ကော့ခ်ဘဇားခရိုင်မှာ ကိုရိုနာဗိုင်းရပ်စ်ရောဂါကူးစက်လျှက်ရှိသော ဘင်္ဂလားဒက်ရှ်၏ ပထမဆုံး အနီရောင်ဇုံအဖြစ် သတ်မှတ်ခံရ။ နယ်မြေ ၃-ခုခွဲခြားထား

ဘင်္ဂလားဒက်ရှ်နိုင်ငံ ကေ့ာခ်ဘဇားခရိုင်တွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါပျံ့ပွားမှု့တားဆီးရေးအတွက် ၁၄-ရက်ကြာ Lock down တာဆီးပိတ်ဆို့ခြင်းအစီအစဉ်ကို စတင်လိုက်ပြီး၊ ရောဂါကူးစက်မှု အနီရောင်အဆင့်သတ်မှတ်လိုက်ရာ နိုင်ငံအတွင်း ပထမဆုံးသော “ အနီရောင်ဇုံ “ လာသည်ဟု ဘင်္ဂလားအခြေစိုက် Ukhia News က ယနေ့ ရေးသားသည်။

သောကြာနေ့နံနက်မှစတင်၍ ကော့ခ်ဘဇားခရိုင်အတွင်း စည်ပင်သာယာဧရိယာနှင့် အကွက် ၁၀ -ခုခွဲလျှက် အနီရောင်ဇုံ သတ်မှတ်ထားခြင်းအသက်ဝင်မည်ဖြစ်ပြီး ဇုံအတွင်းသို့ မည်သူမျှ ဝင်ထွက်ခြင်းမပြုရန် သတင်းထုတ်ပြန်ထား သည်ဟု ကော့ခ်ဘဇားခရိုင်လက်ထောက်ကော်မရှင်နာမင်းကြီးက ပြောဆိုသည်။

Dhaka Tribune ကရေးသားရာတွင်မူ ခရိုင်အတွင်း၌ ဈေးမျာ၊ ဈေးဝယ်စင်တာများနှင့် စတိုးဆိုင်များအားလုံးကို ပိတ်ထားလိုက်ကြောင်း၊ ဇွန် ၆-ရက်နေ့မှ ၁၆-ရက်နေ့အထိ Lock down တားဆီးပိတ်ဆို့ထားပြီး လိုအပ်သလို ရက်တိုးမြှင့်မည်ဖြစ်ကြောင်း၊ မီးဖိုချောင်သုံးပစ္စည်းများအတွက် တနင်္ဂနွေနေ့နှင့် ကြာသပတေးနေ့များတွင် အချိန်သတ်မှတ်ထားသည့်အတိုင်း ဖွင့်လှစ်ရောင်းချခွင့်ပြုမည်ဖြစ်ကြောင်း ပါရှိသည်။

ဝင်ငွေနည်းပါးသူ မရှိဆင်းရဲသားများအတွက် စားနပ်ရိက္ခာနှင့် ဆေးဝါးများကို အစိုးရက တရားဝင်ထောက်ပံ့ကူညီပေးအပ်သွားမည်ဖြစ်ကြောင်း၊ လိုအပ်လျှင် ယခုထက်ပို၍ တင်းကြပ်သည့် ပိတ်ဆို့တားဆီးခြင်းများ ပြုလုပ်မည့် အစီအစဉ်ရှိပြီး အရေးပေါ်တာဝန်နှင့် သက်ဆိုင်သူများကိုသာ ဇုံအတွင်း အတိုင်းအတာတစ်ခုထိ သွားလာခွင့်ပြုမည်ဖြစ်ကြောင်း၊ အကွက်တိုင်းတွင် လိုအပ်သောကိစ္စရပ်များကို စောင့်ကြည့်ရန် ကော်မတီအသီးသီးဖွဲ့ စည်းမည်ဖြစ်ကြောင်း၊ စည်ပင်သာယာ ဧရိယာ ၄-ခု မြို့နယ် ၈-ခုပါ အကွက် ၁၂-ခုရှိသည့်အနက် ၂-ခုကို အဝါရောင်ဇုံအဖြစ် သတ်မှတ်ထားသည်ဆို၏။

ကော့ခ်ဘဇားတွင် အနီရောင်ဇုံနယ်မြေ ၃-ခုရှိပြီး၊ ရောဂါကူးစက်မှုအနည်းအများအလိုက် အဝါရောင်ဇုံရှိသော်လည်း ရောဂါကူးစက်မှုမဖြစ်ပွားသည့် အစိမ်းရောင်ဇုံမရှိကြောင်း သိရှိရသည်။

ယခုအချိန်ထိ ကော့ခ်ဘဇားခရိုင်တွင ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ စုစုပေါင်း ၈၉၀ -ဦးရှိ၍ ၂၀-ဦး သေဆုံးခဲ့သည်။ ခရိုင်အတွင်း၌ တည်ရှိနေသော ဒုက္ခသည်ဘင်္ဂါလီ ( မူရင်း ရိုဟင်ဂျာဟုဖော်ပြ ) စခန်း ၃၄ ခုမှာရောဂါကူးစက်မှု အန္တရာယ်ရှိနေပြီး ဒုက္ခသည် အမျိုးသား ၁-ဦး သေဆုံး၍ ၃၀-ဦး ကို ဆေးဝါးကုသပေးနေရကြောင်း သတင်း၌ ဆက်လက်ဖော်ပြသည်။

(( နတ်မြစ်တစ်ဖက်ကမ်းတွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါကူးစက်မှု ပြင်းထန်လျှက်ရှိပါသည်။ အနောက်တံခါးနေ ဆွေမျိုး မိတ်ဆွေများအားလုံး အပြင်ထွက်လျှင် Mask မျက်နှာဖုံးကို မဖြစ်မနေအသုံးပြုကြပါ၊ လူချင်းနီးကပ်မှုကို ရှောင်ရှား၍ အတတ်နိုင်ဆုံး နေအိမ်အတွင်း နေထိုင်ကြပါ၊ သက်ကြီးရွယ်အိုများ၊ ကလေးငယ်များ၏ ကျန်းမာရေး ဂရုစိုက်ကြပါ၊ ကိုယ်ခံအား မြင့်တက်စေရန် သင့်လျှော်သော အစာ စားကြပြီး၊ အိပ်ရေးပျက်မခံသင့်ပါ။

လိုအပ်သည်ထက်ပို၍ ကြောက်ရွံ့ရန်မလိုပါ။ စောစီးစွာသိလျှင် ကောင်းစွာဆေးဝါးကုသပေးနိုင်ပါသဖြင့် နေထိုင် မကောင်းဖြစ်ပါက အနီးဆုံး ဆေးရုံ၊ ကျန်းမာရေးဋ္ဌာနတို့နှင့် ပြသတိုင်ပင်သင့်ကြောင်း တိုက်တွန်းပါသည်။ ။ သတင်းဘာသာပြန်သူ ))

((( Ukhia News., 05-06-2020,” Coronavirus: Cox’s Bazar declared as country’s first ‘red zone’ .” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။ )))

#ကိုရိုနာဗိုင်းရပ်စ်ကော့ခ်ဘဇား

http://en.ukhiyanews.com/coronavirus-coxs-bazar-declared-as-countrys-first-red-zone/

https://www.dhakatribune.com/bangladesh/nation/2020/06/05/cox-s-bazar-goes-to-14-day-lockdown-from-saturday

0

Leave a Reply

Your email address will not be published.