ကော့ခ်ဘဇားရောက် ဒုက္ခသည်ဘင်္ဂါလီများ ခေတ်သစ်ကျွန်ပြုနည်းဖြင့် လူကုန်ကူးခံနေရ။ အတိဒုက္ခရောက်နိုင်သည်ကို သိလျှက်နှင့် ငွေကုန်ခံ၍ နိုင်ငံကူးလက်မှတ်အတုဖြင့် ဘင်္ဂလားဒက်ရှ်မှ ထွက်ခွာသူ ၂-သိန်း ၅ – သောင်းခန့်ရှိခဲ့။

အမှန်တကယ်ပင် လုံးဝခွင့်လွှတ်နိုင်စရာမရှိသည့် လူကုန်ကူးမှု့များမှာ ဘင်္ဂလားဒက်ရှ်နိုင်ငံအတွင်း ဆက်လက်ဖြစ်ပွားလျှက်ရှိကြောင်း၊ မိန်းမနှင့် ကလေးများအပါအဝင် နှစ်စဉ်လူပေါင်းထောင်ချီလျှက် လူကုန်ကူးမှု့ သားကောင်အဖြစ် သက်ဆင်းရလျှက်ရှိသည်မှာ လက်ခံနိုင်ဖွယ်မရှိဟု ဘင်္ဂလားအခြေစိုက် Dhaka Tribune က ယမန်နေ့ ရေးသားသည်။

ထိုသူတို့သည် ကမ္ဘ္ဘာတစ်ခွင် အမေရိကန်ဒေါ်လာ ၁၅၀ ဘီလျှံ အကျိုးအမြတ်ရရှိနေသည့် ခေတ်သစ်ကျွန်ကုန်ကူးခြင်း လောကငရဲအတွင်း သက်ဆင်းကြရခြင်းလည်းဖြစ်သည်။ အရေအတွက်မှာလည်း ယခင်က မကြားဖူးသည့် ပမာဏသို့ ရောက်ရှိနေကြောင်း ပြန်လည်ပြောပြရန်ပင် ခက်ခဲလှသည်။

ထိုကဲ့သို့ ရွံရှာစက်ဆုတ်ဖွယ် ရာဇဝတ်မှုမျိုးမှာ ဘင်္ဂလားဒက်ရှ်နိုင်ငံအတွင်း အဆုံးမသတ်နိုင်ပဲရှိနေသည်ကို အမြန်ဆုံး ကိုင်တွယ်ရန် လိုအပ်သည်။

၂၀၁၈ – ခု တစ်နှစ်တည်း၌ပင် ကော့ခ်ဘဇားရောက်ရှိနေသူများအနက် ငွေပေးရသော နိုင်ငံကူးလက်မှတ်အတုဖြင့် ဘင်္ဂလားဒက်ရှ်မှ ထွက်ခွာသူ ဒုက္ခသည်ဘင်္ဂါလီ ၂၅၀,၀၀၀ ခန့်ရှိသည်။ ၎င်းတို့သည် လူကိုလူချင်း ကျွန်ပြုခံရခြင်းဖြင့် အတိဒုက္ခရောက်နိုင်သည်ကို သိသိကြီးနှင့် ထွက်ခွာကြသူများဖြစ်ကြောင်း စစ်ဆေးတွေ့ရှိရသည်။ ထိုသို့ဆိုလျှင် ကမ္ဘ္ဘာအရပ်ရပ် အခြားနေရာများတွင် အလားတူ ဖြစ်ရပ်မျိုး မည်မျှရှိမည်နည်း။

လတ်တစ်လောတွင် ဝန်ကြီးချုပ်ရှိတ်ဟာစီနာက လူကုန်ကူးမှု့မျိုးနှင့် မည်မျှဖြစ်ပွားခဲ့သည်ကို နယ်ခြားစောင့် တာဝန်ရှိသူများအား မေးမြန်းသည်အထိဖြစ်လာသည်။ တာဝန်ရှိသူများကလည်း ဝန်ကြီးချုပ်စကားကို အလေးအမူပြုလာကြလိမ့်မည်ဟု မျှော်လင့်ရသည်။ ယခင်က ရဲတပ်ဖွဲ့၏ အလုပ်တာဝန်မျှသာဖြစ်သည်ဟု ယေဘူယျ နားလည်ထားကြသည့် ကိစ္စကြီး ဆက်လက်ရှင်သန်နေခြင်းမှာ ဘင်္ဂလားဒက်ရှ်တစ်နိုင်လုံး မည်သို့မျှ လက်ခံနိုင်ခြင်းမရှိပါ။

လူသားဖြစ်တည်မှု့အပေါ် အမြတ်ထုတ်ခေါင်းပုံဖြတ်ခြင်းဆိုသည်မှာ စိတ်ကူးကြည့်ယုံနှင့်ပင် အဆိုးရွားဆုံး အကြီးစားရာဇဝတ်မှု့ဖြစ်သည်။ တရားဥပေဒစိုးမိုးရေး အာဏာပိုင်တို့က လူကုန်ကူးမှု့ အဆုံးသတ်ပေးရန် နည်းလမ်းမရှိဖြစ်နေခြင်းမှာ စိတ်မသက်သာစရာဖြစ်လေသည်။

(( လွန်ခဲ့သည့် ရက်ပိုင်း မြန်မာနိုင်ငံ ကော့သောင်းဖက်၌ ကော့ခ်ဘဇားမှ မလေးရှားသို့ ဦးတည်ထွက်ခွာလာသည့် လှေစီးပြေး ၂၀၀ ခန့်ကို မြန်မာ့တပ်မတော်ရေက ဖမ်းဆီးရမိပြီးနောက် ဘင်္ဂလားဒက်ရှ်မီဒီယာလာကအတွင်း အသံဗလံ ထွက်လာကြောင်း ဒုတိယမြောက်သတင်းဖြစ်ပါသည်။ ပထမသတင်းဘာသာပြန်ကို ပထမဆုံး ကွန်မင့်တွင် ရှု့ပါရန်။

