ကော့ခ်ဘဇားဒုက္ခသည်စခန်းအတွင်း ကိုရိုနာဗိုင်းရပ်စ်ရောဂါအတွက် သတင်းနှင့် ပညာပေးခြင်းကို စက်ဘီးစီးသူများဖြင့် လိုက်လံဖြန့်ဝေ။ အင်တာနက်အသုံးပြုမှု ရပ်ဆိုင်းထား၍ လက်ကိုင်ဖုန်းသတင်းတို SMS ဖြင့်လည်း ပေးပို့

ကိုရိုနာကူးစက်ရောဂါကပ် ကျရောက်လျှက်ရှိသော ဘင်္ဂလာဒက်ရှ်နိုင်ငံတွင် ကော့ခ်ဘဇားဒေသ၌ ဒုက္ခသည်ဘင်္ဂါလီ ( မူရင်း ရိုဟင်ဂျာဟုဖော်ပြ ) များ ခိုလှုံလျှက်ရှိသည်။
ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်မှုဟန့်တား ကာကွယ်ရန် ကော့ခ်ဘဇားဒေသအား အနီရောင် ဇုန်နယ်မြေ ၃-ခု အဖြစ် သတ်မှတ်ထားသည်။
ဒုက္ခသည်စခန်းဧရိယာအတွင်း စခန်းပေါင်း ၃၄-ခုရှိရာ ဘင်္ဂလားဒက်ရှ်အစိုးရသည် လွန်ခဲ့သည့်နှစ် စက်တင်ဘာလမှ စတင်၍ လုံခြုံရေးအခြေအနေကြောင့် အင်တာနက်ဖြတ်တောက်ထားဆဲဖြစ်သည်။
ထို့ကြောင့် ကုလသမဂ္ဂရွှေ့ပြောင်းသွားလာခြင်းဆိုင်ရာအဖွဲ့ ( IOM ) ” ၂၀၃၀- အစိမ်းရောင် ပြန်လည်ထူထောင်ရေးအစီအစဉ်” အရ ကိုရိုနာဗိုင်းရပ်စ်ရောဂါအတွက် သတင်းနှင့် အသိပညာပေးခြင်းများကို စက်ဘီးစီးသူများဖြင့် လိုက်လံဖြန့်ဝေခြင်း၊ လက်ကိုင်ဖုန်းသတင်းတို SMS ပေးပို့ခြင်းဖြင့် ဆောင်ရွက်လျှက်ရှိရာ ဒုက္ခသည် ၆, ၇၀၀၀ ခန့်အထိ လွှမ်းခြုံနိုင်လိမ့်မည်ဟု ခန့်မှန်းထားသည်။
ဇွန်လ- ၁၀ ရက်နေ့အထိ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခြင်းခံရသူ ဒုက္ခသည်ဘင်္ဂါလီ ၃၇-ဦးရှိကြောင်း ဘင်္ဂလားအခြေစိုက် Ukhia News ( English ) က ဖော်ပြသည်။
အစဉ်လေးစားစွာဖြင့်#HtayOung, #OungMarine
http://en.ukhiyanews.com/rohingya-cyclists-share-key-covid19-information-door-to-door-in-coxs-bazar-refugee-camps/

0

Leave a Reply

Your email address will not be published.