ကော့ခ်ဘဇားဒုက္ခသည်စခန်းတွင် စိတ်ကြွဆေးကုန်ကူးသူ ဒုက္ခသည်ဘင်္ဂါလီက အထူးတပ်ဖွဲ့ဝင်များကို သေနတ်နှင့်ပစ်ခတ်။ ၂-ဦး ဒါဏ်ရာရရှိ။

တနင်္လာနေ့ ဘင်္ဂလားဒက်ရှ်နိုင်ငံ ကော့ဘဇားခရိုင် တက္ကနဖ်မြို့နယ် နာရာပါရာဒုက္ခသည်စခန်း၌ မူးယစ်ဆေးသတင်းအရ ဝင်ရောက်ရှင်းလင်းသော လျှပ်တစ်ပြက်တိုက်ခိုက်ရေးတပ်ဖွဲ့ RAB အထူးတပ်ဖွဲ့ဝင်များကို စိတ်ကြွဆေးကုန်ကူးသူဒုက္ခသည်ဘင်္ဂါလီ ( မူရင်း ရိုဟင်ဂျာဟု ဖောြ်ပ ) က သေနတ်နှင့် ပစ်ခတ်သဖြင့် ၂-ဦး ဒါဏ်ရာ ရရှိသည်ဟု ဘင်္ဂလားအခြေ စိုက် Dhaka Tribune က ယမန်နေ့ ရေးသားသည်။


RAB အထူးတိုက်ခိုက်ရေးတပ်ဖွဲ့ဝင်များမှာ နာရာပါရာဒုက္ခသည်စခန်း၌ တရားမဝင် ယာဘ စိတ်ကြွဆေးရောင်းဝယ်လျှက်ရှိကြောင်း သတင်းအရ စီးနင်းရှာဖွေမှု့ ပြုလုပ်ခဲ့ကြသည်ဆို၏။ ရှီယာလတ်ဂိုနာ ဧရိယာတွင် စိတ်ကြွ ဆေးကုန်ကူးသူ ဒုက္ခသည်ဘင်္ဂါလီက သေနတ်နှင့် စတင်ပစ်ခတ်ခြင်းဖြစ်ပြီး ဒါဏ်ရာရရှိသွားသူများအနက် အသက် ၃၅-နှစ်အရွယ် တပ်ကြပ်အဆင့် တပ်ဖွဲ့ဝင် တစ်ဦးပါဝင်ကြောင်း၊ CMH စစ်ဆေးရုံသို့ ပို့ဆောင် ကုသမှုခံယူနေရကြောင်း သတင်း၌ ဆက်လက်ဖော်ပြသည်။


((( Dhaka Tribune., Dec. 30, 2019, “RAB members shot in Cox’s Bazar.” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။ )))


https://www.dhakatribune.com/bangladesh/nation/2019/12/30/rab-members-shot-in-cox-s-bazar


#ဒုက္ခသည်ဘင်္ဂါလီ #ယာဘစိတ်ကြွဆေး

0

Leave a Reply

Your email address will not be published.