(ဧပြီ-၁၉၊ ၂၀၂၁ ) အင်အားကြီးမားသော အစိုးရတစ်ရပ်နှင့် နိုင်ငံဆိုသည်မှာ


အင်အားကြီးမားသော အစိုးရဟု ပြောဆိုလျှင် အမေရိကန်နိုင်ငံအား ရှေးဦးစွာ ပြေး၍ မြင်ယောင်ကြမည်ထင်ပါသည်။

မှန်ပါသည် … အမေရိကန်သည် မျက်မှောက်ကမ္ဘာ၏ အင်အားအကြီးဆုံး နိုင်ငံဖြစ်ပါသည်။

၂၀၀ ဝန်းကျင်ရှိသည့် #ကမ္ဘာ့နိုင်ငံများအနက်_အမေရိကန်သည်_မည်သည့်အတွက်_အင်အားအကြီးဆုံး_နိုင်ငံ ဖြစ်ရပါသနည်း..#ဒီမိုကရေစီကြောင့်ဟု_သင်_ထင်ပါသလား။

ကမ္ဘာ့အလယ်တွင် အမေရိကန်နိုင်ငံကို အင်အားအကြီးဆုံးဟု သတ်မှတ်ရခြင်းတွင် အချက်အလက်များစွာ ရှိနေပါသည်။ ၎င်းတို့အနက်…

(၁) #စစ်အင်အား ဖြစ်သည်။ အမေရိကန်သည် ကမ္ဘာ့တိုက်ကြီးများအားလုံး သမုဒ္ဒရာရေပြင်အားလုံးတို့တွင် ကြည်း-လေ-ရေ တစ်ချိန်တည်း တစ်ပြိုင်တည်း စစ်ဆင်နိုင်သည့် တစ်ခုတည်းသော နိုင်ငံဖြစ်သည်။စူပါအင်အားကြီးဟု ခေါ်ဆိုကြသော ရုရှား- တရုတ်တို့သာမက ဗြိတိန် ပြင်သစ် စသည့် နိုင်ငံတို့ပင်လျှင် အမေရိကန်ကဲ့ သို့ စွမ်းဆောင်နိုင်ခြင်း မရှိကြပါ။

(၂) #စီမံခန့်ခွဲမှုကို_ချုပ်ကိုင်နိုင်ခြင်း အမေရိကန်သည် ကမ္ဘာ့အကြီးဆုံးစားသုံးသူ ဈေးကွက်ရှိနေသည့် နိုင်ငံဖြစ် ပြီး လက်လီလက်ကား ကုန်ပစ္စည်းအများဆုံး ထုတ်လုပ်သည့် နိုင်ငံဖြစ်သည်။ နိုင်ငံတကာနှင့် ချိတ်ဆက်သော ဘဏ်လုပ်ငန်းများမှအစ ကုလသမဂ္ဂရုံးများအထိ အမေရိကန်၌ အခြေစိုက်ကြသည်။

ထို့ကြောင့် အမေရိကန်၏ စီးပွားရေး ဒဏ်ခတ်ပိတ်ဆို့ခြင်းများကို ရုရှား-တရုတ်ကဲ့သို့ နိုင်ငံကြီးများပင် မခံနိုင် ကြပါ။

ကျွန်တော်သည် ပဲခူးရိုးမနှင့် ဝန်းကျင်တစ်လျှောက် အနက်ရောင် နယ်မြေ သတ်မှတ်ခံရချိန်၌ လူဖြစ်လာရသူဖြစ်သည်။

#နိုင်ငံတော်_ဝန်ကြီးချုပ်ဟောင်း_ဦးနုနှင့်_ရဲဘော်သုံးကျိပ်_ဗိုလ်လက်ျာတို့၏ #ပြည်ချစ်တပ်မတော်ခေတ်ကို ကောင်းစွာ သိမီခဲ့ပြီး

#ဒေါက်တာစိန်ဝင်း၏_အဝေးရောက်_ညွန့်ပေါင်းအစိုးရခေတ် #NCGUB ကို အစအဆုံး ကောင်းစွာ ကြားသိခဲ့သူ ဖြစ်ပါသည်။

ထို့ကြောင့် အားကောင်း မောင်းသန် အစိုးရဆိုသည်မှာ အထက်ပါ အချက် (၂) ခုတော့ အနည်းဆုံးရှိရန် လိုအပ်ပါသည်။ ထိုသို့ မဟုတ်လျှင် နေ့မြင် ညပျောက် လေဖမ်း ဝါးတန်းချီသည့် ဝရမ်းပြေးအစိုးရအဖြစ်သာ နိဂုံးချုပ်ရပါလိမ့်မည်။

ခြေထောက် မရှိသောသူသည် အခြားအားကစားနည်းများတွင် ချန်ပီယန်ဖြစ်ဖွယ်ရှိသော်လည်း ဘောလုံးသမားတော့ မဖြစ်နိုင်ချေ။

ဂါထာမန်းမှုတ်ထားသော လက်ကိုင်ပုဝါကို မြေ၌ ပစ်ချလျှင် မိစ္ဆာလေယာဉ်ပျံမှာ မီးဟုန်းဟုန်းတောက်ကာ မြေသို့ ပြုတ်ကျရမည်ဟု ယုံကြည်မှုတွင် အဖိုးတန်အရွယ်ကောင်းများစွာ အသက်စတေးခဲ့ရသည်။

ယနေ့ခေတ်သည် Information Technology ခေါ်သတင်းအချက်အလက် နည်းပညာ ရှေ့ဆောင်သည့် ခေတ်ကြီး ဖြစ်ပါ၏။ …#တစ်နပ်စား_လူလိမ်_မီဒီယာသမားတို့_ကောင်းစားသည့်ခေတ်ကို ကိုဆိုလိုခြင်းမဟုတ်ပဲ ရနိုင်သမျှ သတင်းအချက်အလက်မှန်များကို ကိုးကား အသုံးပြုခြင်းသာဖြစ်သည်။


အစဉ်လေးစားစွာဖြင့်


အစဉ်လေးစားစွာဖြင့်

#HtayOung, #OungMarine

https://www.smithsonianmag.com/history/map-shows-places-world-where-us-military-operates-180970997/ 

+1

Leave a Reply

Your email address will not be published.