ထို ကလေးငယ်များပါဝင်သည့် ထိုလှေစီးပြေး ၂၀၀ ခန့်ကို မြန်မာအာဏာပိုင်တို့က ကိုင်တွယ်ရာတွင် အထူးအလေးအနက် စဉ်းစားသင့်ပါသည်။ ၎င်းတို့သည် ကော့ခ်ဘဇားတွင် ရှိစဉ် ဘိုင်အိုမက်ထရစ်နည်းပညာဖြင့် UNHCR က ထုတ်ပေးသော ဒုက္ခသည်များလည်း ပါဝင်နိုင်ပါသည်။ ဒုက္ခသည်များဆိုင်ရာ နိုင်ငံတကာဥပဒေ ပြဋ္ဌာန်းချက်မည်သို့ရှိသည်ကို ချိန်ဆရန်ဖြစ်သည်။

မကြာသေးမီက ပြည်တွင်း ကျားဖောင်များပေါ် လူကုန်ကူးကိစ္စကို ပြည်တွင်းမီဒီယာများက ရေးသားကြရာ ထိုအကြောင်း ကမ္ဘ္ဘာကသိလျှင် မြန်မာ့ရေထွက်ကုန်လုပ်ငန်း ထိခိုက်နိုင်သည်ဟု အာဏာပိုင်တစ်ဦး ကပြောကြားသည်။ ၎င်းကို ကျွန်တော်တစ်ဦးတည်းအနေဖြင့် ထိုပြောကြားချက်ကို ပြင်းထန်စွာ ကန့်ကွက်သည်။

မြန်မာနိုင်ငံ၏ နယ်စပ်ဖက်နီးသော နယ်မြေအချို့တွင် တရားဥပဒေစိုးမိုးနိုင်ခြင်း မရှိသေးပါ။ နအဖအစိုးရခေတ် မြန်မာမိန်းကလေးတို့အား နိုင်ငံခြားသားနှင့် လက်ထပ်မပေးရန် ရှေ့နေချုပ်ရုံးက မြို့နယ်ဥပဒေရုံးများသို့ ညွှန် ကြားချက် ထုတ်ပြန်ဖူးသည်မှာ ၁၅-နှစ်ခန့်ရှိပါမည်။ မြန်မာသည် ပြည်တွင်းအလုပ်အကိုင်ရှားပါးခြင်း၊ လုပ်ခလစာနည်းပါးခြင်းကြောင့် အိမ်နီးချင်းနိုင်ငံများသို့ ရွှေ့ပြောင်းအလုပ်သမား သန်းချီရောက်ရှိနေသည်။

တရုတ်မယားဖြစ်ရခြင်း- လူကုန်ကူးခံရခြင်းကို မြန်မာအစိုးရအဆက်ဆက်က အသေအလဲ ကာကွယ်နေရဆဲဖြစ်သည်။ ပြည်တွင်းစစ်နှင့် စစ်ဘေးရှောင်ဦးရေ တိုးပွားနေဆဲတွင် မြန်မာ၏ လူကုန်ကူးမှု့ဖြစ်ပွားပုံနှင့် ကြိုးစားတားဆီးလျှက်ရှိပုံကို ကမ္ဘ္ဘာက အမှန်အတိုင်းသိရန်လိုအပ်သည်။ ထိုသို့မဟုတ်ပဲ သတင်းမှောင်ချနေလျှင် ထိုင်းရေလုပ်ငန်းကဲ့သို့ နိုင်ငံတကာက နာမည်ပျက်စာရင်း အသွင်းခံရနိုင်သည်။

နိုင်ငံတကာအနေဖြင့်လည်း ကျွန်တော်တို့၏ အလုပ်အကိုင် အခက်အခဲနှင့် ပြည်တွင်းအခြေအနေကို ထိခိုက်စေသော ဒါဏ်ခတ်ပိတ်ဆို့ခြင်းများ မပြဋ္ဌာန်း- မချမှတ်သင့်ပါ။ ကျွန်တော်များ၏ တရားဥပဒေစိုးမိုးရေး၊ တရားစီရင်ရေးစံနစ်ကို အညွန့်ချိုးရာမရောက်စေပဲ၊ မှန်ကန်ဖြောင့်မတ် အင်အားကောင်းစေရန် ထောက်ပံ့ပေးသင့်ပါသည်။ လူ့အခွင့်အရေး ချိုးဖောက်သည်ဟု သံသယရှိသူ ပုဂ္ဂိုလ်များကိုသာ တိုက်ရိုက် ဆောင်ရွက်သင့်ပါသည်။

ကာယကံရှင်တာဝန်ရှိသူကများက ထုတ်ဖော်ပြောကြားခြင်းမရှိ- အရေးယူကိုင်တွယ်မှု့မရှိဟု အကြိမ်ကြိမ်သံသယဝင်ခံရလျှင် ယနေ့ ICJ ရောက်ရသည့် အဖြစ်မျိုး ရင်ဆိုင်ရပါလိမ့်မည်။ ။ သတင်းဘာသာပြန်သူ ))

((( Dhaka Tribune., Dec. 20, 2019, “Bringing an end to human trafficking. “ ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။ )))

#ဒုကၡသည္ဘဂၤါလီ #လူကုန္ကူးမွဳ႔

https://www.dhakatribune.com/opinion/editorial/2019/12/20/bringing-an-end-to-human-trafficking

0

Leave a Reply

Your email address will not be published.