော်ကားမှုဖြစ်ကြောင်း မှတ်ချက်ပြုသည်။ ရာမာဇန်နီးကပ်လာပြီး မွတ်စလင်ဆန့်ကျင်ရေးလုပ်ရပ်များ မြင့်တက်လာသည်နှင့်အမျှ နိုးနိုးကြားကြားရှိကြပါရန် ပြင်သစ်ရှိမွတ်စလင်များအား တိုက်တွန်းကြောင်း CFCM က ၎င်း၏ Twitter စာမျက်နှာ၌ ရေးသားသည်။

…  
ဘာသာရေးနှင့် အများပြည်သူဆိုင်ရာဘဝကို သီးခြားထားသည့် #လာလေစီတီ ဟု လူသိများသော ဘာသာရေးစွဲတင်းကြပ်မှုမရှိသည့်ပုံစံကို ပြင်သစ်နိုင်ငံက လိုက်နာသည်။ #သမ္မတအီမန်နျူရယ်မက်ခွန်အစိုးရ၏ ပြည်ထဲရေးဝန်ကြီးဒါမင်နန်သည် ကွန်ဆာဗေးတစ်တစ်ဦးဖြစ်ပြီး ပြင်သစ်၏တန်ဖိုးများကို ပူးသတ်လျှက်ရှိသော အခြေခံဝါဒီများ၏ ချဉ်းနင်းဝင်ရောက်မှုအဖြစ် မက်ခွန်အစိုးရက ညွှန်းဆိုလျှက် ပါလီမန်မှတဆင့် ဥပဒေပြဋ္ဌာန်းရာတွင် အရေးပါသော ကမကထ ပြုသူတစ်ဦးဖြစ်သည်။

…   
အဆိုပါဥပဒေ မူကြမ်းရေးဆွဲနေစဉ် ဘာသာတရားအားလုံးမှ အကြီးတန်းကိုယ်စားလှယ်များနှင့် တိုင်ပင်ဆွေးနွေးခဲ့ပြီး ထောက်ခံကြသူများတွင် CFCM လည်း ပါဝင်နေခဲ့သည်။ ၎င်းဥပဒေတွင် အစ္စလာမ်ဘာသာဟု အတိအကျ ဖော်ပြခြင်းမရှိသော်လည်း မွတ်စလင်တို့အား ညွှန်ပြနေကြောင်း ဝေဖန်သူအချို့က ပြောဆိုသည်။

…   
ထိုစဉ်အတွင်း ပြင်သစ်အစိုးရအား အစ္စလာမ်ကြောက်ရောဂါရှင်များအဖြစ် စွပ်စွဲရေးသားလေ့ရှိသူ မွတ်စလင်အမျိုးသမီး ဂျာနယ်လစ်တစ်ဦးသည် သတ်ပစ်မည်ခြိမ်းခြောက်ခံရခြင်းကြောင့် အကာကွယ်ပေးပါရန် သမ္မတမက်ခွန်အား အကူအညီတောင်းလိုက်သည်ဟု Russia Today (Apr.11,2021) က ရေးသားသည်။

…   
နာဒီယာဇက်အွန်နီ အမည်ရှိ အမျိုးသမီးဂျာနယ်လစ်သည် #ဟီဂျဗ် ခေါ် ခေါင်းမြီးခြုံဝတ်ဆင်ခြင်းမှ တားမြစ်ချက်အပေါ် ရှေးရိုးစွဲဝါဒီများနှင့် BFM TV ချန်နယ်တွင် ငြင်းခုန်ခြင်းဖြင့် လူသိများလာသူတစ်ဦးဖြစ်သည်။ အလွန်စိုးရိမ်ရသော ခြိမ်းခြောက်မှုကို အာဏာပိုင်များက ကိုင်တွယ်ဖြေရှင်းနေရပြီး လိုအပ်သလို စုံစမ်းစစ်ဆေးပေးပါရန် သမ္မတမက်ခွန်၏ လုံခြုံရေးအကြံပေးပုဂ္ဂိုလ်ထံ နာဒီယာက သတင်းပို့ခဲ့သည်ဆို၏။

…    
နာဒီယာက ၎င်းထံပေးပို့လိုက်သည်ဆိုသော လက်ရေးစာ၏ ဓါတ်ပုံကို လူမှုကွန်ယက်၌ မျှဝေခဲ့ရာ စော်ကားခြိမ်းခြောက်မှုများ ပါဝင်သည်ကို တွေ့ရှိရသည်။ နာဒီယာအား ပြည့်တန်ဟု၎င်း လည်ပင်းကိုသေနတ်နှင့် ပစ်မည်ဟု ၎င်း ရေးသားထားသည်။

…   
နာဒီယာက ပြင်သစ်သမ္မတ၊ ပြည်ထဲရေးဝန်ကြီးနှင့် နိုင်ငံသားရေးရာဝန်ကြီးတို့ထံ လိုအပ်သလိုအရေးယူပေးပါရန် တောင်းဆိုထားပြီး မီဒီယာများသည် မွတ်စလင်အသိုင်းအဝိုင်းတို့အား သမုတ်ကာ အဆိပ်အတောက်ဖြစ်စေသော ပတ်ဝန်းကျင်တွင် အားရကျေနပ်လျှက်ရှိကြောင်း စွပ်စွဲအပြစ်တင်ခဲ့သည်။

…   
လွန်ခဲ့သည့်နှစ်တွင် ပြင်သစ်နိုင်ငံ၌ အစ္စလာမ်မစ်ဝါဒီတို့၏ တိုက်ခိုက်မှုများဖြစ်ပေါ်ခဲ့သည်။ နောက်ဆက်တွဲအဖြစ် ပြင်သစ်နိုင်ငံ၏ ဘာသာစွဲတင်းကြပ်မှုမရှိသည့် လူနေမှုပုံစံစည်းမျဉ်းများကို ချိုးဖောက်ကြောင်း သံသယဖြစ်ဖွယ် လူပုဂ္ဂိုလ်များနှင့် အုပ်စုများအား ဖြိုခွင်းနိုင်မည့် ဥပဒေကြမ်းတစ်ရပ်ကို ပြင်သစ်အစိုးရက ထုတ်ပြန်ခဲ့သည်။ အဆိုပါဥပဒေကြမ်းနှင့်မွတ်စလင်များနှင့်ပတ်သက်၍ သမ္မတမက်ခွန်၏ အပြောအဆိုများမှာ ပြည်တွင်းသာမက ပြည်ပမှာပင် ဝေဖန်စရာဖြစ်ခဲ့ရသည်။

#ပြင်သစ်အစ္စလာမ်ယဉ်ကျေးမှုစင်တာ_လက်သရမ်းဖျက်ဆီးခံရ

(((Reuters., April 12, 2021.,” French government disgusted by attack on Muslim centre.” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။ )))

https://www.reuters.com/article/us-france-religion/french-government-disgusted-by-attack-on-muslim-centre-idUSKBN2BY0OL
https://www.rt.com/news/520723-french-journalist-death-threats/ 

Leave a Reply

Your email address will not be published.